Fans of Mahn Robert Ba Zan

ကချင်လွှတ်လပ်ရေးတပ်မတော်(KIA)ညီကိုတော်များကို ဗမာတပ်ကစစ်ပြုတိုက်ခိုက်နေမှုအပေါ် (KCM) ၏ထုတ်ပြန်ကျေညာချက်



ကချင်လွှတ်လပ်ရေးတပ်မတော်(KIA)ညီကိုတော်များကို ဗမာတပ်ကရိုင်းစိုင်းစွာစစ်ပြုတိုက်ခိုက်နေမှုအပေါ်
 ကရင်ကွန်မြူနီတီ မီနီဆိုးတား (KCM) ၏ထုတ်ပြန်ကျေညာချက်

ဘ၀တူ သူရဲကောင်း ကချင်ရဲဘော်၊ ရဲမေများခင်ဗျား-
ဘ၀တူ ညီကိုတော် လူမျိုးစုများခင်ဗျား-
ဘ၀တူ လုပ်သားပြည်သူများခင်ဗျား-
၁။ ကြံ့-ဖွတ်သိန်းစိန်စစ်အုပ်စု၏ လက်ကိုင်တုတ် ဗမာစစ်တပ်က ကချင်ညီကိုများကို လူမဆန်စွာ မိုက်မိုက်ရိုင်းရိုင်း လေတပ်အပါအဝင် လက်နက်ကြီးမျိုးစုံနှင့် ကျူးကျော် တိုက်ခိုက်နေမှုကို ကရင်ကွန်မြူနီတီ မီနီဆိုးတား (KCM)မှ ရှုတ်ချလိုက်သည်။
၂။ ဗမာစစ်ဗိုလ်ချုပ်များနှင့် ဗမာ-တရုပ်စီးပွားရေးသမားများ၏ အကျိုးစီးပွားကို အသက်ပေးကာကွယ်နေ သော၊ ကမ္ဘာနှင့်ကျွန်ုပ်တို့လူမျိုးစုံပြည်သူတရပ်လုံးကိုလိမ်ညှာ လှည့်ပြားနေသော၊ ရောင်ပြဒီမိုကရေစီပြုပြင် ပြောင်းလဲရေးကို လူကြားကောင်းအောင် ကုန်းအော်နေသော၊ ကြံ့-ဖွပ်သိန်းစိန် ဘောင်းဘီချွပ်-ဘောင်းဘီဝတ် စစ်အုပ်စု၏ လေတပ်အပါအဝင် လက်နက်ကြီးမျိုးစုံအသုံးပြု၍ နယ်ချဲ့ကျူးကျော်တိုက်ခိုက်နေမှုကို ရဲရဲတောက် ခုခံတိုက်ခိုက်နေသော ကချင်သူရဲကောင်း ရဲဘော်ရဲမေများကို လေးစားစွာဂုဏ်ပြုအပ်ပါသည်။
၃။ ကျန်ုပ်တို့နိုင်ငံတကာရောက်ကရင်တမျိုးသားလုံးနှင့် ဘ၀တူလူမျိုးစုများမှာ ရဲဘော်တို့နှင့်အတူရှိနေပါသည်။ ရဲဘော်တို့၏ တော်လှန်သည့် သံမဏိစိတ်ဓါတ်၊ သူ့ကျွန်မခံသည့်စိတ်ဓါတ်၊ မျိုးချစ်စိတ်ဓါတ်တို့ကို ထပ်မံအလေး ပြုအပ်ပါသည်။
၎။ ယခုရန်သူသည် လွန်ခဲ့သည့် ၁၉၉ရ ခုနှစ်တုန်းကပင် ကျွန်ုပ်တို့ကို ယခုကဲ့သို့စစ်အင်အားအလုံးအရင်းနှင့် ကျူးကျော်စစ်ပြုတိုက်ခိုက်ခဲ့သော်လည်း အရှက်တကွဲအကျိုးနည်းစွာနှင့် ပြည်လည်ထွက်ပြေးကြရသည်။ ကချင် ရဲဘော်ရဲမေများကို နယ်ချဲ့ကျူးကျော်တိုက်ခိုက်နေသည်မှာ တနှစ်ကျော်ခဲ့သည့်တိုင် သုံညဘ၀တွင်ရှိနေသည်၊ အရှက်တကွဲအကျိုးနည်းနေသည်။ အရှက်ရနေသည်။ ကျူးကျော်နယ်ချဲ့သူတို့ရမည့်ဆုလာဒ်ဖြစ်သည်။ မကြာမှီ အပစ်ရပ်အဖွဲ့များ ရန်သူကြံ့-ဖွပ်သိန်းစိန်စစ်အုပ်စု၏ လှည့်စားမှုကိုနားလည်ပြီး ပြည်လည်ဆန့်ကျင် တိုက်ခိုက် တော့မည့်ရက်သည် မဝေးတော့ပေ။
၅။ သူ့ကျွန်ဖြစ်သည်ထက် အမျိုးသားလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ရင်းသေခြင်းက ပိုမြတ်သည်ဟု ဩဝါဒပေးခဲ့သော ကရင်အမျိုးသား ခေါင်းဆောင်ကြီး စောဘဦးကြီး၏ သစ္စာတရားကို ကျွန်ုပ်တို့ကဲ့သို့စွဲကိုင်ပြီး တိုက်ပွဲဝင်ပြီး တော်လှန်စစ်တံခွန်ကို ငွါးငွါးစွင့်စွင့်လွင့်ထူထားပါရန် ပန်ကြားပါသည်။
-သူရဲကောင်း ကချင်ရဲဘော်ရဲမေများ သက်တော်ရှည်ကြပါစေ၊
-တိုက်ပွဲတရာ အောင်ပွဲတရာ ရကြပါစေ၊
-ဘ၀တူ လူမျိုးစုများ သွေးစည်းကြ၊
-ဘ၀တူ လူမျိုးစုံပြည်သူများ သွေးစည်းကြ၊
-ကချင်အမျိုးသားလွတ်မြောက်ရေးတော်လှန်ရေး မုချအောင်ရမည်။

အမှုဆောင်ကော်မတီ၊
ကရင်ကွန်မြူနီတီ မီနီဆိုးတား (KCM)
အမေရိကန်ပြည်ထောင်စု။
၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ-၅ ရက်။

