Fans of Mahn Robert Ba Zan

ကရင့်အာဇာနည်များကိုအလေးပြုပါသည်



သြဂုတ်လ ၁၀ ရက်နေ.၊ ၂၀၁၄ခုနှစ်။

ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်၊ ကလိုထူးဘောဗျူဟာမှ ဗိုလ်ကြီးညီညီ (ရခိုင်အမျိုးသား) မောင်းသောကား နှင့် ကျနော်၊ စောဂုဏ်အောင်၊ စောနေဦး၊ စောအောင်ဖေတို.အခြား (DKBA) ရဲဘော်များစီးသောကား(၃)စီးနှင့်အတူ (DKBA)တပ်မှူးစုံညီအစီးအဝေးကျင်းပရာ (ကလိုထူးဝါး)တပ်မဟာဌာနချုပ်သို.ချီတက်လာကြရာ(၁၀)နာရီအချိန်တွင်ရောက်ရှိသွားသည်။

တပ်မှူးစုံညီအစီးအဝေးခန်းမသို.၀င်သွားရာသဘာပတိအဖွဲ.၀င်တဦးဖြစ်သော  ဗိုလ်မှူးကြီးစောစန်းအောင်မှာဝမ်းမြောက်စွာ ကြိုဆိုပြီးသဘာပတိများနေရာတွင် ကျ
နော.ကိုနေရာပေးပါသည်။ သဘာပတိများ နေရာတွင် (DKBA) ဒုတိယစစ်ဦးစီးချုပ်
ဒုတိယဗိုလ်ချုပ်ကြီးစောမိုရှေး၊ ကလိုထူးဝါးတပ်မဟာမှူးဗိုလ်ချုပ်စောကျော်သက်၊ကလိုထူးလားတပ်မဟာမှူး ဗိုလ်ချုပ်စောတိုင်းကျော်၊ စစ်ရေးချုပ်စောမူးခိုတို.ကိုတွေ.ရသည်၊ အစီးအဝေးခန်းမတွင် သူရဲကောင်းပီသတဲ့ ဒီမိုကရေစီ အကျိုးပြုကရင့် တပ်မတော်၊တပ်ရင်း (၉၀၁) မှ (၉၁၀) တပ်ရင်းမှူးများ၊ ဒုတိယတပ်ရင်းမှူးများ၊ တပ်ခွဲမှူးများ၊ စစ်ထောက်ချုပ်၊ ဌာနဆိုင်ရာတပ်မှူးများ၊ ဆက်ဆံရေးရုံး တာဝန်ခံများ နှစ်ရာကျော်ကို တွေ.သည်၊

အစီးအဝေး ကြားဖြတ်အစီအစဉ်အဖြစ် အကျိုးဆောင် စစ်ဦးစီးဒုတိယတန်းဗိုလ်မှူးစောထွန်းထွန်းမှ (မိမိ)အားစကားပြောခွင့်ပေးသဖြင့်-

သူရဲကောင်းပီသတဲ့ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်မှအဆင့်ဆင့်တပ်မှူးများ-
ရဲဘော်တို.နဲ.ခုလိုပြန်တွေ.ရတာအများကြီးဝမ်းသာတယ်၊ ရဲဘော်တို.ဟာ အခြားလက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေနဲ.မတူတဲ့ထူးခြား ပြောက်မြောက်တဲ့စွမ်းဆောင်မှုတွေရှိတယ်။ မှန်တယ်ထင်ရင် ရဲရဲရင့်ရင့် အသက်စွန်.ပြီးလုပ်ရဲတဲ့သတ္တိရှိတယ်၊ ၂၀၁၀ရန်သူကြံ့ဖွတ်တွေရဲ့ လုပ်ဇာတ် အတုအယောင်ရွေးကောက်ပွဲကိုဆန်.ကျင်ပြီးလက်နက်ကိုင်ပြန်လည်တိုက်ခိုက်ခဲ့တယ်။ရဲဘော်တို.ရဲ့တိုက်ပွဲကြောင့် ရန်သူတပ်မ တခုနီးပါးချေမှုန်းနိုင်ခဲ့တယ်။ရဲဘော်တို.ရဲ့စစ်ရေးစွမ်းရည်ကိုကြောက်လန်.လာတယ်၊ တဖက်က နိုင်ငံတကာကိုလှည့်စားဘို. ဟန်ပြ အပစ်အခတ် ရပ်စဲရေးလုပ်လာတယ်၊ ဟုတ်တိပတ်တိ ဘာတခုမှမပေးဘဲ ပျားရည်နဲ.၀မ်းချတဲ့၊ လိမ်ညာလှည့်စားမှုတွေနဲ.နားလှည့်ပါးရိုက်ပြီး အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဘို.ကမ်းလှမ်းလါတယ်။
စစ်မှန်တဲ့ ငြိမ်းချမ်းရေး လိုချင်လို.လည်း (စောင့်ကြည့်)တဲ့(နည်းဗျူဟာ)ကျင့်သုံးပြီးလက်မှတ်ရေးထိုးတယ်။

