Fans of Mahn Robert Ba Zan

(KNLA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီသို့ ပေးစာ-(၁)

(KNLA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစာဂျော်နီသို့ ပေးစာ-(၁)
 ဖေဖေါ်ဝါရီလ-(၉) ရက်၊ ၂ဝ၁၃ ခုနှစ်။
Mahn at 7th Brigade HQ with Gen. Saw Johnny. 2008.

ညီလေး-
ကိုကြီးစာရေးလိုက်တယ်။ ငါတို့ တပ်မဟာ (ရ)၊ တပ်ရင်း (၁၉)က တပ်မှူးတယောက် ကရင်အမျိုး သားလက်နက်ကိုင်တပ်ပေါင်းစုံက အဆင့်အမြင့်ဆုံးစစ်ရေးတာဝန်ခံအဖြစ် အရွေးခံလိုက်ရတာ ကိုကြီးကျေ နပ်တယ်၊ ဝမ်းသာတယ်၊ ဂုဏ်ယူရတယ်။ တကယ်စစ်တိုက်ခဲ့တဲ့သူကို အမြင့်ဆုံးစစ်ရေးတာဝန်ခံအဖြစ် ရွေး ချယ်လိုက်တာ မှန်ကန်တဲ့ရွေးချယ်မှုဖြစ်လို့ အနာဂါတ် ကရင့်လက်နက်ကိုင်တပ်ပေါင်းစုံဟာ “တိုက်တိုင်း အောင် တပ်မတော် ဖြစ်လာတော့မှာဖြစ်တယ်”လို့ မြင်နေတယ်။
ညီလေး စစ်ဦးစီးချုပ်ဖြစ်လာတဲ့အချိန်မှာဘဲ ကိုကြီးရဲ့ အတွေးထဲမှာ ငါတို့တပ်မဟာ(ရ)က သက်ရှိ နဲ့ ကျဆုံးလေပြီးသောအဆင့်ဆင့်ဆိုင်ရာ အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်တွေကို မြင်ယောင်လာတယ်။ အထူးသဖြင့် ကိုကြီးရဲ့ အာစရိတဆူဖြစ်ခဲ့တဲ့ ဗိုလ်မှူးကြီးစောမောင်ထွန်းကို အလွန်သတိရတယ်။ ဒုတိယ ဗိုလ်မှူးကြီးစောထွန်းကြိုင်၊ ဗိုလ်ကြီးတာပီး၊ ဗိုလ်ကြီးလူးစီး၊ ဗိုလ်လှအောင်ဖိုး၊ ဗိုလ်ကော်လာ၊ ဗိုလ်ကူသေး၊ စတဲ့ ကျဆုံးလေပြီးသော အာဇာနည်ရဲဘော်တွေကို သတိရတယ်။ သူတို့တတွေ အမျိုးသားရေးတာဝန် ကြေပွန်သွားကြပြီ။ သခင်ခရစ်တော်နဲ့ မြတ်ဗုဒ္ဒရဲ့ ရင်ခွင်ထဲမှာ ကွန်းခိုလို့ အိပ်စက်အနားယူသွားကြပြီ။
ညီလေး-
ညီလေးနဲ့တွဲဘက် ဗိုလ်ချုပ်ကြီးစောဘောကျော်ဟဲတို့ဟာ အလွန်အတွဲညီတယ်၊ ရန်သူအကြောက် ဆုံး တပ်မှူးကြီးတွေဖြစ်တယ်။ ဒီတော့ ဘာဘဲလုပ်လုပ် စားသတိ၊ နေသတိနဲ့ သွားသတိ ရှိကြပါ။ ညီလေး တို့ လုပ်ရမဲ့ အဓိကလုပ်ငန်းကြီးနှစ်ခုကို အကြံပြုလိုက်တယ်။
၁။ ကရင်အမျိုးသားသွေးစည်းခိုင်မာရေးမှ အမျိုးသားလွတ်မြောက်ရေး၊
၂။ ရန်သူရဲ့ (၂ဝဝ၈) ဖွဲ့စည်းပုံတစုံလုံး ဖျက်သိမ်းပြီး အခြေခံဥပဒေအသစ် ရေးဆွဲရေးဘဲဖြစ်တယ်။