499 Wacouta St, Saint Paul, MN – 55101, Phone. (651) 500-2102, Email : <sawkcm@yahoo.com>

Read more

ကရင်နှစ်သစ်ကူးနေ့အတွက် (KCM)မှ ပေးပို့သော သဝဏ်လွှာ။


 ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်နေတွင်ကျရောက်သည့် ကရင်နှစ်သစ်ကူးနေအတွက် ကရင်ကွန်မြနီတီ မီနီဆိုးတား (KCM)မှ ပေးပို့သော သဝဏ်လွှာ။
ပြည်တွင်း-ပြည်ပရှိ မျိုးချစ်ကရင်များခင်ဗျား-
သူရဲကောင်းပီသသော ကရင်လက်နက်ကိုင်တပ်ပေါင်းစုံမှ ရဲဘော်ရဲမေများခင်ဗျား-
ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံသည့် ကရင်နှစ်သစ်ကူးနေ့အတွက် သဝဏ်လွှာပါးအပ်ပါသည်။

ကရင်မျိုးချစ်ခေါင်းဆောင်ကြီးများသည် ကရင်တမျိုးသားလုံးအတွက်လိုအပ်နေသော ကရင်အမျိုးသားနှစ်သစ် ကူးနေ့၊ ကရင်အမျိုးသားအလံတော်တို့ကို အာဏာပိုင်များထံ ငြိမ်းချမ်းစွာတောင်းဆိုနိုင်ခဲ့သည်။ ထိုအသီး အပွင့်များကို ရယူနိုင်ခဲ့သော ကရင်မျိုးချစ်ခေါင်းဆောင်ကြီးများကို ဂုဏ်ယူအလေးပြုအပ်ပါသည်။

တဖန် ကရင်တမျိုးသားလုံးအတွက်လိုအပ်လျက်ရှိသည့် တန်းတူရေးနှင့်ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော ကရင်ပြည် ရရှိရေးအတွက် KNA, BKNA, KCO နှင့် KYO ကရင်အဖွဲ့အစည်းများမှ မျိုးချစ်ကရင် ခေါင်းဆောင်များစုစည်း၍(KNU) ကရင်အမျိုးသားတပ်ပေါင်းစုကြီးကို ဖွဲ့စည်း၍ (ဖ၊ဆ၊ပ၊လ) အစိုးရထံ ငြိမ်းချမ်းစွာတောင်းဆိုခဲ့ပါသည်။ (ဖ၊ဆ၊ပ၊လ) အစိုးရသည် ကရင်အမျိုးသားများ၏တောင်းဆိုမှုကို ငြိမ်းချမ်းစွာ မဖြေရှင်းဘဲ စစ်ပြုတိုက်ခိုက်လာမှုကြောင့် ကရင်တမျိုးသားလုံးမှ မလိုအပ်သောလက်နက်ကိုင်တိုက်ပွဲကို ယနေ့တိုင်ဆင်နွှဲနေရသည်။

လက်နက်ကိုင်တိုက်ပွဲစတင်ခဲ့သည့် ၁၉၄၉ ခုနှစ်မှ ယနေ့ ၂ဝ၁၃ ခုနှစ်ထိ ကရင်လူမျိုးဂုဏ်သိက္ခာကို ထိန်းသိမ်းကာကွယ်ခဲ့သည်။ ကရင့်တော်လှန်ရေးအောင်တံခွန်ကို ငွါးငွါးစွင့်စွင့်လွင့်ထူနိုင်ခဲ့သည့်၊ ဖေါက်ပြန်သည့် အုပ်စိုးသူအဆက်ဆက်ကို ဖြုတ်ချနိုင်ခဲ့သည့်၊ ရန်သူ၏ထိုးစစ်ကြီးများကို ရိုက်ချိုးနိုင်ခဲ့သည့် သူရဲကောင်းပီသ သော ကရင်ခေါင်းဆောင်များ၊ ကရင်လက်နက်ကိုင်တပ်ပေါင်းစုံမှ အရာရှိ၊အရာခံ၊အကြပ်၊အောင်စစ်သည်တော် များနှင့် သူရဲကောင်းကရင်ပြည်သူများကို ဂုဏ်ယူအလေးပြုအပ်ပါသည်။

ပြည်တွင်း-ပြည်ပရှိ မျိုးချစ်ကရင်များခင်ဗျား-
သူရဲကောင်းပီသသော ကရင်လက်နက်ကိုင်တပ်ပေါင်းစုံမှရဲဘော်ရဲမေများခင်ဗျား-
မြတ်တရားသည့် ကရင့်လက်နက်ကိုင်တော်လှန်ရေးသည် နှစ်ပေါင်း(၆ဝ) ကျော်ခဲ့ပါပြီ၊ သို့သော် ကရင် တမျိုးသားလုံးမှလိုအပ်နေသည့် (အဖကရင်ပြည်၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး၊ တရားဥပဒေစိုး မိုးရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိမည့် ပြည်နယ်ပေါင်းစုဖယ်ဒရယ်ပြည်ထောင်စု)ကို ယနေ့တိုင်မရရှိသေးပါ။ ဆက်လက်၍ တိုက်ပွဲဝင်ကြရဦးမည်ဖြစ်သည်။ ကရင့်တော်လှန်ရေး အောင်ပွဲဆင်နိုင်ရေးအတွက် အောက်ပါ အချက်များကို အကြံပြုအပ်ပါသည်။

၁။ ကေ၊အဲန်၊ယူ မှ ကမကထ ပြု၍ ပြည်တွင်း-ပြည်ပရှိ ကရင်နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရး၊ လူငယ်၊ အမျိုးသမီးအဖွဲ့အစည်းများ ပါဝင်သည့် အမျိုးသားညီလာခံကြီးကျင်းပ၍ (ကရင်အမျိုးသား ညီညွတ်ရေးအဖွဲ့ချုပ်) (Karen National United League)ကို ဖွဲ့စည်းရန်။

၂။ ကရင်လက်နက်ကိုင်တပ်မတော်များဖြစ်သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA, KNLA/KNU နှင့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA) တို့ကိုစုဖွဲ့၍ (ကရင်အမျိုးသား လုံခြုံရေးနှင့်ကာကွယ်ရေးတပ်မတော်) Karen Security and Defense Army (KSDA) ဖွဲ့စည်းရန်။
၃။ ကရင်အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးတပ်မတော် (KSDA)ပါဝင်သည့် UNCF တပ်မတော်များဖြင့် (ဖယ်ဒရယ်တပ်မတော်)ကို ဖွဲ့စည်းရန်။--ဖြစ်သည်။