တဆက်ထဲ(လက်ပန်တောင်း) သံဃာတော်များနဲ.ပြည်သူများရဲ့ စစ်ခရိုနီနဲ. တရုပ်သွေးစုတ်မှုကို ဆန်.ကျင်တိုက်ပွဲဝင်မှုကို အကြမ်းဘက်သောင်းကျန်းသူများ ပီပီဗုံးနဲ.အဓ္ဓမဖြိုခွင်းမှုကိုဆန်.ကျင်တဲ့၊(လက်ပန်တောင်း)တောင်တိုက်ပွဲဝင်သူများနဲ.အတူရှိကြောင်း (ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်)(DKBA) ရဲ့သဘောထားကို (မြ၀တီ) မြို.မှာဆန္ဒထုတ်ဖေါ်ရဲတယ်။ တဖန်-လက်နက်အားကိုးနဲ.လက်နက်မဲ့ (သမီးကလေး) ရွာက ဗမာပြည်သူများကိုအဓမ္မအနိုင်ကျင့်ဗိုလ်ကျ ရွာပြောင်း နင်ထုတ်တာကို မကြည့်ရက်လို.ဘ၀တူ လူမျိုးချင်း၊ စာနာစိတ်၊ကိုယ်ချင်းစာစိတ်အပြည့်နဲ. သွားရောက်ခေါ်ယူ နေရာချပေးခဲ့တယ်၊

ရဲဘော်တို.ရဲ့ စိတ်ဓါတ်နဲ.လုပ်ရပ်ဟာ (ကရင့်)စေတနာနဲ.ဒီမိုကရေစီမြတ်နိုးမှုကို လိုလားကြောင်းဖေါ်ပြတဲ့လုပ်ရပ်ဖြစ်လို.ရဲဘော်တို.ကို ဂုဏ်ပြုပါတယ်။ရဲဘော်တို.ဟာ (ကိုယ့်ကြမ္မာကိုယ်ဖန်တီးပိုင်ခွင့်ရှိတဲ့ကရင်ပြည်၊ ကရင်တမျိုးသားလုံးစိတ်ကြိုက်ရေးဆွဲတဲ့ ကရင်ပြည်ဖွဲ.စည်းပုံအခြေခံဥပဒေ၊ ကရင်ပြည်သူ တရပ်လုံးကစိတ်ကြိုက်ရွေးကောက်တဲ့ ကရင်ပြည်ဝန်ကြီးချုပ်နဲ. ကရင်ပြည်အစိုးရအဖွဲ.)ကိုအသက်ပေးကာကွယ်မဲ့၊တန်းတူရေး နဲ.ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့၊ဒီမိုကရက်တစ်ဖယ်ဒရယ်ပြည်ထောင်စုကိုကာကွယ်မဲ့၊ ဒီမိုကရက်တစ် ဖယ်ဒရယ်တပ်မတော်ရဲ့ အစိတ်အပိုင်းတခုရဲ့ (သူရဲကောင်း)တွေဖြစ်တယ်-လို.ခံယူတယ်၊
နာက် ရဲဘော်တို.ရဲ့ အမျိုးသားရေးခံယူချက်ဖြစ်တဲ့ အာဇာနည် ကရင့်ခေါင်းဆောင်ကြီး စောဘဦးကြီးရဲ့ မူ (၄)ချက်ကိုခိုင်ခိုင်မာမာဆုတ်ကိုင်ထားတာတွေ.ရလို.လဲရဲဘော်တို.ကိုအလေးပြုတယ်။ (ကရင်ဟာကရင်)ဘဲ၊ ဘယ်သွေးနဲ.မရောဘူး၊ကရင့်ဂုဏ်သိက္ခာ၊ ကရင့်တန်ဘိုး နဲ. ကရင့် (Identity)တို.ကိုထိန်းသိမ်းကာကွယ်ထားတာကိုလဲတွေ.ရပြန်တယ်။ဒါဟာ ကောင်းမြတ်တဲ့ထိန်းသိမ်းကာကွယ်မှုဖြစ်တယ်။