၁။ ကရင်အမျိုးသားသွေးစည်းခိုင်မာရေးမှ အမျိုးသားလွတ်မြောက်ရေး။
ဒီအပိုင်းမှာ- ငါတို့တပ်မဟာ(ရ)ဟာအမာဆုံးတပ်မဟာလို့ ရန်သူကသတ်မှတ်ထားတယ်။ ဒီတော့ ဘယ်လိုပုံစံနဲ့ဘဲဖြစ်ဖြစ် ဖြိုခွဲရမယ်လို့ ဆုံးဖြတ်တယ်။ ဒါကြောင့် (မစားရ-ဝခမှန်း ဂတိအမျိုးမျိုးပေး၊ လိမ်လှယ် လှည့်ဖြား၊ မြူဆွယ်တယ်) သူလှျိုဒလန်တွေလွတ်ပြီး ခွဲတယ်။ မြတ်ထွန်းဦးလိုကောင်မျိုး လွတ်ပြီး ဖူးထင်မောင်တို့ကို ဖဲ့ထုတ်တယ်။ နှုတ်ခမ်းမွှေး၊ ချစ်သူ၊ ဖါးနွီး တို့ကို တပ်မဟာ(ရ) ရင်ခွင်ထဲက ဆွဲထုတ် သွားတယ်။ ငါတို့စုစည်းနေရင် တသက်မပြောနဲ့ ဆယ်သက်လဲ ဒီကောင်တွေတိုက်လို့မရဘူး။ ဒီတော့ ညီလေးတို့လက်ထက်မှာ- ပဲ့ထွက်သွားတဲ့ (ဖူးထင်မောင်၊ နှုတ်ခမ်းမွှေး၊ ချစ်သူ နဲ့ ဖါးနွီး) တို့ကို ပြန်စုပါ။ (သုမူဟဲ) တို့ကိုလည်းမမေ့နဲ့။ ရနိုင်တဲ့အဆင့်ကပြန်စုပါ။ အနှိမ့်ဆုံးအဆင့်က စစုပါ။ ဆိုလိုတာက- (ပူးတွဲ စစ်ကော်မီတီ၊ ပူးတွဲစစ်ကြောင်း၊ ပူးတွဲဗိုလ်သင်တန်းနဲ့ သင်တန်းမျိုးစုံ) စတင်လုပ်ဆောင်ပါ။ မိမိအမျိုးသား အတွင်း ယုံကြည်မှုအရင် တည်ဆောက်ပြီးမှ ရန်သူနဲ့ယုံကြည်မှု နောက်မှတည်ဆောက်ပါ။ ငါတို့ တပ်မ တော် ပေါင်းစည်းရေးလုပ်ရင် တို့ရန်သူကြိုက်မှာ မဟုတ်ဘူး၊ သူကြိုက်တာ မကြိုက်တာ သူ့အလုပ်၊ တို့ အလုပ်က အပစ်အခတ်ရပ်စဲထားစဉ် ကာလမှာ တို့အလုပ်တို့လုပ်ဘို့ဘဲဖြစ်တယ်။ ဒါ- တို့တော်လှန်ရေး အလုပ်။ ရန်သူလဲ သူ့အလုပ်သူလုပ်နေတာဘဲ။ ကျည်၊ ရိက္ခာ၊ ဆေးဝါး၊ အင်္ဂဌေကတုတ်တွေအထိ လုပ်ပြီးပြီ၊ စုဆောင်းဖြည့်တင်းပြီးပြီ၊ တို့က နိုင်ငံရေးစကားစပြောတာနဲ့၊ ကရင်ပြည်အကြောင်းပြောတာာနဲ့ တိုက်ပွဲ စတော့မယ်။
ကရင်လူ့အဖွဲ့အစည်းတွင်း ကရင်နိုင်ငံရေးပါတီ၊ အဖွဲ့အစည်းများ (ပြည်တွင်း-ပြည်ပ)၊ ကရင်လူမှု ရေး အဖွဲ့အစည်းများ (ပြည်တွင်း-ပြည်ပ)၊ ကရင်လူငယ်၊ ကရင်အမျိုးသမီး၊ ကရင်ကျောင်းသား၊ ကရင် ကျောင်းဆရာ၊ ကရင်အလုပ်သမား၊ ကရင်လယ်သမားများရဲ့ (ကရင်အမျိုးသားစုံညီ-ညီလာခံ) တရပ် အမြန်ဆုံး ခေါ်ဆိုပြီး (ဘုံ) လုပ်ငန်းစဉ်တရပ် ရေးဆွဲချမှတ်ဘို့အရေးတကြီး လိုအပ်နေတယ်။ ညီလေးတို့ လုပ်နိုင်တယ်လို့ ယုံကြည်တယ်။ (ပြည်တွင်း-ပြည်ပ)ရှိ ငါတို့ကရင်တမျိုးသားလုံးက ဝိုင်းဝန်းပံ့ပိုး လုပ် ဆောင်ကြမှာ ဖြစ်တယ်။
၂။ (၂ဝဝ၈) အခြေခံစည်းမျဉ်းဥပဒေ တစုံလုံးကို ဖျက်သိမ်းပြီး အခြေခံဥပဒေသစ်ရေးဆွဲရေး။
ညီလေး-
တို့ကရင်တမျိုသားလုံးကို မျိုးဖြုတ်ပြီး ပြတိုက်ထဲထည့်မဲ့ရန်သူဟာ နှစ်ပေါင်း (၆ဝ)ကျော် အတွေ့ အကြုံတွေအပေါ် အခြေခံပြီး ဘက်စုံပြင်ဆင်ပြီးမှ ဒီ (၂ဝဝ၈)အခြေခဥပဒေကို ရေးဆွဲထားတာဖြစ်တယ်။ နိုင်ငံတကာ အကြံပေးတွေ၊ သင်ခန်းစာတွေယူပြီးမှ ရေးဆွဲ အဓမ္မအတည်ပြုတာဖြစ်တယ်။ ဒီ (၂ဝဝ၈)ကို တို့လက်ခံလိုက်တာနဲ့ (ကရင့်တော်လှန်ရေးနဲ့ ကရင်လူမျိုး) မရှိနိုင်တော့ဘူး။ တို့ကရင်တွေကို ရာစုနှစ် တဝက်ကျော် မျိုးဖြုတ်သုတ်သင်ခဲ့တဲ့ လူမဆန်တဲ့၊ မိုက်ရိုင်းတဲ့ စစ်ဗိုလ်ချုပ်တွေဟာ (ကောက်ကျစ်တယ်၊ မြေခွေးလိုပါးနပ်တယ်၊ ကလိန်ကကျစ်များတယ်။ ယုတ်မာရိုင်းစိုင်းတယ်၊ စစ်မာန်တက်တယ်၊ လူလယ်ကျ တယ်) ဆိုတာ မမေ့နဲ့၊ အစဉ်သတိရှိပါ။ ကရင်နဲ့ လူမျိုးစုံပြည်သူတွေကို လူမဆန်၊ ကျောက်ကျစ်၊ ယုတ်မာ ခဲ့တဲ့ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်ခဲ့တဲ့ (Crime against Humanity) စစ်ဗိုလ်ချုပ် တွေဟာ ပြည်သူ့ခုံရုံးက စီရင်ချက်ချမဲ့ (မသေမချင်းသတ်စေ) ကြိုးပေးသတ်စေဆိုတဲ့ စီရင်ချက်ကို ကြောက် ဒူးတုန်၊ လန့်ဖြန့်လာလို့ ဒီ ၂ဝဝ၈ အခြေခံဥပဒေကို အလျင်အမြန် ရေးဆွဲအတည်ပြုလိုက်တာ ဖြစ်တယ်။ ဗိုလ်ချုပ်တွေအားလုံးလိုလို၊ သူတို့ရဲ့ သား-သမီး ဆွေမျိုးတွေ၊ တပြည့်တပန်းတွေဟာ ဒေါ်လာကုဌေကြွယ် သူဌေးတွေ ဖြစ်ကုန်ပြီ။ လယ်သမားတွေရဲ့ လယ်မြေတွေ ခွဲဝေယူထားကုန်ပြီ။ တို့ကရင်ပြည်က တို့ပိုင်တဲ့ (ရွှေကြောကြီး)နဲ့ အခြား မြေထု၊ လေထုနဲ့ ရေပေါ်ရေအောက်က ပစ္စည်းတွေကို လက်ဝါးကြီးအုပ်ဘို့ ဒီ (၂ဝဝ၈)ကို အလုအယက် ရေးဆွဲအတည်ပြုတာဖြစ်တယ်- ညီလေး။