ပြည်တွင်း-ပြည်ပရှိ မျိုးချစ်ကရင်များခင်ဗျား-
သူရဲကောင်းပီသသော ကရင်လက်နက်ကိုင်တပ်ပေါင်းစုံမှ ရဲဘော်ရဲမေများခင်ဗျား-
ယနေ့ ကြံ့ဖွတ်-သိန်းစိန်စစ်အာဏာရှင် ဘောင်းဘီချွတ်-ဘောင်းဘီဝတ် စစ်အုပ်စုဟာ ဒီမိုကရေစီ ယောင်ပြပြုပြင်ရေးတချို့ကို လိမ်မာပါးနပ်စွာနှင့်လုပ်ပြပြီး မြန်မာပြည်သူနဲ့ကမ္ဘာကို လှည့်စားနေပါတယ်။ နိုင်ငံရေးစကားမပြောဘဲ အတုအယောင်အပစ်အခတ်ရပ်စဲရေးနှင့် စီးပွားရေးဖွံ့ရေးကို ဇောင်းပေးလုပ်နေပါ တယ်။ (၁၅)ကြိမ်မြောက် ကေ၊အန်၊ယူညီလာခံမှ ရွေးကောက်တင်မြောက်ခံရတဲ့ခေါင်းဆောင်များကို သတိပေး လိုပါတယ်။
၁။ စစ်အာဏာရှင်စနစ်ကိုထိန်းသိမ်းကာကွယ်တဲ့၊ စစ်ဗိုလ်ချုပ်တွေရဲ့ ကိုယ်ကျိုးစီးပွားဟူသမျှကိုထိန်း သိမ်းကာကွယ်တဲ့၊ တိုင်ရင်းသားလူမျိုးစုံပြည်သူတွေကိုရာသက်ပန်ကျွန်ပြုမဲ့၊ (၂ဝဝ၈) ဖွဲ့စည်းပုံ တစုံလုံးကို မပြင်သမျှ၊ ကရင်နဲ့ လူမျိုးစုံပြည်သူတရပ်လုံးအတွက် လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး၊ စီးပွားရေးဖွံ့ဖြိုးတိုး တက်မှု၊ ဥပဒေစိုးမိုရေးနှင့်၊ ပြည်နယ်ပေါင်းစု ဖယ်ဒရယ်ပြည်ထောင်စု မည်သည့်အခါမှ ပေါ်ပေါက်လာမည် မဟုတ်။
၂။ အပစ်အခတ်ယာယီရပ်စဲစဉ် လက်နက်ကိုင်တော်လှန်ရေးလုပ်ငန်းစဉ်ဟူသမျှ မျက်ခြေမပြတ်ရန်၊ ရန်သူ့ စီမံချက်များကို သတိရှိရှိစောင့်ကြည့်ရန်၊ (၂ဝဝ၈ ဖွဲ့စည်းပုံ တစုံလုံးကိုမပြင်သမျှ ငြိမ်းချမ်းရေးမရနိုင်ဟု မိမိတို့ ယုံကြည်သည်)။
၎။ ကရင်အမျိုးသားများ၏ နိုင်ငံရေးတောင်းဆိုမှုတစုံတရာ အာမခံချက်မရှိဘဲ စီးပွားရေးလုပ်ငန်းများ မလုပ် ရန်၊ စီးပွားရေးလုပ်ငန်းများ အနှိမ့်ဆုံးအဆင့်မှစလုပ်လျှင် ကေ၊အဲန်၊ယူဆောင်များ၏ စီးပွားရေးစစ်တမ်း များကို ကောက်ယူထားရန်--ဖြစ်သည်။
-ခေါင်းဆောင်ကြီးစောဘဦးကြီး၏သစ္စာတရား (၄)ပါးကို ခိုင်မြဲစွာကိုင်စွဲကြ-
-ကရင့်ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းကာကွယ်ကြ-
-ကျဆုံးလေပြီးဖြစ်သော ကရင်အာဇာနည်အပေါင်းအား သစ္စာရှိကြ-

အမှုဆောင်ကော်မီတီ၊
ကရင်ကွန်မြူနီတီ မီနီဆိုးတား(KCM)
အမေရိကန်ပြည်ထောင်စု။
၂ဝ၁၃ခုနှစ်၊ ဇန်နဝါရီလ (၁၂)ရက်။

499 Wacouta St, Saint Paul, MN – 55101, Phone. (651) 500-2102, Email : <sawkcm@yahoo.com>
Read more

ဗိုလ်ချုပ်စောလားပွယ် (DKBA) ၏ စက်တင်ဘာလ (၁၁) ရက်နေ့ ထုတ်ပြန်ချက် နှင့်ပတ်သက်၍ KCM ၏ သဘောထားထုတ်ပြန်ချက်


ဗိုလ်ချုပ်စောလားပွယ် (DKBA) ၏ စက်တင်ဘာလ (၁၁) ရက်နေ့ ထုတ်ပြန်ချက် နှင့်ပတ်သက်၍  KCM ၏ သဘောထားထုတ်ပြန်ချက်

KKO နာယကအဖွဲ့ဝင် လူကြီးများ၏ ဆုံးဖြတ်ချက် တစ်စုံတရာမပါဘဲ ဒီမိုကရေစီနည်းအ၇   ရွေးကောက်တင်မြှောက်ထား သော အလုပ်အမှုဆောင်ကော်မတီဉက္ကဌ မန်းရောဘတ်ဘဇန် နှင့် အထွေထွေအတွင်းရေးမှုးဖြစ်သည့် စောဂုဏ်အောင် တို့အား တာဝန်မှရပ်ဆိုင်းလိုက်သည့် ဗိုလ်ချုပ်စောလားပွယ်၏ ထုတ်ပြန်ကြေညာချက်အပေါ် KCM မှ ရှုတ်ချသည်။

စောလားပွယ်၏ ထုတ်ပြန်ေ-ကညာချက်နှင့်ပတ်သက်၍ မိမိတို့ KCM  မှ   အောက်ပါအတိုင်း သုံးသပ်သည်။ 