ဒို.ကရင်လက်နက်ကိုင်(တော်လှန်ရေး)တပ်မတော်တွေဟာ ဘယ်လိုဘဲ(တံဆိပ်)တွေကွဲနေကြပေမဲ့ ငါတို.ဟာ ကရင်အမျိုးသားခေါင်းဆောင်ကြီးစောဘဦးကြီးရဲ့ (မျိုးဆက်သစ်)တွေဖြစ်တယ်။ (ကရင်ပြည်)လိုချင်တဲ့နေရာမှာတူတယ်၊ စောဘဦးကြီးရဲ့ မူ(၄)ချက်ကိုခံယူတဲ့နေရာမှာတူတယ်၊ ကရင်ကိုစစ်ရှုံးတဲ့လူမျိုးဖြစ်တဲ့ အမွေဆိုးကို နောင်မျိုးဆက်သစ်တွေကိုမပေးဘူး-ဆိုတဲ့ခံယူချက်တွေမှာ တူကြလို.--မကြာတော့မဲ့ကာလမှာ (ကရင်အမျိုးသားအလံတော်)အောက်မှာ အတူတကွနေရာယူ ပူး
ပေါင်းကြလာမယ်--လို.ယုံကြည်တယ်။

သူရဲကောင်းပီသတဲ့ ရဲဘော်တို.-

ကျနော်ဘယ်ဘဲရောက်ရောက်ကျနော.ညီနောင်တွေဖြစ်တဲ့(DKBA)၊(KNLA)၊(KNU-KNLA-PC)၊(KNDO)၊(BGF-မှာရှိတဲ့ ကရင်စစ်သည်တော်တွေနဲ. ကရင်တမျိုးသားလုံးရဲ့ မျိုးသားရေးလိုအပ်ချက်ဖြစ်တဲ့(ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးပိုင်ခွင့် ရှိတဲ့ကရင်ပြည်၊ ကရင်ပြည်သူတရပ်လုံးက ရွေးကောက်တင်မြောက်တဲ့ ကရင်အစိုးရ၊ ကရင်တမျိုးသားလုံးကရေးဆွဲတဲ့ (ဖွဲ.စည်းပုံအခြေခံစည်းမျည်းဥပဒေ)၊ ဒီမိုကရက်တစ်ဖယ်ဒရယ် ပြည်ထောင်စုကို ကာကွယ်မဲ့ ကရင့်တပ်မတော် တည်ဆောက်ဖွဲ.စည်းရေး အတွက်ပူးပေါင်း လုပ်ဆာင်သွားမယ်။

ဒီတိုင်းပြည်မှာ စစ်အာဏာရှင်စနစ်အဆုံးသတ်ရေး၊ ဒီမိုကရေစီထွန်းကားရေး၊လူ.အခွင့်အရေး အပြည့်အ၀ရရှိရေး၊ တန်းတူရေး နဲ. ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေး၊ဒီမိုကရင်တစ် ဖယ်ဒရယ်ပြည်ထောင်စုဖွဲ.စည်းရေး နဲ.စစ်မှန်တဲ့ ငြိမ်းချမ်းရေးရရှိရေးအဆုံးသတ် ရည်မှန်းချက်ပန်းတိုင်အရောက် ဘ၀တူလူမျိုးစုများ၊ ဒီမိုကရေစီ အင်အားစုများ၊ဗမာ့ တပ်မတော်တွင်းက တိုင်းချစ် ပြည်ချစ် မျိုးကောင်း မျိုးသန်.တပ်မတော်သားများ နဲ.ခိုင်ခိုင်မာမာလက်တွဲလုပ်ဆောင်သွားမယ်၊၊
ဒီနေ. ရန်သူနဲ.အပစ်အခတ်ရပ်စဲထားတာ နှစ်နှစ်ကျော်သွားပြီး၊ အဖြူအမဲ သဲသဲကွဲကွဲ ဘာတခုမှ အကောင်အထည်မပေါ်သေးဘူး။ ငါတို.ကိုဟိုဟာပေးမယ်၊ ဒါပေးမယ်နဲ.ချွေးသိပ်ထားပြီးငါတို. ညီနောင်တွေဖြစ်တဲ့ ( ကချင်၊ ပလောင် နဲ. ရှမ်းတွေကိုအပြတ်ချေမှုန်းတိုက်ခိုက်နေတယ်။ ဒီကောင်တွေငြိမ်းချမ်းရေးတကယ်လိုချင်ရင်(တပြည်လုံး အပစ်ရပ်ပါ)။ တချို.ကိုရပ်ပြီး တချို.ကိုတိုက်နေတာ ဒီကောင်တွေမရိုးသားဘူးဆိုတာ (ထမင်းစားတဲ့)လူတိုင်းသိတယ်။