ညီလေး-
(၂ဝဝ၈)အခြေခံဥပဒေကို လေ့လာရအောင်။
-အခန်း(၁၅)၊ ပုဒ်မ (၄၅ဝ)၊ (၄၅၂) နဲ့ (၄၅၃)တို့မှာ- (ဗမာ)စာတခုတည်းကိုသာ ရုံးသုံးစာအဖြစ် ခွင့်ပြုထားတော့ တို့ကရင်ပြည်မှာ တို့ကရင်စာဟာ အသုံးမဝင်တော့ဘူးပေါ့။
-အခန်း(ရ)၊ ပုဒ်မ (၃၃ဂ)မှာ- တခုတည်းသောတပ်မတော်မှအပ မည်သည့် လက်နက်ကိုင်တပ်မှ ခွင့်မပြု-ဆိုတော့ (KNLA) နဲ့ (KNDO)တပ်မတော်တွေကို အမိုက်ပုံးထဲ ထည့်လိုက်ရမလား။ ကရင်မရှိရင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် မရှိနိုင်သလို- ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် မရှိရင်လည်း ကရင်မရှိနိုင်ဘူး) ဆိုတဲ့ ကရင့်အာဇာနည်တွေရဲ့ သြဝါဒကို မမေ့နဲ့။
-အခန်း(၁၂)၊ ပုဒ်မ (၄၃၆)မှာ- ဖွဲ့စည်းပုံအခြေခံဥပဒေ အရေးကြီးအစိတ်အပိုင်းကို ပြင်ဆင်လိုပါက (လွတ်တော်၏ (ရ၅) ရာခိုင်နှုန်းကျော်ထောက်ခံရမည်၊ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပ၍ (၅ဝ)ရာခိုင်နှုန်း ကျော် ထောက်ခံရမည်၊ သာမန် ရိုးရိုးကိစ္စများဆိုပါက လွတ်တော်နှစ်ရပ်ပေါင်း (ရ၅)ရာခိုင်နှုန်းကျော်ရ မည်-လို့ရေးဆွဲထားတယ်။ မဲလိမ်၊ မဲခိုး၊ မဲဝယ်ပြီး အမတ်ဖြစ်လာတဲ့ကောင်တွေကြီးစိုးတဲ့၊ ဒီမိုကရေစီမရှိတဲ့၊ ဘောင်းဘီးဝတ်-ဘောင်းဘီချွတ်တွေကြီးစိုးတဲ့ (စစ်ဗိုလ်လွတ်တော်)မှာ ကရင်ပြည်တောင်းဘို့ မစဉ်းစားနဲ့-ညီလေး။