KKO အလုပ်အမှုဆောင်ကော်မတီ ဉက္ကဌမန်းရောဘတ်ဘဇန် နှင့် အထွေထွေအတွင်းရေးမှုး ဖြစ်သည့် စောဂုဏ်အောင် တို့အား တာဝန်မှရပ်ဆိုင်းလိုက်ရခြင်းသည် ပြည်ပနိုင်ငံသားများအဖြစ် ခံယူထားသောကြောင့် ကလိုထူးဘောကရင် အစည်းအရုံး၏ ရှေ့နိုင်ငံရေး လုပ်ငန်းစဉ်များတွင် အဟန့်အတားဖြစ်လာနိုင်သည်ဟု စောလားပွယ်မှဖော်ပြထားသည်။

ကလိုထူးဘော ကရင်အစည်းအရုံးအား စတင်တည်ထောင်ခဲ့သည့်အချိန်ကတည်းက မန်းရောဘတ်ဘဇန်သည် ပြည်ပ နိုင်ငံသားအဖြစ်ခံယူထားသူတစ်ဉီးဖြစ်သည်ကို ဗိုလ်ချုပ်စောလားပွယ် အပါအဝင် DKBA  တပ်မှုးတပ်ဖွဲ့ဝင်များအားလုံး သိရှိထားပြီး ဖြစ်သည်။

မန်းရောဘတ်ဘဇန်သည် မိမိတို့ KCM တွင်အရေးပါအရာရောက်သည့်နေရာမှ အမျိုးသားရေး လုပ်ငန်းတာဝန်များကို ထမ်းဆောင်နေသူဖြစ်သည်။ စောလားပွယ်ဉီးဆောင်သည့် DKBA တပ်အချို့မှ တရားမျှတမှုမရှိသော စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင်ပြီး ပြည်သူဖက်မှ ရပ်တည်ခဲ့သည့်အပေါ် မိမိတို့ KCM မှအပြည့်အဝထောက်ခံခဲ့ သည်နှင့်အညီ မန်းရောဘတ်ဘဇန်အား  စောလားပွယ်မှ ၄င်း၏တပ်ဖွဲ့အား နိုင်ငံရေးဉီးဆောင်မှုပေးရန် အကူအညီ တောင်းခံလာသည့်အပေါ် မိမိတို့မှ မန်းရောဘတ်ဘဇန်အား ခွင့်ပြုခဲ့သည်။ သို့သော် ယခုအချိန်၌ စောလားပွယ်သည် ၄င်း၏တစ်ဉီးတည်းဆန္ဒဖြင့် KKO ဉက္ကဌမန်းရောဘတ်ဘဇန်အား ပြည်ပနိုင်ငံသားအဖြစ် ခံယူထားသောကြောင့် တာဝန်မှ ရပ်ဆိုင်းလိုက်သည်ဟုဆိုခြင်းမှာ လုံးဝဆီလျှော်မှုမရှိပါ။

စောလားပွယ်အနေဖြင့် ဤကဲ့သို့လုပ်ဆောင်ခြင်းသည် ဒီမိုကရေစီကျင့်စဉ်လမ်းကြောင်း နှင့် သွေဖီ၍ စစ်အာဏာရှင်တို့၏ လုပ်ထုံးလုပ်နည်း အတိုင်းလုပ်ဆောင်လိုက်ခြင်းဖြစ်သည်ဟု မိမိတို့မှသုံးသပ်သည်။ ထိုလုပ်ရပ်သည် DKBA နှင့် KKO အဖွဲ့အစည်းအပေါ် အားပေးထောက်ခံကြသော ပြည်တွင်းပြည်ပ   နိုင်ငံရေး လူမှုရေး အဖွဲ့အစည်းများ၏ယုံကြည် မှုများကို ဖျက်စီးလိုက်ခြင်းဖြစ်သည်။

အနာဂါတ်နိုင်ငံရေးဟုဆိုသော စောလားပွယ်၏ နယ်မြေစည်းခြား ဘောင်ခတ်ထားသည့် ကျဉ်းမြောင်းသော အမြင်အရ ထိုင်းနိုင်ငံချင်းမိုင်မြို့တွင်    ပြုလုပ်သည့်   တိုင်းရင်းသား အဖွဲ့ပေါင်းစုံအစည်းအဝေးတစ်ခုအား တက်ရောက်ရန်ထွက်ခွာသွားသော ဉက္ကဌမန်းရောဘတ်ဘဇန် နှင့် အထွေထွေ အတွင်းရေးမှုးစောဂုဏ်အောင် တို့အား တာဝန်မှရပ်ဆိုင်းလိုက်ခြင်းသည် အကြောင်းပြချက် တစ်ခုသာဖြစှုပီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် စစ်မှန်သော အနာဂတ်ဖယ်ဒရယ်
ပြည်ထောင်စုတစ်ခု ပေါ်ပေါက်ရေးထက် ၄င်းအပေါ် လက်ရှိစစ်အစိုးရမှ မငြိုငြင်ရေးကိုသာ အဓိကအလေးထားလျှက်ရှိ ကြောင်း သိသာထင်ရှားစွာပြသလိုက်ခြင်းဖြစ်ပေသည်။ သို့ဖြစ်၍ မိမိတို့မှ သုံးသပ်သည်မှာ စောလားပွယ်နှင့် တချို့ သော DKBA တပ်မှုး များသည် စစ်အစိုးရ၏ တစ်စုံတစ်ရာ သွေးထိုးလှုပ်ဆော်ခြင်း၊ စစ်ရေး နိုင်ငံရေးအရ ဖိအားပေးခြင်းများအောက်၌ရှိနှေုပီး တပ်ဖွဲ့အတွင်း ရန်သူ၏ထိုးဖောက်ဝင်ရောက်မှုများလည်း ရှိနေပီဟု မိမိတို့မှ ယုံကြည်သည်။   စောလားပွယ်၏ လုပ်ဆောင် မှုများသည် မန်းရောဘတ်ဘဇန် နှင့် စောဂုဏ်အောင် တို့၏ ဂုဏ်သိက္ခာကို
များစွာထိခိုက်စေသောကြောင့် မိမိတို့ KCM မှ ပြင်းထန်စွာရှုတ်ချလိုက်သည်။ 

အလုပ်အမှုဆောင်ကော်မတီ
ကရင်ကွန်မြူနီတီ မီနီဆိုးတား (KCM)
အမေရိကန်ပြည်ထောင်စု။
စက်တင်ဘာ (၂၂)ရက်၊ ၂၀၁၂ ခုနှစ်။