ကျွန်တော် ဒီရဲဘော်တွေကို အားပေးစကား ပြောကြားနေစဉ် သူတို.ရဲ့ မျက်နှာပေါ်မှာ-

-ငါတို.တပ်မတော်ဟာ အမျိုးသားခေါင်းဆောင်ကြီးစောဘဦးကြီးရဲ့ (မူ-၄)ချက်ကို စွဲစွဲမြဲမြဲဆုတ်ကိုင်သွားမယ်-သစ္စာရှိမယ်။ ငါတို.ကို ရည်နဲ.ဆက်ဝမ်းမချနဲ.က ရင်ပြည်ပေးဘို.အသင့်ပြင်ပါ၊ ဒို.ကိုဆက်လိမ်မနေနဲ.လို. ပြောနေတဲ့ပုံပေါ်နေပါတယ်၊

ဒီ တပ်မှူးစုံညီအစီးအဝေးမှာ စစ်ရေးပြင်ဆင်မှုအားလုံးလုပ်ဘို.၊ ပြည်သူကို အလုပ်အကြွေးပြုရေး၊ 
( မိမိကရင်လူထုအပြင် သမီးလေးကျေးရွာက ဗမာလယ်သမားတွေကိုကူညီတဲ့ (လူထုအကျိုးပြု ) လုပ်ငန်းတွေဆက်လုပ်ဘို. ဆုံးဖြတ်ချက်များ ချမှတ်ပြီး ရင်အမျိုးသားသီချင်းနဲ. အစီးအဝေး ရုပ်သိမ်းလိုက်ပါတယ်။

ဗိုလ်ချုပ်စောကျော်သက်ဦးစီးတဲ့ (ထိုကော့ကိုး)မှာ (KNU-KNLA-PC)ကကျင်းပတဲ့ (၆၄)ကြိမ်မြောက် ကရင့်အာဇာနည်များနေ.ကိုသွားရောက်မဲ့ ကား (၁၅) စီးခန်.ခရီး စတင်ထွက်ကြပြီးဖြစ်တယ်။ (ထိုကော့ကိုး) ကို ည(၁၀) နာရီကျော်ရောက်သွားတယ်။ ကျနော်တို.(DKBA) ကရဲဘော်တွေကို အမိဝမ်းတွင်းက တအူတုံဆင်း ညီရင်းအစ်ကိုလို ဆက်ဆံကြသည်။ ညစာတည်ခင်းဧည့်ခံသည်၊ တဖွဲ.လုံးအတွက် အိပ်ရန်စီစဉ်နေရာချပေးသဖြင့် ကျနော်နှင့်ရဲဘော်တချို. ဒေါက်တာ (တီမသေ) အိမ်မှာသွားအိပ်ပါတယ်၊

ကရင့်အာဇာနည်များနေ.အစီအစဉ်မှာ နံနက် (ရး၀၀)နာရီတွင်ဖြစ်ကြောင်းသိရသဖြင့် စောစောအိပ်ရာဝင်လိုက်တယ်။ ကရင့်အာဇာနည်များနေ.မှာ မိုးမရွာပါစေနဲ.လို.ဆုတောင်းမိတယ်။