ညီလေး-
-အခန်း(၄)၊ ပုဒ်မ (ရ၄)၊ (၁ဝ၉)၊ (၁၄၁)၊ (၁၆၁) တို့မှာ-ပြည်ထောင်စုလွတ်တော်နဲ့ ဥပဒေပြုကဏ္ဌ အဆင့်ဆင့်တွင် (တပ်မတော်သား (၂၅)ရာခိုင်နှုန်းပါနေခြင်း)၊ အထက်လွတ်တော်မှာ အရပ်သားအမတ် (၁၆၈)ယောက်၊ မင်းအောင်လှိုင်က ခေါင်းခေါက်ရွေးလွှတ်တဲ့ စစ်သားအမတ် (၅၆)ယောက်၊ အောက်လွှတ် တော်မှာ မင်းအောင်လှိုင်က စိတ်ကြိုက်ခေါင်းခေါက်ရွေးလိုက်တဲ့ စစ်သားအမတ် (၁၁ဝ)ယောက်၊ အရပ် သားအမတ်က (၃၃ဝ)ယောက်။ (ဖဆပလ)အစိုးရလက်ထက်က လွတ်တော်အမှတ် (၁၂ဝ)ရှိတယ်၊ ကရင် အမတ်က (၂၅)ယောက်ဘဲရှိတော့ ကရင့်အခွင့်အရေးကို ဘယ်လိုမှတောင်းလို့မရနိုင်ဘူး။ ခုလည်း ဒီမိုက ရေစီနိုင်ငံတော်သစ်ကို ချီတက်နေပါတယ်။ သန့်ရှင်းတဲ့အစိုးရ၊ တရားဥပဒေအထက်မှာ ဘယ်သူမှမရှိရ ဆိုတဲ့ ကြံ့ဖွပ်-သိန်းစိန် စစ်အုပ်စုရဲ့ဗြောင်လိန်၊ ဗြောင်စား လူလယ်ကျမှုကို လူမျိုးစုံပြည်သူတွေသိတယ်၊ ဒီအခြေခံဥပဒေအတိုင်းဆိုရင် လူမျိုးစုံပြည်သူတွေရဲ့ဘဝဟာ လူလုံးလှလာမှာမဟုတ်ဘူး- ညီလေး။