       499 Wacouta St,   Saint Paul, MN – 55101,  Phone. (651) 500-2102, Email :  <sawkcm@yahoo.com>
Read more

ဗိုလ်ချုပ်စောလားပွယ်၏ ထုတ်ပြန်ချက်ပေါ်ထွက်လာပြီးနောက် မန်းရောဘဇန် ပြန်လည်ပြောကြားခဲ့သော ရုပ်သံ

Read more

KKO celebrated wrist tying ceremony

Read more

(62nd )Anniversary of Karen Martyr’s Day

Read more

KKO နှင့် DKBA တို့မှ ကြီးမှူးကျင်းပသော (၆၂) နှစ်မြောက် ကရင့်အမျိုးသား အာဇာနည်များနေ့သို့ ပေးပို့သော (KCM) ကရင်ကွန်မြူနီတီ မီနီဆိုးတား၏ သဝဏ်လွှာ


ကလိုထူးဘော ကရင်အစည်းအရုံး (KKO) နှင့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) တို့မှ ကြီးမှူးကျင်းပသော (၆၂) နှစ်မြောက် ကရင့်အမျိုးသား အာဇာနည်များနေ့သို့ ပေးပို့သော (KCM) ကရင်ကွန်မြူနီတီ မီနီဆိုးတား၏ သဝဏ်လွှာ

ကလိုထူးဘော ကရင်အစည်းအရုံး (KKO) နှင့် (DKBA)  မှ ကရင့်အမျိုးသားခေါင်းဆောင် အရာရှိ၊ အရာခံ၊ အကြပ်တပ်သားများ၊ လုပ်ဖော်ကိုင်ဖက်များနှင့် ဒေသအသီးသီးတွင်ရှိကြသော ကရင်ပြည်သူများအားလုံး ကျန်းမာရွှင်လန်းနိုင်ကြပါစေကြောင်း မိမိတို့မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

ယနေ့သည် ကရင်အမျိုးသားထုတရပ်လုံး၏ နေ့ထူးနေ့မြတ်များထဲမှ နေ့တရက်ဖြစ်ပြီး ကရင်လူမျိုးများအပေါ် ဖိနှိပ်အနိုင်ကျင့်မှု၊ ကျွန်ပြုမှုနှင့် မတရားမှုများမှ လွတ်မြောက်ရန် တော်လှန်တိုက်ပွဲဝင်ရင်း အသက်ပေးလှူသွားခဲ့ကြသော အမျိုးသားခေါင်းဆောင်ကြီး စောဘဉီးကြီးနှင့် ဗိုလ်ချုပ်စိုင်းကေ အပါအဝင်ရဲဘော်များအားလုံး၊ ကရင့်တော်လှန်ရေးအပေါ် ပုံစံအမျိုးမျိုးဖြင့် ကျရာအခန်းကဏ္ဍမှ ထောက်ပံ့ကူညီရင်း အသက်စတေးခံခဲ့ကြရသော ရဟန်းရှင်လူ၊ ပြည်သူအပေါင်းတို့
အား ဂုဏ်ပြုသော ဂုဏ်ရောင်ပြောင်မြောက်သည့် ကရင့်အာဇာနည်များနေ့လည်းဖြစ်ပါသည်။

မိမိတို့ကရင်အမျိုးသားများ၏ ရဲရင့်သောသတ္တိ၊ မဟုတ်မခံသောစိတ်၊ မဆုတ်မနစ်သောဇွဲတို့ဖြင့် ကရင့်တော်လှန်ရေး၏ နှစ်ပေါင်း (၆၀) ကျော်ကာလ အတွင်းထောင်ပေါင်းများစွာသော အာဇာနည်များပေါ်ပေါက်ခဲ့ပြီးဖြစ်သကဲ့သို့ ဆက်လက်၍ တိုက်ပွဲဝင်နေဆဲလည်းဖြစ်ပါသည်။ ယနေ့ကာလသည် မြန်မာပြည်တွင်းနှင့်ပြည်ပနေရာအနှံ့တွင်ရှိကြသော ဘာသာပေါင်းစုံမှ ကရင်လူမျိုးများနှင့် ကရင့်လက်နက်ကိုင်အဖွဲ့အစည်း အသီးသီးမှ ကရင်အမျိုးသားများအားလုံး တလုံးတဝတည်းစည်းလုံးညီညွတ်မှုရှိရန် အရေးကြီးသော အချိန်ကာလဖြစ်ပါသည်။

ယနေ့မျက်မှောက်ကာလ မြန်မာပြည်အစိုးရအနေဖြင့် ဒီမိုကရေစီဖေါ်ဆောင်ရေးလုပ်ငန်းများအား ဆောင်ရွက်လာသည်ဟု ဆိုနေသော်ငြားလည်း ခေတ်နောက်ပြန်ဆွဲလိုသည့် အချို့သော စစ်အာဏာရှင်စနစ် အကြွင်းအကျန်များမှ မြန်မာနိုင်ငံအား နည်းမျိုးစုံဖြင့် ဆက်လက်ကြီးစိုး၊ မင်းမူလိုစိတ်ရှိနေသေးသည်ကို တိုင်းရင်းသားဒေသများသို့ စစ်ဆင်တိုက်ခိုက်နေမှုများအား ကြည့်ခြင်းဖြင့် သိရှိနိုင်ပါသည်။

ထို့အပြင် မြန်မာပြည်တွင်းရှိ အခြားလူမျိုးစုငယ်များအပါအဝင် ကရင်လူမျိုးများအတွင်း အချင်းချင်း ရန်လိုမုန်းတီးသတ်ဖြတ်ကြရန်နှင့် ကရင်တမျိုးသားလုံး၏ညီညွတ်ရေးတည်ဆောက်မှုလုပ်ငန်းများအား ဟန့်တားနိုင်ရန် နည်းလမ်းပေါင်းစုံဖြင့် စနစ်တကျ ကြံစည်လျှက်ရှိပါသည်။ ထို့ကြောင့် ကရင့်အမျိုးသားများအနေဖြင့်မြန်မာအစိုးရနှင့် ဆက်စပ်လုပ်ကိုင်ဆောင်ရွက်သွားရမည့် မည်သည့်ကိစ္စရပ်များကိုမဆို မိမိတို့အမျိုးသားအချင်းချင်း ထိတွေ့ညှိနိုင်းတိုင်ပင်ပြီး ဆင်ခြင်လုပ်ကိုင်ကြရန်တိုက်တွန်းနိုးဆော်အပ်ပါသည်။