၂၀၁၄ခုနှစ်၊ သြဂုတ်လ (၁၂) ရက်၊ (၆၄) ကြိမ်မြောက် ကရင့်အာဇာနည်များနေ.သွားဘို. ဗိုလ်ကြီးစောညီညီလာခေါ်သဖြင့်(မန်းဘဇန် မိသားစု)လွမ်းသူ.ပန်းခွေကိုယူဆောင်ပြီး မိမိရဲဘော်များနှင့်သွားကြတယ်။ ကရင့်အာဇာနည်များနေ. ကျင်းပရာကွင်းပြင်သို.သွားရာ လမ်းတလျှောက် စစ်ဝတ်စုံပြည့် ၀တ်ဆင်ထားသော ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်သား ဂုဏ်ပြုတပ်ခွဲ၊ ကရင်အမျိုးသား အလံကိုင်ဂုဏ်ပြုတပ်ခွဲ၊ ဘင်ခရာအဖွဲ.ကို ဖြတ်ကျော်ပြီး ကွင်းပြင်သို. ရောက်သွားတယ်၊
ဧည့်ကြိုအဖွဲ.မှ နေရာချပေးနတယ်။ မိမိရောက်ရှိစဉ် (KNU-KNLA-PC)အဖွဲ.မှ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောထော့လေး၊ကရင်အမျိုးသမီးစစ်အရာရှိ ဗိုလ်ချုပ်အဆင့်ဗိုလ်ချုပ်နော်ကပေါ်ထူး၊ ဗိုလ်မှူးကြီးစော၈ျိုးဇက်တို.ရှိရာမှာနေရာချပေးတယ်။ ကရင်လူထုပရိသတ်(ငါးရာ)ကျော်ကွင်းပတ်လည်တွင် (DKBA)ကရဲဘော်များ၊(KNU-KNLA-PC)မှ အရာရှိအရာခံ အကြပ် စစ်သည်များတန်းစီနေရာယူထားတာကို
တွေ.ရတယ်၊လွှမ်းသူ.ပန်းခွေများကိုင်ဆောင်နေရာယူထားသူများ၊ကျောင်းဆရာ၊ဆရာမ၊ ကျောင်းသူကျောင်းသား များနေရာယူထားကြတယ်။

အချိန်စေ.လို.အခန်းအနားမှူး အစီအစဉ်များ ဘတ်ကြားပြီး ဘင်ခရာအဖွဲ. စတင်တီးမုတ်သည်နှင့် အလံကိုင်တပ်ဖွဲ.များ နဲ.၊ ဂုဏ်ပြုတပ်ဖွဲ.များ ကွင်းလယ်ကို ချီတက်လာကြတယ်။ နေရာယူခြင်း၊ အဆင့်မြင့်ဆုံးတပ်မှူးဗိုလ်ချုပ်ကြီးစောထင်မောင်မှဂုဏ်ပြုတပ်ဖွဲ.ကိုစစ်ဆေးခြင်းတွေလုပ်ပြီးကရင်အမျိုးသားအလံတော်ကိုအလေးပြုပါတယ်။အလေးပြုနေစဉ်ကျနော.မြင်ကွင်းမှာ-ကရင်အမျိးသားခေါင်းဆောင်များ၊ကရင့်တပ်မတော်မှအဆင့်ဆင့်တပ်မှူး-ရဲဘော်များ၊ဧရာဝတီမြစ်ဝကျွန်းပေါ်တိုင်း၊ပဲခူးတိုင်း၊ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်တောင်ပိုင်းကသူရဲကောင်း ကရင်ပြည်သူများ တန်းစီရပ်ပြီး ကရင်အမျိုးသားအလံတော်ကို အလေးပြုတာမြင်နေရတယ်၊ တန်းစီရပ်အလေးပြုနေတဲ့ အာဇာနည်များအကြား ကျနော့အဖေ၊ အမေ၊ ကျဆုံးလေပြီးသော ကျနော့ညီထွေး ဒုတိယဗိုလ်ထူးလွီဇန်၊ ကျနော့တူ ဒုတိယဗိုလ်မိုးအောင်ဝင်း၊ ညီဝမ်းခွဲ တပ်ကြပ်ကြီးပုချို နဲ. ကျနော်နဲ.စစ်မြေအသီးသီးမှာ တိုက်ပွဲဝင်ရင်း အာဇာနည်ပီပီကျဆုံးခဲ့တဲ့ရဲဘော်တွေကိုတွေ.ရတယ်။

မိုးပေါက်လေး တစက် နှစ်စက်ကျနော့ မျက်နှာပေါ်ကျလာတယ်။ မိုးပေါ်မေါ့ကြည့်တော့ ကျနော့ ဖေဖေ နဲ.မေမေ အပြုံးကိုယ်စီနဲ. ကျနော့ကိုငုံ.ကြည့်နေတယ်။ကျနော့(ပါးပါ) အဖေရဲ့တည်ကြည်တဲ့ အသံကို ကျနော်ကြားလာတယ်၊

