Fans of Mahn Robert Ba Zan

Pukidoh Return to Kaw Thoo Lei

Read more

7 July အရေးအခင်းကို ကိုယ်တိုင် ကြုံတွေ့ခဲ့တဲ့ KNU က ဗိုလ်မှူးရောဘတ်ဇန်နဲ့ RFA တွေ့ဆုံမေးမြန်းခန်း (ရုပ်သံ)

7 July အရေးအခင်းကို ကိုယ်တိုင် ကြုံတွေ့ခဲ့တဲ့ KNU က ဗိုလ်မှူးရောဘတ်ဇန်နဲ့ RFA တွေ့ဆုံမေးမြန်းခန်း (ရုပ်သံ)

Read more

(၆၃) ကြိမ်မြောက် ကရင့်အာဇာနည်များနေ့တွင် ပြောကြားသော မန်းရောဘတ် ဘဇန် ၏ မိန့်ခွန်း


(၆၃) ကြိမ်မြောက် ကရင့်အာဇာနည်များနေ့တွင် ပြောကြားသော
မန်းရောဘတ် ဘဇန် ၏ မိန့်ခွန်း

သဘာပတိနဲ့တကွ သူရဲကောင်း ကရင်အမျိုးသမီး-အမျိုးသားများ ခင်ဗျား-
ဂုဏ်သရေရှိ ဧည့်သည်တော်များ ခင်ဗျား-
ဒီ (၆၃)ကြိမ်မြောက် ကရင့်အာဇာနည်များနေ့မှာ စကားပြောခွင့်ပေးတဲ့ (အေးလီးနွိုက်) ပြည်နယ်က ကရင်
ကွန်မြူနီတီခေါင်းဆောင်ကြီးများကို များစွာကျေးဇူးတင်ပါတယ်။ ကရင့်လူ့အဖွဲ့အစည်းမှာ ကရင့်အာဇာနည်များနေ့ရှိတယ်။ ကရင့်အာဇာနည်များနေ့ ရှိရတာက ကရင်လူမျိုးများအတွင်း (အမျိုးနဲ့တိုင်းပြည်) ဆိုလိုတာက (ကရင့်လွတ်လပ်ရေးနဲ့ အဘကရင်ပြည်) ရရှိရေး အတွက် ကိုယ်ကျိုးစွန့်၊ အနစ်နာခံပြီး ကရင်အမျိုးသားရန်သူတွေကို သူရသတ္တိရှိရှိ ရဲရင့်ပြောင်မြောက်စွာ တိုက်ပွဲဝင်ရင်း အသက်စွန့်လှူ ပေးဆပ်သွားကြတဲ့ ကရင်လူထူး လူမြတ်၊ လူရည်ချွန် လူရည်မွန် တွေရှိလို့ဖြစ်တယ်။

ကျနော်တို့ကရင်လူမျိုးဟာ ရှေး ကရင်ဘိုးဘွားများပိုင်ဆိုင်တဲ့ အဘကရင့်မြေမှာ အေးအေး ချမ်းချမ်းနဲ့ ရိုးသားစွာ အသက်မွေးမြူ လုပ်ကိုင်စားသောက် နေသူတွေဖြစ်တယ်။ စစ်ကို ရွန်ရှာ မုန်းတီးသူတွေ ဖြစ်တယ်။  ငြိမ်းချမ်းရေးကို မြတ်နိုးတွယ်တာသူတွေ ဖြစ်တယ်။ ကျနော်တို့ရဲ့ အေးချမ်းစွာ လုပ်ကိုင်စားသောက်မှုကို ဖျက်လိုဖျက်ဆီး၊ အနိုင်ကျင့်ဗိုလ်ကျ စိုးမိုးလိုတဲ့၊ ကျနော်တို့ ဘိုးဖွားပိုင် အဘကရင်ပြည်ကို အပိုင်းစီးပြီး ကရင်တမျိုးသားလုံးကို ကျွန်ဇာတ်သွင်းချင်တဲ့ စစ်သွေးကြွပြီး စစ်သွေးဆာနေသူတွေရဲ့ စစ်ပြုတိုက်ခိုက်မှုကို ရဲရဲတောက် ခုခံတော်လှန်ရင်း ကျဆုံးခဲ့တဲ့ ကရင့်သားကောင်း-သမီးမွန်များအပါအဝင်ကရင်ပြည်သူ တရပ်လုံးကို ၈ုဏ်ပြုတဲ့၊ အမျိုးသား ခေါင်းဆောင်ကြီးစောဘဉီးကြီး ကျဆုံးတဲ့ နေ့ ဒီသြဂုတ်လ-၁၂ ရက်၊ ၁၉၅၀ခုနှစ်မှာ (ကရင့် အာဇာနည်များနေ့) ကို နှစ်စဉ်နှစ်တိုင်းကျင်းပပြုလုပ်တာဖြစ်တယ်။

