Fans of Mahn Robert Ba Zan

ထိုင်းရုပ်သံ(၃)ထုတ်လွှင့်ချက်နှင့်ပတ်သက်၍ ကလိုထူးဘောကရင်အစည်းအရုံး(ယခင် ဒီကေဘီအေ) မှ ထုတ်ပြန်ကြေငြာချက်

Read more

တော်လှန်ရေးလား တန်ပြန်လား




စာရေးသူ၏မေတ္တရပ်ခံချက်
ဤစာစုသည် ဖဆပလ ၊ပထစ၊ မဆလ နဲ့ နသတခေတ်တွေမှာ တော်လှန်ခဲ့သောသူရဲကောင်း စစ်သည်တော်တွေအတွင်း သေနတ်သံတစ်ချက်၊ စစ်မြေပြင်တရက်မှ မရောက်ဘူးဘဲ ပူးကပ်အခွင့်ထူးခံ ကိုယ်ကျိုးရှာပြီးဆယ်စုနှစ်တော်တော်များများ ပါဝင်ခဲ့တယ်။ ရန်သူ့မျိုးဖြုတ်သုတ်သင်ရေး ထိုးစစ်ကြီးတွေဆင်လာတဲ့ အခါမယ်အ လျှိုလျှိုငွေ ထုတ်ပိုက်ပြီး ရန်သူ့ခြေဖဝါးအောက် ဒူးထောက်လို့ရောက်ခဲ့သူတွေရှိတယ်။ မျက်မှောက် နဝတ ခေတ်မှာဒီလိုသစ္စာဖောက်လောက်ကောင်တွေဆက်လက်မပေါ်ပေါက်လာခြင်း ငှာသတိရှိရှိစစ်သား
မျက်စိဖြင့်ရေးသားလိုက်ရပါတယ်။ အကယ်၍များ ဤစာစုသည် တစ်စုံတစ်ဦးတစ်ယောက်ကိုမရည်
ရွယ်ပါဘဲ လေးစားရပါသော စာရှူသူများနှင့် ဆင်တူရိုးမားတဲ့ အဖြစ်မျိုးရှိခဲ့ပါမူ များစွာဝမ်းနည်းရပါ
ကြောင်းအနန္တမေတ္တာမွန်ဖြင့် ခွင့်ပန်အပ်ပါတယ်ခင်ဗျား။
မန်းရောဘဇန်(kso)

Read more

Klo Htoo Baw Karen Organisation (KKO) 1st Congress Statement 01/2012

Read more

ကလိုထူးဘော ကရင်အစည်းအရုံး ထုတ်ပြန်ချက်

Read more

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) နိုင်ငံရေးအဖွဲ့အစည်းတရပ်အနေနှင့် ပြောင်းလဲဖွဲ့စည်း




ဗိုလ်ချုပ်စောလားပွယ် ဦးဆောင်သည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) အဖွဲ့သည် နိုင်ငံရေးအဖွဲ့အစည်းတရပ်အနေနှင့် ရပ်တည်သွားရန်အတွက် ယနေ့မှ စတင်ကာ အဖွဲ့ကို ကလို့ထူးဘောကရင်အစည်းအရုံး (KKO) ဟု ပြောင်းလဲဖွဲ့စည်းလိုက်သည်။

ဖွဲ့စည်းပုံအရ ယနေ့ပြုလုပ်သည့် ရွေးကောက်ပွဲတွင် ဥက္ကဌအဖြစ် မန်းရောဘတ်ဇန် (ဖူးကီးဒို) ဒု-ဥက္ကဌစောမိုရှေး၊ အထွေထွေအတွင်းရေးမှူး စောဂုဏ်အောင်၊ တွဲဘက်အတွင်းရေးမှူး (၁) နော်ကော်သူးလေလားဖော၊ တွဲဘက်အတွင်းရေးမှူး (၂) စောလုံ့လုံ တို့ကို ရွေးကောက်တင်မြှောက်ခဲ့ကြသည်။








ဗိုလ်ချုပ်စောလားပွယ်မှာ KKO အဖွဲ့၏ စစ်ဦးစီးချုပ်အဖြစ် ဆက်လက် တာဝန်ယူမည်ဖြစ်ပြီး KKO ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကာကွယ်ရေးဌာန တာဝန်ခံ၊ နိုင်ငံခြားရေးဌာန၊ ကျန်းမာရေး၊ စီးးပွားရေး၊ ပညာရေး၊ အပါအအ၀င် ဌာန ၁၂ ခု ပါရှိသည်။











အသစ်ရေးဆွဲထားသည့် အဖွဲ့၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို KKO ဌာနချုပ်တည်ရှိရာ မြ၀တီခရိုင် ဆုံဆည်းမြိုင်ကျေးရွာတွင် ယမန်နေ့က စတင်ကာ လူထုဆန္ဒခံယူပွဲ ကျင်းပခဲ့ပြီးနောက် တက်ရောက်လာသည့် ဘာသာရေးခေါင်းဆောင်များ၊ ကရင်နိုင်ငံရေးအဖွဲ့များမှ ကိုယ်စားလှယ်များ၊ ရဟန်းရှင်လူများက ယနေ့တွင် အတည်ပြုပေးခဲ့ကြခြင်းသည်။




ဓာတ်ပုံသတင်း - မြနှယ်စိမ်းစိမ်း (အင်းစိန်)
Read more