ညီလေး
အပြစ်အခတ်ရပ်စဲရေးကာလကို ဘယ်နှလ၊ ဘယ်နှနစ် သတ်မှတ်ထားလဲ ညီလေး။ ရန်သူနဲ့ယုံ ကြည်မှုတည်ဆောက်တဲ့ ကာလကိုရော အချိန်ဘယ်အထိ သတ်မှတ်ထားလဲ။ ရန်သူကတော့ အချိန်ကြာ လေ သူ့အတွက် အကျိုးရှိလေဘဲ။ ဘက်စုံပြင်ဆင်ချိန်ရတာပေါ့၊ အခုကြည့်လေ- နိုင်ငံတကာက ပိတ်ဆို့မှု တွေ ပြန်ဖွင့်တော့မယ်၊ တခိျု့ပြန်ဖွင့်လိုက်ပြီ။ ဒေါ်လာကုဌေချီတဲ့ လူမျိုးစုံပြည်သူတွေကို သတ်ဘို့ စစ်လက် နက်ပစ္စည်းတွေဝယ်တဲ့ အကြွေးတွေ ရှော်ပစ်ကုန်ပြီ။ နှစ်ပေါင်း (၆ဝ)ကျော် လူမျိုးစုံပြည်သူတွေကို ကျူးလွန် ခဲ့တဲ့ လူသတ်မှု၊ မုဒိန်းမှု၊ လုယက်မှုတွေကို မေ့ပြီး သိန်းစိန်ကို (ဆု)တံဆိပ်တွေ ပေးတော့မယ်။ လူ့အသိုင်း အဝှန်းက ဝိုင်းပယ်ထားရာက လူရာသွင်းကုန်ပြီ။ အချိန်ဆွဲလေလေ ရန်သူ့အတွက် အကျိုးရှိ လေလေဘဲ။ ဒါကြောင့်- ကရင်နဲ့ဖြစ်ပွားနေတဲ့ နိုင်ငံရေးပြဿနာကို(ဘယ်တော့)ဆွေးနွေးမှာလဲ? ကရင်ပြည်အကြောင်း မဆွေးနွေးခင် (၂ဝဝ၈)အခြေခံဥပဒေကို အသစ်ရေးဆွဲဘို့ (UNFC)နဲ့ တက်ညီလက်ညီ မြိုင်မြိုင်ဆိုင်ဆိုင် နိုင်ငံရေးစင်ပေါ် တက်ကြတာပေါ့။
ညီလေး-
စာလည်းတော်တော်ရှည်သွားပြီ၊ နောက်တစောင်မရေးခင် ဒီစာကိုနိဂုံးချုပ်ရင်းနဲ့ ထပ်မံအကြံပြုပါ တယ်။
-ကရင့်လက်နက်ကိုင်တပ်ပေါင်းစုံရဲ့ အနိမ့်ဆုံး စစ်ရေး(ဘုံ)လုပ်ငန်းများ လုပ်ဆောင်ပါ။
-ကရင့်လူ့အဖွဲ့အစည်းအတွင်းရှိ ကရင်လူထု၊ လူတန်းစားပေါင်းစုံရဲ့ (ဘုံ)လုပ်ငန်းများ ရေးဆွဲချမှတ် နိုင်ဘို့- (ကရင်အမျိုးသားစုံညီ- ညီလာခံ)တရပ် အမြန်ဆုံးခေါ်ယူပါလို့-- အကြံပြုပါတယ်။