ကရင့်လူ့အဖွဲ့အစည်းအတွင်း ကရင့် အာဇာနည်တွေ ဖွားမြင်လာအောင် ဖန်တီးသူတွေကတော့-လူမျိုးစု
တွေကို သွေးဆောင် ဖျားယေါင်းပြီး ကလိန်ကျလိုက်တဲ့ ဖဆပလ မဟာဗမာလူမျိုးကြီးဝါဒီတွေဖြစ်တယ်။ မစားရ  ဝခမန်း (ပင်လုံ) စာချုပ် ချုပ်ပြပြီး အင်္ဂလိပ်ထံက လွတ်လပ်ရေး အရယူတယ်။ လွတ်လပ်ရေးရတာနဲ့ (ပင်လုံ)စာချုပ်ကိုဆုတ်ဖြဲပစ်လိုက်တယ်။ ပြည်နယ်ပေါင်းစု ဖယ်ဒရယ်ပြည်ထောင်စု စနစ်ကို ဆန့်ကျင်ပြီး  ဗမာတပြည်ထောင်စနစ်ကိုထူထောင်လိုက်တော့တယ်။

ကရင့်လွတ်လပ်ရေးနဲ့ အဘကရင်ပြည် ရရှိရေးအတွက် ဉီးဆောင်နေတဲ့ ခေါင်းဆောင်ကြီးစောဘဉီးကြီး အမှူးပြုတဲ့ ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံးက အာဏာရ ဖဆပလ ဗမာအစိုးရဝန်ကြီးချုပ် ဦးနုထံ ကရင်ပြည်ပေးဘို့ တောင်းဆိုတယ်။  ငြိမ်းချမ်းစွာတောင်းဆိုတယ်။  ကရင်ပြည်လိုချင်ကြောင်း ၁၉၄ဂ ခုနှစ် ဖေဖဝါရီလ (၁၁) ရက်နေ့မှာ ကရင်လူထု (၅)သိန်းကျော် အသံတိတ် ဆန္ဒပြတယ်။ ပိုစတာ(၄)ချက် ကိုင်စွဲတယ်။ ဒီပိုစတာ(၄)ချက်မှာ-
(၁)။ ကရင်ပြည်ချက်ချင်းပေး။
(၂)။ ကရင်တကျပ် ဗမာတကျပ် ချက်ချင်းပြ။
(၃)။ လူမျိုးရေးအဝိကရုဏ်း အလိုမရှိ။
(၄)။ ပြည်တွင်းစစ် အလိုမရှိကြောင်း အသံတိတ် ဆန္ဒ ဖေါ်ပြတယ်။
                     
ဒီတောင်းဆိုမှု(၄)ချက်ဟာ လွတ်လပ်ရေး၊ တန်းတူရေး၊ လူမျိုးစုံသွေးစည်းရေးနဲ့ ငြိမ်းချမ်းရေး တောင်းဆိုမှုတွေ ဖြစ်တယ်။ ကရင်တမျိုးသားလုံးရဲ့ ကရင်ပြည်လိုချင်ကြောင်း ငြိမ်းချမ်းစွာတောင်းဆိုမှုကို ငြိမ်းချမ်းစွာ မဖြေရှင်းဘဲ အနိုင်ကျင့် ဗိုလ်ကျ စစ်ပြုတိုက်ခိုက်လာလို့ ကရင်လူမျိုး တည်တန့်ခိုင်မြဲရေးနဲ့ မျိုးမပြုတ်ရေးအတွက် မိမိကိုယ်ကို ခုခံကာကွယ်ရတော့တယ်။ ၁၉၄၉ ခုနှစ် ဇန်နဝါရီလ (၃၁) ရက်နေ့မှာ မြတ်တရားတဲ့ ခုခံတော်လှန်စစ်ကို ဆင်နွဲရတော့တယ်။

မြတ်တရားတဲ့ လက်နက်ကိုင်ခုခံတော်လှန်စစ် စတင်ဆင်နွှဲလိုက်တာနဲ့ ဖဆပလရန်သူတွေ ထိန်းချုပ်ထားတဲ့ မြို့ပေါင်း ဆယ်ဂဏန်းများစွာကို လွတ်မြောက်နိုင်ခဲ့တယ်။   ရန်ကုန်မြို့နဲ့ (ရ) မိုင်အထိရောက်အောင်  ထိုးစစ်ဆင်နိုင်တယ်။ (ရ) မိုင်အစိုးရလို့ နိုင်ငံခြားသတင်းစာတွေက ရေးလာကြတယ်။ ဖဆပလ အစိုးရပြုတ်ကျဘို့ လက်နှစ်လုံးထဲလို
တော့တဲ့ဘ၀ ရာက်သွားတယ်။ ဖဆပလအစိုးရ မျက်လုံးပြူး မျက်ဆံပြူးဖြစ်လာတယ်၊ ကြောက်ဒူးတုန်လာတယ်။  ဒီတော့ ကလိန်ကကျစ်လုပ်ဘို့၊ အကောက်ကြံဘို့၊ လှည့်စားဘို့၊ မြေခွေးလို ယုတ်မာတဲ့ နည်းဗျူဟာ ကျင့်သုံးလာတယ်။

ဒီနည်းဗျူဟာကတော့-

-အပစ်အခတ်ရပ်စဲဘို့ ခေါင်းဆောင်ကြီးစောဘဉီးကြီးနဲ့ ကေ၊အဲန်၊ယူကို ကမ်းလှမ်းလာတယ်။
-ဘာသာရေး ခေါင်းဆောင်တွေနဲ့လှည့်ပြီး ကရင်ခေါင်းဆောင်တွေကို တဘက်လှည့် မြူဆွယ်ခိုင်းတယ်။
-နိုင်ငံခြားသံတမန်တွေရဲ့ အားကိုယူပြီး မြူဆွယ်ခိုင်းတယ်။
-ဂုဏ်သရေရှိ ကရင်လူကြီးတွေနဲ့ လှည့်ပတ်စည်းရုံးခိုင်းတယ်။