မိမိတို့ (KCM) အနေဖြင့် မိခင်အဖွဲ့အစည်းဖြစ်သော (KNU) ၏ ဉီးဆောင်မှုအား ဆက်လက်ခံယူသွားမည် ဖြစ်သကဲ့သို့ ယနေ့  ကရင့်အမျိုးသားခေါင်းဆောင်ကြီး စောဘဉီးကြီး၏ မူဝါဒလေးချက်ကို အခိုင်အမာဆုပ်ကိုင်လျှက်ရှိသောကလိုထူးဘော ကရင်အစည်းအရုံး (KKO) နှင့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)  တို့၏ ရပ်တည်ချက်၊ ခံယူချက်နှင့် ကရင်ပြည်သူလူထုအပေါ် သစ္စာစောင့်သိမှုများအား အလေးအနက်ထောက်ခံအားပေးသွားမည်ဖြစ်သည်။ ရဲဘော်အပေါင်း
ကျန်းမာရွှင်လန်းနိုင်ကြပါစေကြောင်း ထပ်မံ၍ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

အောင်ပွဲသည် တိုက်ရဲသူတို့အတွက်ဖြစ်သည်ဆိုသော ဆောင်ပုဒ်အတိုင်း မိမိတို့ကရင်အမျိုးသားများ၏ လွတ်မြောက်ရေးတိုက်ပွဲအတွင်း အသက်ပေးသွားခဲ့သော အာဇာနည်များနှင့် ဆက်လက်၍ တော်လှန်တိုက်ပွဲဝင်နေကြသော ကရင့်အမျိုးသားရဲဘော်အပေါင်းတို့အား အစဉ်ဉီးညွတ်အလေးပြုလျှက် ဤသဝဏ်လွှာအား ပေးပို့အပ်ပါသည်။

အလုပ်အမှုဆောင်ကော်မီတီ

(KCM)

စိန့်ပေါလြ် မို့
အမေရိကန်ပြည်ထောင်စု
Read more

(၆၂) ကြိမ်မြောက် ကရင်အာဇာနည်နေ့မှ ဖူးကီးဒို ၏ မိန့်ခွန်း






(၆၂) ကြိမ်မြောက် ကရင်အမျိုးသားအာဇာနည်များ နေ့တွင်ပြောကြားသော ကလိုထူး ဘော
ကရင်အစည်းအရုံး (KKO) ဥက္ကဌ မန်းရောဘတ် ဘဇန် ၏ မိန့်ခွန်း
(သြဂုတ်လ ၁၂ ရက်၊၂ဝ၁၂)


ကရင်အမျိုးသားများနဲ့ ကရင့်လက်နက်ကိုင်တပ်ပေါင်းစုံမှသူရဲကောင်းအပေါင်းတို့-

 ဒီနေ့ကျရောက်တဲ့(၆၂)ကြိမ်မြောက်ကရင်အမျိုးသားအာဇာနည်များနေ့မှာ စကားပြောခွင့်ရလို့ ကျေးဇူးတင်ရှိပါတယ်။ ကရင့်အာဇာနည်အပေါင်းဟာ ကရင်တမျိုးသားလုံးကိုမျိုးဖြုတ်ပြီး ပြတိုက်ထဲပို့မဲ့ကရင့်ရန်သူအဆက်ဆက်ကို ရဲရဲတောက်တိုက်ပွဲဝင် ယင်းအာဇာနည်ပီပီ ကျဆုံးခဲ့ကြတာဖြစ်တယ်။ သူတို့ရဲ့တန်ဘိုးမဖြတ်နိုင်တဲ့ပေးဆပ်မှုကြောင် ကရင်တမျိုးသားလုံးဒီနေ့အထိ အသက်ရှင်နေထိုင်ကြရတာဖြစ်တယ်။ ကရင့်အာဇာနည်တွေရဲ့ကရင်အမျိုးသားလွတ်မြောက်ရေး၊ ဒီမိုကရေစီရေးနဲ့ ငြိမ်းချမ်းရေးအတွက် မြတ်တရားတဲ့ခုခတော်လှန်စစ်ဆင်နွဲယင်း ကရင်ပီပီ
ံကျဆုံး ကြရခြင်းဟာ ဂုဏ်ရောင်ပြောင်ပြီးကြီးမြတ်လှပါတယ်။

ကရင့်အာဇာနည်အထောင်အသောင်းမျှော်မှန်းခဲ့တဲ့ကရင့်လွတ်လပ်ရေးဟာပြီးပြည့်စုံမှုမရှိသေးဘူး။ကရင်ပြည်သူလူထုရဲ့ဆန္ဒနဲ့ရွေးကောက်တင်မြောက်ထားတဲ့ ကရင်ပြည်နယ်အစိုးရအုပ်ချုပ်ခွင့်မရသေးဘူး။ အဲဒီလိုသူတပါးအုပ်ချုပ်ခံနေရမယ်ဆိုရင်ကရင်တွေဟာ (ကျွန်) တွေဖြစ်နေဦးမှာဘဲ။ ကျွန်ဖြစ်ပြီးဆိုတာနဲ့မျိုးဖြုတ်သုတ်သင်ခံရတော့မှာမလွဲဘူး။ ကရင်တမျိုးလုံးအပေါ်ကျရောက်နေတဲ့အန္တရာယ် ဟူသမျှကိုကာကွယ်ဘို့ ကရင်တမျိုးသားလုံးအတွက်အောက်ပါ (ဘုံ) လုပ်ငန်းများကိုလုပ်ကြပါရန် မေတ္တာရပ်ခံပါတယ်။

၁) ပြည်တွင်းပြည်ပကရင့်လူ့အဖွဲ့အစည်းအတွင်းရှိပါတီအဖွဲ့အစည်းများ၊ဘာသာရေးအဖွဲ့အစည်းများ၊လူမှု
ရေးအဖွဲ့အစည်းများ၊ဒေသမရွေး၊မျိုးနွယ်စုမရွေး၊ကျားမမရွေးသွေးစည်းခိုင်မာ၍ကရင်အမျိုးသားအလံတော်
အောက် ရောက်ရှိရေး၊

၂) အာဇာနည်ခေါင်းဆောင်ကြီးစောဘဦးကြီး၏သစ္စာလေးပါး (ဝါ) မူလေးချကအပေါ်သစ္စာစောင့်သိရိုသေရေး၊
၃) ဘဝတူညီကိုတော်လူမျိုးစုများ၊ဒီမိုကရေစီအင်အားစုများ၊ကျောင်းသား၊လူငယ်၊အမျိုးသမီးထုတရပ်လုံးနှင့်
သွေးစည်းခိုင်မာရေး တည်ဆောက်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေး အရယူသွားမည်။