ကရင့်တော်လှန်ရေးသစ္စာဖြင့်-
သင့်- အကိုကြီး၊
မန်းရောဘတ် ဘဇန် (ဖူးကီးဒို)
ခေတ္တ-စိန်ပေါမြို့၊ မီနီဆိုးတားပြည်နယ်၊ အမေရိကန်ပြည်ထောင်စု။
Read more

မန်းဘဇန် ၏ အမှတ်တရများ-၃ (မှတ်တမ်းဓာတ်ပုံ)

Mahn at 6th Karen Unity Seminar

Mahn at 6th KUS

Mahn with (ICB) International Congress of Burma Democratic Forces in USA.

Mahn with 5th Batch KNLA Cadets.

Mahn with DKBA Heavy Guns Unit Officers.

Mahn with DKBA Officers (2)

Mahn with KNLA Veterans at Lao Veterans Seminar.

Mahn with Gen. Saw  Baw Kyaw Hae (KNLA-VCS)

Mahn with Saw Ler Pwae, U Myint Thein and U Maung Maung at KKO Congress

Read more

မန်းဘဇန် ၏ အမှတ်တရများ-၂ (မှတ်တမ်းဓာတ်ပုံ)

62nd Karen Revolution Day-2
 
Mahn Gave Speech at the Community Clinic Opening Ceremony

Mahn at the Ethnic Unity Seminar.

Mahn at 7th Brigade Head Quater

Mahn with  MKO Leaders  2009

Mahn with (SHAN) Jounal Editor

Mahn with 5th Batch KNLA Cadets.

Mahn with ALP Chairman Khaing Soe Naing Aung

Mahn with 7th Brigade officers

Mahn with Col. Rocky Mya and Friend.

Mahn with Burmese Col. at Opening Ceremony of Community Clinic.

Mahn with Col. Khun Oakka, Chairman of PNLO.

Mahn with DAB & Geneva Call Workshop group.

Mahn with DKBA and KNU Leaders

Mahn with DKBA and KNU Leaders-1

Mahn with Gen. Aung Myat (Karenni Army VCS)

Mahn with David Thakapaw (KNU Vice Chairman)

Mahn with Doe Thay Dae middle school teachers

Mahn with Gen. Shaman and Gen. Oliver.

Mahn with KKO Computer Class Students.

Mahn with KNDO #1 Battalion Commander Col. Saw Kyaw Moo.

Mahn with KCM Leaders  and Vietnamese leaders at VSS

Mahn with KNDO GOC and VCS.

Mahn with KNDO Gen. Mahn Kyaw Pe.

Mahn with KNDO VCS and Gen. Saw Shaman.

Mahn with KNDO Leaders

Mahn with KNU GS & S2.

Mahn with KNU Papun District Chairperson

Mahn with KNU President Saw Tamla Baw.

Mahn with KYO Korea ' Kenneth Moe

Mahn with Karenni Army Gen. Be Htoo

Mahn with Karenni Army Officers.

Mahn with Klo Htoo Baw Karen Organization KKO Leaders.

Mahn with KloHtooBaw (KKO) Leaders.

Mahn with Mahn Denis Htoo Saw (MKO)

Mahn with Monks.

Mahn with PNLO Leaders.

Mahn with Saw Jeff (MKO)

Mahn with PNLA GOC Gen. Khun Thu Raing

Mahn with Toe Thay Dae Students

Mahn with Utica Karen Youth

Read more