ဒီလို လှည့်ပတ် မြူဆွယ် စည်းရုံး သိမ်းသွင်းလာတာကို အဟုတ်၊ အမှန်ထင်ပြီး  ကမ်းလှမ်းမှုကို
လက်ခံလိုက်တယ်။ အမျိုးသားခေါင်းဆောင်ကြီး စောဘဉီးကြီးကိုယ်တိုင် သွားတွေ့တယ်။ သူတို့ဆင်ထားတဲ့ ဂွင်ဖြစ်တဲ့ရန်ကုန်ကို ရောက်တာနဲ့ ဘက်စုံဝိုင်းဝန်း စည်းရုံး၊ သိမ်းသွင်း လှည့်စားကြတော့တယ်။ လက်နက်ကြီးတွေအကုန်အပ်ဘို့၊ အကြပ်ကိုင်လာတယ်။  နောက်ဆုံး (စတိ) အနေနဲ့ ခြောက်လုံးပြူတလက် လက်နက်ချဘို့အထိ လုပ်လာတယ်။ အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးစကားမပြောဘဲ လက်နက်ချရေးကို အထက်စီးက တောင်းဆိုလာတယ်၊  ဒီတာင်းဆိုမှုကို ခေါင်းဆောင်ကြီးကလက်မခံတဲ့အတွက် အပစ်အခတ်ရပ်စဲရေး ပျက်သွားတယ်။

ခေါင်းဆောင်ကြီး ရန်ကုန်ရောက်နေတဲ့အချိန် အပစ်ရပ်ထားတဲ့အချိန်ကို ရန်သူက အခွင့်ကောင်းယူပြီး အလုံးစုံ၊ ဘက်ပေါင်းစုံ ပြင်ဆင်တော့တယ်။  အဝေးရောက်တပ်တွေကို ပြန်လည်ခေါ်ယူ စုဖွဲ့တော့တယ်။ ဟာနေတဲ့နေရာတွေမှာ ပြန်ဖါထေးလိုက်တယ်။ ကုလားပြည်က လက်နက်ကြီး၊ လက်နက်ငယ်ကျည်တွေ၊ မော်တာ၊ အမြောက်ကြီးတွေ၊တင့်ကားတွေယူလာတယ်။ အပစ်ရပ်ထားတဲ့အချိန်ကို အပြည့်အဝ အသုံးချလိုက်နိုင်တယ်။  လက်နက်ချရေးတောင်ဆိုမှုကို လက်မခံတဲ့အတွက် ဘက်စုံပြင်ဆင်ပြီးတာနဲ့ အင်းစိန်စစ်မျက်နှာကိုထိုးစစ်စဆင်တော့တယ်။ နောက်ဆုံး ရှိသမျှ
လူအင်အား၊ လက်နက်ခဲယမ်းနဲ့ တိုက်ပွဲဝင်ရင်း (၁၁၁) ရက်ကြာတော့ အင်းစိန်  စစ်မျက်နှာက ဆုတ်ပေးခဲ့ရတယ်။ ရန်သူဟာ အခက်အခဲ အကြပ်အတည်းတွေ့တိုင်း ဘေးကြပ် နှံကြပ်ရှိတိုင်း အလိန်ကကျစ်၊ မြေခွေးလို ကောက်ကျစ်တဲ့ နည်းဗျူဟာတွေ ကျင့်သုံးတယ်ဆိုတာ ကရင့်တော်လှန်ရေးထဲက ကရင်ခေါင်းဆောင်တွေကို ပေးလိုက်တဲ့ (ပဌမ) သင်ခန်းစာ ဖြစ်တယ်။

သဘာပတိနဲ့တကွ သူရဲကောင်း ကရင်အမျိုးသမီး-အမျိုးသားများခင်ဗျား-
ဂုဏ်သရေရှိဧည့်သည်တော်များခင်ဗျား-
ကရင့်တော်လှန်ရေး ခေါင်းဆောင်ကြီး စောဘဉီးကြီးဟာ သူမကျဆုံးမှီ ကရင်တမျိုးသားလုံးကို တော်လှန်စစ် သဘောတရားတွေ ပေးခဲ့တယ်။ သူပေးခဲ့တဲ့ တော်လှန်စစ် သဘောတရားနဲ့ တော်လှန်စစ်(ဒဿန)တွေကတော့-
"ဒီစစ်ဟာ အစနဲ့ အဆုံးဖြစ်တယ်”။
“ကရင်တွေ ကရင်ပြည်လိုချင်ရင် ဗမာတွေ ပေးချင်အောင်လုပ်ပါ။  ဗမာတွေကလည်း ကရင်တွေ ခွဲမထွက်
ချင်အောင် လုပ်ပါ ”ဆိုတဲ့ လမ်းညွန်မှုတွေဖြစ်တယ်။

နောက်..မူ(၄)ချက် (ဝါ) သစ္စာတရာ(၄)ပါး ကိုချမှတ်ခဲ့တယ်။
ဒါတွေကတော့-
"ကရင်တွေ လက်နက်ချစကား မပြောနဲ့” (Surrender is out of questions)
"ကရင့်လက်နက် ကရင့်လက်ထဲမှာ ရှိရမယ်” (We shall retain our arms)
"ကရင်ပြည်ကို အသိအမှတ် ပြူရမယ်” (The recognition of Karen state must be completed)   
"ကရင့်ကြမ္မာ ကရင် ဖန်တီးရမယ်” (We shall decide our own political destiny)
လို့....သြဝါဒပေး၊ လမ်းညွန်ခဲ့တယ်။