 ကရင်အမျိုးသားများနဲ့ ကရင့်လက်နက်ကိုင်တပ်ပေါင်းစုံကသူရဲကောင်းအပေါင်းတို့-

မျက်မှောက်အခြေအနေမှာ ကရင်အမျိုးသားလွတ်မြောက်ရေး၊ ဒီမိုကရေစီရေးနဲ့ငြိမ်းချမ်းရေးတည်ဆောက်ဘို့
အပစ်အခတ်ရပ်စဲပြီးစားပွဲဝိုင်းပေါ်မှာဆွေးနွေးနေကြတယ်။ 
(ကရင်ပြည်ပြီးပြည့်စုံမှု) မရသေးဘူးဆိုတာမမေ့သင်ဘူး။
မိမိတို့ရဲ့ မဟာဗျူဟာ နဲ့နည်းဗျူဟာတွေကို ခိုင်ခိုင်မာမာဆုတ်ကိုင်ထားကြပါ။ ကရင့်လွတ်လပ်ရေးအတွက်
(စီးပွားရေး)လုပ်ငန်းများလုပ်ကိုင်ကြရမယ်၊ ဒီစီးပွားရေးလုပ်ငန်းဟာကရင်ပြည်သူတွေအတွက်ဘြဲဖစ်ရမယ်။  ကိုယ်ကျိုးရှာ အချောင်သမားတွေအတွက်မဖြစ်ရဘူး။

နိဂုံးချုပ်အနေနဲ့ပြောလိုတာက(ပြီးပြည့်စုံတဲ့ ကရင့်လွတ်လပ်ရေးရဘို့ ခေါင်းဆောင်ကြီးစောဘဦးကြီးရဲ့ သစ္စာတရားလေးပါး (ဝါ) မူလေးချကကို ခုင်ခိုင်မာမာဆုတ်ကိုင်ကြမယ်---လို့ သစ္စာပြုလိုက်ပါတယ်။ ကျေးဇူးတင်ပါတယ်။ 





Read more

သွေးစည်းခိုင်မာရေးအတွက် အဆင့် ၄ဆင့်ပါ လမ်းပြမြေပုံ KKO ထုတ်ပြန်



အမျိုးသားသွေးစည်းခိုင်မာရေးကို ရှေးရှု၍ ရှေ့ဆက်လုပ်ဆောင်သွားမည့် လုပ်ငန်းအစီအစဉ်များကို အများပြည်သူလူထု သိရှိရန် အမျိုး သားလွတ်မြောက်ရေး၊ ဒီမိုကရေစီရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး စသည့်အဆင့် ၄ဆင့်ပါသည့် လမ်းပြမြေပုံကို ကလိုထူးဘော ကရင်အစည်းအရုံး(KKO)မှ ယမန်နေ့က ထုတ်ပြန်လိုက်သည်။

KKO ထွေထွေအတွင်းရေးမှူး စောဂုဏ်အောင်က “တဆင့်ချင်း လုပ်သွားမယ့်နေရာမှာ ပတ်သက်နေတဲ့ ကရင်အချင်းချင်းကိုလည်း အသိ ပေးချင်တယ်။ လူမျိုးစုတွေအားလုံးနဲ့ ဒီမိုကရေစီအင်အားစုတွေ အပါအ၀င် လက်ရှိအာဏာရထားတဲ့ အစိုးရကိုလည်း အသိပေးချင်တဲ့အ နေနဲ့ ထုတ်ပြန်လိုက်တာပါ”ဟု ပြောသည်။

ကရင့်လူ့အဖွဲ့အစည်းတွင် ပြည်တွင်း၊ ပြည်ပရှိ အဖွဲ့အစည်း၊ ဘာသာ၊ မျိုးနွယ်စု၊ ဒေသ၊ ကျား-မ မရွေးဘဲ ကရင်အမျိုးသားများ၏ သွေး စည်းခိုင်မာမှု တည်ဆောက်ရေး၊ ကရင်အမျိုးသားနှင့် ဘ၀တူတိုင်းရင်းသားလူမျိုးစုများ၏ သွေးစည်းခိုင်မာရေး၊ ကရင်အမျိုးသားများနှင့် ဒီမိုကရေစီအင်အားစုများ၏ သွေးစည်းခိုင်မာရေး၊ ကရင်အမျိုးသားများ၊ ဒီမိုကရေစီ အင်အားစုများနှင့် ယနေ့ အာဏာရ အုပ်ချုပ်သူများ သွေးစည်းခိုင်မာရေး စသည့်အဆင့် ၄ဆင့်တို့ကို ယင်းလမ်းပြမြေပုံတွင် ထည့်သွင်းထားခြင်းဖြစ်သည်။

ဆက်လက်၍ စောဂုဏ်အောင်က “KKO အနေနဲ့ သွေးစည်းညီညွတ်ရေးဆိုတဲ့နေရာမှာ ဘာသာရေးပေါ်မှာ အခြေမခံဘူး။ ကရင်မျိုးနွယ်စု တွေ ဘယ်လောက်ပဲကွဲကွဲ၊ စာတွေဘယ်လိုပဲရှိရှိ ကရင်အလံတော်အောက်မှာ အားလုံး စုစုစည်းစည်း ဖြစ်စေချင်တယ်။ အမြင်ချင်းမတူ တာတွေကိုတောင် ဘေးဖယ်ထားပြီးတော့ အမြင်ချင်း တူတာတွေကို လက်တွဲလုပ်ဆောင်မယ်”ဟု ဖြည့်စွက်ပြောဆိုသည်။
၎င်းတို့ KKO အနေဖြင့် အများအကျိုးပြုလုပ်ငန်းများအဖြစ် ကွန်ပြူတာသင်တန်းပေးခြင်း၊ ဆေးသင်တန်းပေးခြင်း၊ ဆေးရုံဆောက်လုပ်ပေး ခြင်း စသည့်လုပ်ငန်းများကို စတင် လုပ်ဆောင်နေပြီဖြစ်ကြောင်းလည်း KKO က ဆိုသည်။