(ငါ့သား-တတိယနိုင်ငံရောက်ဒို.ကရင်တွေထဲက သားတယောက်ခုလို အဖကရင်ပြည်ကိုပြန်လာပြီး ကရင့်သူရဲကောင်းပြည်သူ-တပ်မတော်သားတွေနဲ. အမျိုးသားရေး တစိတ်တပိုင်း ၀ိုင်းလုပ်တာတွေ.ရလို.၀မ်းသာတယ်။အသက်ကြီးတာ၊ကျမ္မာရေးချို.တဲ့တာ ဒုတိယပြသနာဘဲ။ အဓိကလုပ်ရမှာက အသက်ထက်ဆုံး အမျိုးသားအတွက် (အုပ်တချပ်-သဲတပွင့်) ပါဝင်လုပ်ကိုင်ရမယ်။ အမျိုးသားအတွက် ငါ့သား ပြန်အလုပ်အကြွေးပြုရင်း(သေသွားရင်)ဂုဏ်ရောင်ပြောင်ပြီးကြီးမြတ်တယ်-ငါ့သား။---လို.အဖေ့အသံကိုကြားနေတယ်။(မိုးမိုး)ကတော့ပါးပါးအနားမှာရပ်ပြီး အဖေ့ ပြောစကားကို ထောက်ခံတဲ့အနေနဲ.ပြုံးပြူံးကြီးကြည့်နေတယ်။

စစ်ရေးပြမှူးမှ- (သက်သာ)(အိာုညီ) ဟူသောအမိန်.ပေးသံထွက်လာမှကျနော့အတွေးပြတ်သွားတော့သည်။ ကျနော့နှလုံးသွေးကြောမှစိမ့်ထွက်လာသောမျက်ရည်ဖြူများကိုသုတ်ပြီး (မိုးမိုးနဲ.ပါးပါ)ကို အောက်ပါအတိုင်းဂတိပေးလိုက်သည်။

(မိုးမိုး)(ပါးပါး)- ကျနော်မသေမချင်း (ပါးပါ) ရဲ့လမ်းညွန်မှုကို လုပ်ဆောင်သွားမည်၊ (ပါးပါ) လျှောက်လမ်းခဲ့သော (တော်လှန်ရေး) လမ်းကြောင်းအတိုင်း အောင်ပွဲပန်းတိုင်အရောက် ဆက်လျှောက်သွားမည်၊ (ပါးပါ) နဲ. ကရင်အာဇာနည်များရဲ့ သစ္စာတော်ကိုစောင့်သိရိုသေပါမည်-ဟု သစ္စာပြုလိုက်သည်။

-ကရင့်အာဇာနည်များ ကောင်းရာသူဂတိဘုံနန်းမှာ စံမြန်းရပါစေ-

-ကရင်လက်နက်ကိုင်တပ်ပေါင်းစုံများ ၂၀၁၅ မကုန်မှီပြန်လည်ပေါင်းစည်းနိုင်ပါစေ-

-အဖကရင်ပြည်နဲ.ကရင့်လွတ်လပ်ရေးအတွက် ကရင့်အလံတော်အောက်မှာတစုတဝေးထဲ တိုက်ပွဲဝင်နိုင်ပါစေ-

-ကမ္ဘာတ၀ှမ်းက ကရင်များသွေးစည်းကြ-

ကျဆုံးလေပြီးသောကရင့်အာဇာနည်များကိုအလေးပြုလျက်-



မန်းရောဘတ် ဘဇန်၊
(KNDO)ဌာနချုပ်၊
ကော်သူးလေ-(ကရင်ပြည်)
၀၈၊၁ရ၊ ၂၀၁၄။
Read more

Celebrate 64th Karen Martyr's Day with Heroic DKBA and KNU/KNLA-PC

 Dear Heroic Karen,
Col. Saw San Aung of Klo Htoo Baw tactical command commander invite me to attend their officers annual conference. After the conference we went 64th Karen Martyr's day at Hto Kaw Ko. I saw the heroic Karen two armies join hand with solid determination to free our Karen, to obtain Karen state full of self determination, to protect our Karen lives and properties. Even they wear different uniform they serve Karen and they were real son and daughters of Saw Ba Oo Gyi, General Saw Sankey, Sgaw Maw Lay, Mahn BaZan, Saw Bo Mya, Saw Ba Thin, Saw Tamala Baw, Mahn Sha Lah Phan and fallen Martyr's.  Their determi  nations are: They will never surrender to the brutal Burmese enemy, They will give their lives for Karenland "Kaw Thoo Lei".  Saw Ba OO Gyi's four principles are their credos and line of actions.I believe they are real Karen sons and daughters. 

God bless you all.

Servant of Karen people.







Gen. Taing Gyaw (Bo Be) (DKBA), Mahn and Col. Moo Kho.

Mahn & Gen Naw

Col. Saw Joseph, Mahn and Lt. Col.

DKBA Officers and Mahn




Read more