ဒီလမ်းညွန်မှုအတိုင်း ရဲရဲတောက်တိုက်ပွဲဝင်ခဲ့လို့ ဖဆပလ၊ ပထစ၊ မဆလ၊ နဝတ၊ နအဖ စတဲ့ ဗမာစစ်အုပ်
စုတွေကို ဖြုတ်ချနိုင်ခဲ့တယ်။ ကရင့်တော်လှန်စစ် အောင်တံခွန်ကို ငွါးငွါးစွင့်စွင့် လွင့်ထူနိုင်ခဲ့တယ်။

ကရင်တွေကို လက်နက်နဲ့ တိုက်လို့မရနိုင်တော့ဘူးလို့ တွေးခေါ် ယူဆလာတယ်။ ဒီလိုအခြေအနေမှာ (လက်နက်နဲ့မတိုက်ရဘဲ ကရင့်တော်လှန်ရေးကို ဖြိုခွဲဘို့ အကောက်ကြံလာတယ်။ နည်းဗျူဟာပေါင်းစုံ ကျင့်သုံးလာတယ်။  တဘက်ကလည်း လူမျိုးစုံ လုပ်သားပြည်သူတွေရဲ့ ဒီမိုကရေစီရေး တိုက်ပွဲနဲ့ လူမျိုးစုတွေရဲ့ အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့် တိုက်ပွဲတွေ ပေါင်းစပ်လာတယ်။

အလုပ်သမား၊ လယ်သမားတွေရဲ့ လက်နက်မဲ့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်လာတယ်။ ဒီတိုက်ပွဲပေါင်းစုံကြောင့် စစ်ဗိုလ်တွေရဲ့ အုပ်ချုပ်မှုကုလားထိုင် လှုပ်လာတယ်။ ဒါတွေကို ကာကွယ်ဘို့၊ စစ်တပ်အကျိုးစီးပွားတွေကို ကာကွယ်တဲ့၊ စစ်ဗိုလ်ချုပ်တွေကို ကြိုးစင်တင်မဲ့ ပစ်မှုတွေကို ကာကွယ်တဲ့ ၂၀ဝ၈ -ဖွဲ့စည်းပုံ အခြေခံစည်းမျည်းဉပဒေကို ဗိုလ်ချုပ်တွေစိတ်တိုင်းကျ ရေးဆွဲလာတယ်။  ကြံ့ဖွပ်-သိန်းစိန် အစိုးရကို စစ်ဗိုလ်ချုပ် (၉၀)ရာခိုင်နှုံးနဲ့ ဖွဲ့စည်းလိုက်တယ်။  ကြံ့ဖွပ်-သိန်းစိန်စစ်အုပ်စုကို ကျားကန်ပေးတဲ့ စစ်ဗိုလ်တမတ်သားနဲ့ စစ်ဗိုလ်လူထွက် (၉၀)ရာခိုင်နှုံးနဲ့ ဖွဲ့စည်းတဲ့ (လွတ်တော်နှစ်ရပ်)ကို ဖွဲ့စည်းလိုက်တယ်။

ရန်သူဟာ သူကျုံးသွင်းမြူဆွယ်လိုက်တဲ့၊ လှည့်စားလိုက်တဲ့၊ ကလိန်ကျလိုက်တဲ့ဂွင်ထဲ ကရင့်တော်လှန်ရေး
ခေါင်းဆောင်တွေနဲ့ တခြားညီကိုတော် အဖွဲ့အစည်းတွေ ရောက်သွားကြပြီးဖြစ်တယ်။ အပစ်ရပ်တာ (နှစ်)နှစ်ကျော်လာပြီး ဖြစ်ပေမယ့် ကရင့်တော်လှန်ရေးအဘို့ ဘာအကျိုးကျေးဇူးမှ မတွေ့၊မရပေမဲ့၊ ရန်သူအဘို့ ဘေးကြပ်နှံကြပ်ဘေးမှ လွတ်မြောက်လာယုံမက အမြတ်ကျေးဇူး ထောင်သောင်းမက ရရှိလိုက်တယ်။ လူမျိုးစုံပြည်သူတွေကို သတ်ဘို့ နိုင်ငံတကာက ချေးငွေ အမေရိကန်ဒေါ်လာ သန်းထောင်ပေါင်း (၃၀)ကျော် ပြန်မဆပ်ရတော့ဘဲ ပလပ်လိုက်တယ်။ နိုင်ငံတကာက ဘေးဖယ် လူရာမသွင်းတဲ့ စစ်အုပ်စုကို လူရာသွင်းလိုက်တယ်၊ အရင်းအနှီးမြုပ်နှံမှုတွေ လုပ်လာကြတယ်။ကြံ့ဖွပ်-သိန်းစိန်ကို "ငြိမ်းချမ်းရေး" ဆုလာဒ်တွေ ပေးလိုက်တယ်။ နိုင်ငံတကာက အသိအမှတ်ပြုလာကြတယ်။ စီးပွားရေး ပူးပေါင်းလုပ်ဆောင်လာတယ်။

ရန်သူတွေ ဒီလိုအကျိုးကျေးဇူး ခံစားခွင့်ရလိုက်တဲ့ အဓိကအဖွဲ့အစည်းဟာ (သမာရင့်၊ လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့၊ သံမဏိလိုရင့်တဲ့ (ကေ။အဲန်၊ယူ)နဲ့ အလောသုံးဆယ် အပစ်ရပ်လိုက်တဲ့ အကျိုးဆက်တွေဖြစ်တယ်။ အပစ်ရပ် (၂)နှစ်တာကာလများအတွင်း ကေ။အဲန်၊ယူအဘို့ @(Lap top computer) လက်တော့ ကွန်ပြူတာ (၂၁)လုံးနဲ့ ကားပါမစ် (၁၂၀) ချပေးတာခံရတယ်။ ကရင်ပြည်ဘယ်မှာရှိမှန်း မသိသေးဘူး။ ကရင့်လွတ်လပ်ရေး ဘယ်မှာရှိနေမှန်း မသိသေးဘူး။

သဘာပတိနဲ့တကွ သူရဲကောင်း ကရင်အမျိုးသမီး-အမျိုးသားများခင်ဗျား-
ဂုဏ်သရေရှိ ဧည့်သည်တော်များခင်ဗျား-
ကျနော်တို့ကရင်တွေကို ကြံ့ဖွပ်-သိန်းစိန်စစ်အုပ်စုက (ဒုတိယ)အကြိမ် (လိန်ညာ၊လှည့်ဖျား)ပြန်ပါပြီး၊ ကျ
နော်တို့ ပြည်တွင်း-ပြည်ပရှိ ကရင်တမျိုးသားလုံး သတိရှိရှိ စောင့်ကြည့်ကြပါ၊  ကရင်တွေ စစ်မရှုံးအောင်၊ ကရင်တွေ စစ်ကျွန်ဘဝ မရောက်အောင် ဝိုင်းဝန်းကာကွယ်ကြပါ။ ပျော့ညံ့တဲ့ အရှုံးပေးရေး သမားတွေကို ဖေါ်ထုတ်ကြပါ။ စီးပွားရေးသမား၊ အချောင်သမားတွေကို ဖေါ်ထုတ်ကြပါ။ ခေါင်းဆောင်ကြီး စောဘဉီးကြီးနဲ့ ကရင့်အာဇာနည် အထောင်အသောင်းကို သစ္စာဖောက်တဲ့ သစ္စာဖေါက်လောက်ကောင်တွေကို ဖေါ်ထုတ်ကြပါလို့ မှာကြားလိုတယ်။

နောက်ဆုံးပြောလိုတာက-
-ခေါင်းဆောင်ကြီးစောဘဉီးကြီး ပြုစုပျိုးထောင်ခဲ့တဲ့ (KNU)ကို ဝိုင်းရံသွားမယ်။
-ခေါင်းဆောင်ကြီး စောဘဉီးကြီး ချမှတ်ခဲ့တဲ့ စစ်ရေး နိုင်ငံရေးနဲ့ စည်းရုံးရေး လမ်းညွန် သဘောတရားတွေကို ခိုင်မြဲစွာကိုင်စွဲသွားမယ်။
-တိုက်တိုင်းအောင် ကရင်အမျိုးသားလွတ်မြောက်ရေးတက်မတော်(KNU) နဲ့ (KNDO) အင်အား တောက်တင်း ခိုင်မာအောင် လုပ်ဆောင် သွားမယ်။
-ခေါင်းဆောင်ကြီးနဲ့ ကရင့်အာဇာနည် အထောင်းအသောင်းရဲ့ သစ္စာတော်ကို စောင့်သိ ရိုသေသွားမယ်လို့
ဒီ (၆၃)  ကြိမ်မြောက် ကရင့်အာဇာနည်များနေ့မှာသစ္စာပြုပါတယ်။

*ကရင်လွတ်မြောက်မှုခုခံရေးစစ်ပွဲ မုချ အောင်ရမယ်*
*ကံ့ဖွပ်- သိန်းစိန် ဗမာစစ်အုပ်စု မုချ ကျဆုံးရမယ်*
*လူမျိုးစုများသွေးစည်းခိုင်မာရေး မုချပေါ်ထွန်းလာပြီး ဖယ်ဒရယ်ပြည်ထောင်စု မုချပေါ်ပေါက်လာ
 ရမယ်*
လို့ ဆုတောင်းရင်း နိဂုံးချုပ်ပါတယ်။

"ဘုရားသခင် ကရင်တမျိုးသားလုံး နဲ့ ကေါ်သူးလေ ကရင်ပြည်ကိုကောင်းကြီးပေးပါစေ။"
ကျေးဇူးတင်ပါတယ် ခင်ဗျား။

ဖူးကီးဒို
သြဂုတ်လ(၁၂)ရက်၊ ၂၀၁၃ ခုနှစ်။
Read more

ကနေဒါနိုင်ငံ။ တိုရန်တိုမြို့တွင် ကျင်းပသည့် (၈၈) မျိုးဆက်များညီလာခံတွင် တင်သွင်းမည့် မန်းရောဘတ် ဘဇန်. တင်ပြချက်

ကနေဒါနိုင်ငံ။ တိုရန်တိုမြို့တွင် ကျင်းပသည့် (၈၈) မျိုးဆက်များညီလာခံတွင် တင်သွင်းမည့် မန်းရောဘတ် ဘဇန်. တင်ပြချက်

ဇွန်လ(၂၈) ရက်။၂၀၁၃၊
ညီလာခံ တက်ရောက်လာကြတဲ့ ပြည်တွင်း။ ပြည်ပက ရှစ်လေးလုံး ရဲဘော်-ရဲမေများခင်ဗျား-
ဒီမိုကရေးစီတိုက်ပွဲဝင် သူရဲကောင်း ရဲဘော်-ရဲမေများခင်ဗျား-
ဒီညီလာခံကိုတက်ရောက်ဘို့ ဖိတ်ကြားတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ 

ကျနော့တင်ပြချက်ကို မဆက်မှီ ရဲဘော်များနဲ့ ကျနော့ကိုယ်ကျနော် မိတ်ဆက်လိုပါတယ်၊
(၈၈)အရေးတော်ပုံ စတင်ဖြစ်ပေါ်လာပြီးနောက်ပိုင်း ကရင်ပြည်နယ်ကို ရောက်ရှိလာတဲ့ (၈၈) သူရဲကောင်းတွေ အများစု ကျနော့ကိုသိကြပါတယ်၊ (၈၈)မျိုးဆက်တွေထက် (၂၆)နှစ်သက်တန်းရင့်တဲ့ (၇)ဇူလိုင် (၆၂)ခွပ်ဒေါင်းဖြစ်ပါတယ်၊ ကိုလိုနီကဋ္ဌန်ပညာရေးစနစ်ကို ဆန်ဏ္ဍကျင်ပြီး အမျိုးသားဒီမိုကရေစီ ပညာရေးစနစ်ကို ချီတက်တိုက်ပွဲဝင်ခဲ့တဲ့ လူမျိုးစုရဲဘော်တဦးဖြစ်ပါတယ်၊ ဒီတုန်းက ကျနော် ပါဝင်ဆင်နွဲခဲ့တဲ့ (သမဂ)စစ်ကြောင်းကြီးကတော့ (ရကသ)ခေါ် ရန်ကုန်ခရိုင် ကျောင်းသားများ(သမဂ) ဖြစ်ပါတယ်၊ ကျနော်တိုဏ္ဍစစ်ကြောင်းမှူးကြီးများကတော့ (ကိုဖိုးထင်။ ကိုဥာဏ်ဝင်း) တို့ဖြစ်ကြပါတယ်၊ ကျနော်ကတော့ ဗမာ့နိုင်ငံရေးစင်မြင့်ပေါ် တက်လှမ်းစ ရဲဘော်သစ်လေးဖြစ်ပြီး (အလုံ) တိုက်နယ်။ အတွင်းရေးမှူးတာဝန် ပေးအပ်ခြင်းခံရပါတယ်၊ ကျနော်ဟာ (ခွပ်ဒေါင်း)ဖြစ်တယ်၊ (၆၂)ခုနှစ်ခွပ်ဒေါင်းဖြစ်တယ်၊ ဝါရင့် (ခွပ်ဒေါင်း)ဖြစ်တယ်၊ (ခွပ်ဒေါင်း)အိုကြီးဖြစ်တယ်လို့ မိတ်ဆက်လိုက်ရပါတယ်၊ 

ဒီညီလာခံမှာ ရဲဘော်တွေနဲ့ အမြင်ခြင်း ဖလှယ်ပြီး တူညီတဲ့(ဘုံ)လုပ်ငန်းစဉ်များ ချမှတ်နိုင်ဘို့ ကျနော်နဲ့ ကျနော်တို့ (ကရင်ကွန်မြူနီတီ မီနီဆိုးတား) (KCM)ရဲ့ သဘောထားကို တင်ပြပါ့မယ်၊ စစ်အာဏာရှင်စနစ်အမြစ်တွယ်ပြီး စစ်ကဋ္ဌန်စနစ်ရှင်သန်နေတဲ့ ကျနော်တို့နိုင်ငံမှာ ငြိမ်းချမ်း သာယာဝပြောတဲ့ စစ်မှန်တဲ့ (ဒီမိုကရေစီ)နိုင်ငံတော်သစ်ကို ချီတက်မယ်ဆိုရင်-

၁၊ တနိုင်ငံလုံးအထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ပေးရမယ်၊
၂၊ တနိုင်ငံလုံး လုံးဝအပစ်အခတ် ရပ်စဲရမယ်၊
၃၊ ၂၀ဝ၈ (နာဂစ်) ဖွဲဏ္ဍစည်းပုံအခြေခံစည်းမျည်းဥပဒေ တစုံလုံးဖျက်သိမ်းပြီး အသစ်ထပ်မံ ရေးဆွဲရမယ်၊
၎၊ လွတ်လပ်ပြီး တရားမျှတတဲ့ နိုင်ငံတကာရွေးကောက်ပွဲကြီးကြပ်ရေးကော်မရှင် ရှေ့မှောက်မှာ ပြည်လုံးကျွတ် ရွေးကောက်ပွဲ ကျင်းပရမယ်၊
၅၊ ရွေးကောက်ခံ ပြည်သူဏ္ဍကိုယ်စာလည်များနဲ့ (လွှတ်တ်တော်)ခေါ်ယူရမယ်၊
၆၊ ထိုလွှတ်တော်မှ ဖွဲဏ္ဍစည်းပုံအခြေခံစည်းမျည်းဥပဒေသစ် ရေးဆွဲရမယ်၊

ဖွဲ့စည်းပုံအခြေခံစည်းမျည်းဉပဒေသစ်တွင်-

၁။ ဒီမိုကရေစီစံချိန်စံညွန်းများနှင့်အညီ လွှတ်တော်တွင် ပြည်သူလူထုက ရွေးကောက်ထားသည့် လွှတ်တော်အမတ် များဖြင့်သာ လွှတ်တော်ကို ဖွဲ့စည်းရမည်။
၂။ နိုင်ငံတော် လုံခြုံရေးနှင့်ကာကွယ်ရေးအတွက် ပြည်နယ်ပေါင်းစု ဖယ်ဒရယ်ပြည်ထောင်စု တပ်မတော်တရပ် ဖွဲ့စည်း ရမည်။ ထိုတပ်မတော်သည် ပြည်နယ်အစိုးရမှ အချိုးကျစေလွတ်သော ပြည်နယ်တပ်မတော်များဖြင့် ဖွဲ့စည်းပြီး ပြည်နယ်ပေါင်းစု ဖယ်ဒရယ်ပြည်ထောင်စုအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာနအောက်တွင် ထားရှိရမည်။
၃။ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌန်းခွင့်ကိုအခြေခံသည့် ပြည်နယ်ပေါင်းစု ဖယ်ဒရယ်ပြည်ထောင်စုအစိုးရမျိုး ဖွဲ့စည်း ရမည်။
၎။ သက်ဆိုင်ရာပြည်နယ်(သမ္မတ) သို့မဟုတ် (ဝန်ကြီးချုပ်)အား သက်ဆိုင်ရာပြည်နယ် လွှတ်တော်ကိုယ်စားလည် များဖြင့် ဖွဲ့စည်းထားသောပြည်နယ်အစိုးရမှ စိတ်ကြိုက်ရွေးသော(သမ္မတ)နှင့် (ဝန်ကြီးချုပ်)သာဖြစ်ရမည်။
၅။ သက်ဆိုင်ရာ ပြည်နယ်ပေါင်းစု ဖယ်ဒရယ်ပြည်ထောင်စုဝင် ပြည်နယ်များတွင် ဉပဒေပြုခွင့်၊ အုပ်ချုပ်ခွင့်နှင့် တရား စီရင်ပိုင်ခွင့် ရှိရမည်။
၆။ သက်ဆိုင်ရာ ပြည်နယ်များမှ ထွက်ရှိသောမြေပေါ်၊ မြေအောက်၊ ရေအောက် သယံဇာတ၊ ရတနာပစ္စည်းများကို သက်ဆိုင်ရာပြည်နယ်များမှ အပြည့်အဝ၊ အလုံအလောက်သုံးစွဲခွင့် ရှိရမည်။
ရ။ သက်ဆိုင်ရာပြည်နယ်များသည် မိမိအမျိုးသားဆိုင်ရာ စာပေ၊ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ထုံးတမ်းများကို လွတ် လပ်စွာ သင်ကြားကျင့်သုံးခွင့် ရှိရမည်။
ဂ။ သက်ဆိုင်ရာပြည်နယ်များသည် နိုင်ငံရေး၊ စီးပွားရေးများကို လွတ်လပ်စွာလုပ်ပိုင်ခွင့် ရှိရမည်။
ပြည်နယ်ပေါင်းစု ဖယ်ဒရယ် ပြည်ထောင်စုတဝန်း၌-
၁။ ဒီမိုကရေစီအပြည့်အဝ ရှိရမည်။ လူ့အခွင့်အရေး အပြည့်အဝ ရှိရမည်။
၂။ တရားဉပဒေစိုးမိုးမှု အပြည့်အဝ ရှိရမည်။
၃။ တရားလက်လွတ်ထုတ်ပြန်ထားသော အမိန့်အားလုံး ဖျက်သိမ်းပြစ်ရမည်။
၎။ ကျောင်းသားသမဂ္ဂများ၊ အလုပ်သမား၊ လယ်သမား၊ လူထုလူတန်းစားအသီးသီး၏ အသင်းအဖွဲ့များ လွတ်လပ် စွာ ဖွဲ့စည်းခွင့် ရှိရမည်။
၅။ လယ်သမားများထံမှ အဓမ္မသိမ်းထားသော လယ်၊ ယာ၊ ခြံ၊ မြေများ အမြန်ဆုံးပိုင်ရှင်များထံ ပြန်ပေးရမည်။
၆။ စစ်အုပ်စုအဆက်ဆက်မှ မတရားအဓမ္မ ရယူ၊ ခိုးဝှက်၊ တိုက်ယူထားသော ပြည်သူ့ဘဏ္ဍာများအား လူမျိုးစုံပြည် သူများကို ရှင်းလင်းတင်ပြပြီး ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းပိုက်ရမည်။
ရ။ သက်ရှိနှင့် သေဆုံးသွားသူ စစ်ဗိုလ်ချုပ်များ၏ အရပ်ရပ်ငွေစာရင်းရှင်းတမ်းများကို လူမျိုးစုံ ပြည်သူလူထုကို တင်ပြ ပေးရမည်။
၈။ မဆလ၊ နဝတ၊ နအဖ နှင့် စစ်အုပ်ချုပ်ရေးကာလအဆက်ဆက် ကျူးလွန်ခဲ့သော ရာဇဝတ်မှုများကို ဖေါ်ထုတ် အပစ်ပေး၊ အရေးယူသွားရမည်။

ပြည်တွင်း-ပြည်ပရှိ ရှစ်လေးလုံးရဲဘော်-ရဲမေများခင်ဗျား-
ဒီမိုကရေစိတိုက်ပွဲဝင် သူရဲကောင်းရဲဘော်-ရဲမေများခင်ဗျား-
ကျနော်တို့ဖြစ်ချင်တာတွေ၊ လုပ်ချင်တာတွေ တသီကြီး တင်ပြသွားပြီး ဖြစ်ပါတယ်။

ဒီနေ့ လက်ရှိ ကြံ့ဖွပ်-သိန်းစိန် စစ်အုပ်စုဟာ အင်မတန် ပါးနပ်၊ လိမ်မာ၊ ရက်စက်တဲ့ ဒီမိုကရေစီရောင်ပြ၊ လူသေအပုတ်ကောင်ကို သေနပ်ခါး လိမ်းပေးတဲ့ စစ်အုပ်စုဖြစ်တယ်ဆိုတာ ရဲဘော်-ရဲမေတိုင်း သိကြတယ်။ ကြံ့ဖွပ်-သိန်းစိန်စစ်အုပ်စုဟာ လူမျိုးစုံပြည်သူ တရပ်လုံးကို လိမ်ညာ လှည့်ပတ်နေသလို ကြည်း၊ ရေ၊ လေ၊ ပြည်သူ့ရဲတပ်ဖွဲ့တွေက အဆင့်ဆင့်ဆိုင်ရာ အရာရှိ ၊အရာခံ၊ အကြပ်၊ စစ်သည်တွေကို လိမ်နေတယ်၊ လှည့်ပတ်နေတယ်။ စစ်သည်တွေကို အသုံးချပြီး စစ်အာဏာရှင်စနစ်ကို ကာကွယ်နေတယ်။ ဆယ်စုနှစ်များစွာ က ခိုးဝှက်လုယက်ထားတဲ့ ဒေါ်လာသန်းထောင်ပေါင်း များစွာတန်တဲ့ ပြည်သူ့ရတနာတွေကို ရာသက်ပန် စားသုံးနိုင်ဘို့ သိန်းစိန်နဲ့ မိုက်ဖေါ်ဆိုးဘက် တသိုက်ကို (စစ်တပ်၊ လွှတ်တော်နဲ့ အစိုးရ)ဆိုတဲ့ ဒေါင့်သုံးတိုင်နဲ့ တိုင်ထူထားတယ်၊ လူမျိုးစုံပြည် သူတွေကို ရာသက်ပန် ကျွန်ပြုနိုင်ဘို့ ပြည်တွင်း-ပြည်ပက နိုင်ငံတော်သစ္စာဖေါက်တွေနဲ့ ဟန်ချက်ညီ လုပ်ဆောင်နေကြတယ်။

ဒီလိုအခြေအနေမှာ ကျနော်တို့-
လူမျိုးစုံ ပြည်သူများအတွင်းရှိ ကျောင်းသား၊ လူငယ်၊ အမျိုးသမီး၊ လယ်သမား၊ အလုပ်သမား၊ ဘာသာစုံ ရဟန်း သံဃာတော်များ၊ အဖိနှိပ်ခံ ကြည်း၊ ရေ၊ လေ၊ ပြည်သူ့ရဲ တပ်ဖွဲ့ဝင်များ၊ လူထုလူတန်းစား အလွှာအသီးသီးပါဝင်တဲ့ (လူမျိုးစုံ ပြည်သူ့တပ်ပေါင်းစု)ကြီးကို အမြန်ဆုံးဖွဲ့စည်းပြီး တိုက်ပွဲပုံစံမျိုးစုံ ဆင်နွဲသွားကြမယ်---လို့ တင်ပြပါတယ်။

ရှစ်လေးလုံး ရဲဘော် -ရဲမေအပေါင်းနဲ့ ဒီမိုကရေစီတိုက်ပွဲဝင် သူရဲကောင်းအပေါင်း ကျမ္မာကြပြီး မပြီးဆုံးသေးတဲ့ အမျိုးသားလွတ်မြောက်ရေးနဲ့ ဒီမိုကရေစီရေးတိုက်ပွဲကို ဆုံးခန်းတိုင်ဆင်နွဲနိုင်ကြပါစေလို့--ဆုတောင်းလိုက်ပါတယ်။ ကျေးဇူး တင်ပါတယ်ခင်ဗျား--


499 Wacouta St, Saint Paul, MN – 55101, Phone. (651) 500-2102, Email : <sawkcm@yahoo.com>
Read more

၈၈ မျိုးဆက်များ၏ ၂၅ နှစ်ပြည့် ညီလာခံသို့တက်ရောက်ခဲ့သော မန်းရောဘတ်ဇံ (Toronto Canada)




Mahn with Sai Donald Ming

ABSDF Comrades at the 88 conference
Mahn at the 25th anniversary of 88 conference, Toronto Canada

Mahn at the 25th anniversary of 88 conference, Toronto Canada

Mahn at the 25th anniversary of 88 conference

Mahn attend 25th anniversary of 88 conference

Mahn gave speech at Toronto Karen Community Gathering

Mahn with Democratic friends at Toronto

Mahn with Ko Aung Thu Nyein and Ko Ko Lay

Mahn with RFA Ko Nay Rein Kyaw
Read more