တစ်ဆက်တည်း၌ပင် ကရင်အချင်းချင်း သွေးစည်းညီညွှတ်ရေးအတွက် ရည်ရွယ်၍ လာမည့် သြဂုတ်လ ၁၂ရက်နေ့တွင် ကျရောက်မည့် ၆၂နှစ်မြောက် ကရင့်အာဇာနည်နေ့အခမ်းအနားကိုလည်း KKO ရုံးစိုက်ရာ ကော်သူးမွဲခီး(ဆုံဆည်းမြိုင်) တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

KKO သည် တိုးတက်သော ဒီမိုကရေစီကရင့်အမျိုးသားတပ်မတော် (DKBA)ကို နိုင်ငံရေးဦးဆောင်မှု ပြုနိုင်ရန်နှင့် အများအကျိုးပြုလုပ် ငန်းများ လုပ်ဆောင်နိုင်ရန် ၂၀၁၂ခုနှစ်၊ ဧပြီလ ၂ရက်နေ့တွင် စတင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

KIC(ကရင်သတင်းဌာန)
Read more

Edge of Burma 1982

Read more

ကရင့်တော်လှန်ရေးသမားကြီး ဖူးကီဒို၏ တော်လှန်ရေးခရီး (ရုပ်သံ)






အရှည်လျားဆုံးသော ကရင့်တော်လှန်ရေးကြီးအတွင်းမှ တော်လှန်ရေးသမားကြီး ဖူးကီဒို၏ တော်လှန်ရေးခရီး 

Read more

ကလိုထူးဘော ကရင်အစည်းအရုံး-KKO ၏ ဆေးခန်းဖွင့်ပွဲ ကျင်းပပြီးစီး







ဥက္ကဋ္ဌအဖြစ် မန်းရောဘတ် ဘဇန်၊ စစ်ဦးစီးချုပ်အဖြစ် ဗိုလ်ချုပ်စောလားပွယ်တို့ ဦးစီးသော ကလိုထူးဘော ကရင်အစည်းအရုံး (KKO) မှ ကော့ကရိတ်မြို့နယ်၊ တာ့အူးထာ့ကျေးရွာ ရှိ ဆောက်လုပ်ပြီးခါစ ဆေးခန်းကို​ ယမန်နေ့ ၃၀-၀၆-၂၀၁၂နေ့တွင် ဖွင့်ပွဲ အခမ်းအနား ကျင်းပပြီးစီးသွားပြီဖြစ်သည်။

၎င်းဆေးခန်းဖွင့်ပွဲတွင် မြန်မာဘက်မှ ဗိုလ်မှူးကြီးထွန်းသန်းအုန်း (နည်းဗျူဟာမှူး၊ အမှတ်(၁) နည်းဗျူဟာစစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့ ရှေ့တန်းအမှတ်(၁၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊) နှင့် ဗိုလ်မှူးသက်နိုင်ဌေး(တပ်ရင်းမှူးအမှတ် (၁၀၆)ခြေလျှင်တပ်ရင်း၊) တို့ တက်ရောက်အားပေးခဲ့ပြီး
ကလိုထူးဘော ဒီကေဘီအေ အဖွဲ့မှ ဗိုလ်ချုပ်၊ဗိုလ်မှူး စုံလင်စွာ တက်ရောက်ခဲ့ကြောင်းလည်း သိရပါသည်။

၎င်းဆေးခန်းကို KKO ဌာနချုပ်မှ သင်တန်းပြီးစီးသွားသော သင်တန်းသူ/သင်တန်းသား(၆)ဦးက ကြီးကြပ်
ကာ ဆေးကုသပေးမည်ဖြစ်ကြောင်းလည်း ဥက္ကဋ္ဌ မန်းရောဘတ်ဘဇန်မှ ပြောကြားသွားပါသည်။
ဆေးခန်းဖွင့်ပွဲ မှတ်တမ်းဓါတ်ပုံများ။






KKO ဥက္ကဋ္ဌ မန်းရောဘတ် ဘဇန် နှင့် ၄င်း၏နေအိမ်

Read more

KKO နှင့် DKBA တို့၏ ဇွန်လ မှစ၍ ပြည်သူ့အကျိုးပြုလုပ်ငန်းများအတွက်ပြင်ဆင်မှု




ကလိုထူးဘောကရင်အစည်းအရုံး (KKO) နှင့် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)တို့၏
ဇွန်လ မှစ၍ ပြည်သူ့အကျိုးပြုလုပ်ငန်းများအတွက်ပြင်ဆင်မှု။

၂၀၁၂ခုနှစ် ဧပြီလ (၁)ရက်နေ့မှ စတင်ဖွဲ့စည်းလိုက်သော ကလိုထူးဘောကရင်အစည်းအရုံး (KKO)သည်
(DKBA)ထိန်းချုပ်ဒေသများအတွင်းပြည်သူ့အကျိုးပြုလုပ်ငန်းများလုပ်နိုင်ရန်အတွက်ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခဲ့သည်။ ထို့အပြင် အခြေအနေ အချိန်အခါနှင့်တပြေးညီစွာကိုက်ညီရန် (တိုးတက်သောကရင်ဗုဒြွဘာသာတပ်မတော်မှ ဒီမို ကရေစီအကျိုးပြု ကရင်တပ်မတော်အမည်သို့ ၂၀၁၂ ခုနှစ်၊ ဧပြီလ (၄) ရက်တပ်မှူးစုံညီအစည်းအဝေးမှတညီတညွတ်တည်းဆုံးဖြတ်ခဲ့သည်။မလိုလားအပ်သော ပြည်တွင်းစစ် အနှစ် (၆၃)နှစ်ကျော်အတွင်း ကရင်ပြည်သူများသည် (ငရဲပြည်)သို့ရောက်ရှိ နေကြရသလို ခံစားခဲ့ရသည်။ ပညာရေး၊ကျမ္မာရေး၊စီးပွားရေးအရနှိမ့်ကျနေသည်ကိုတွေ့မြင်ရသဖြင့် စွမ်းအားရှိသလောက်
ပြည်သူ့အကျိုးပြုလုပ်ငန်းများ လုပ်ဆောင်ရန် ရှေ့လုပ်ငန်းစဉ်များကိုချမှတ်ခဲ့သည်။
အဆင့်(၁)အနေဖြင့် ကလိုထူးဘောကရင်အစည်းအရုံးထိန်းချုပ်ဒေသအတွင်းရှိ ကျေးလက်နေ လူမျိုးစုံပြည်သူများ၏ ကျမ္မာရေး ဝန်ဆောင်လုပ်ငန်းများကို လုပ်ကိုင်ရန်ဆုံးဖြစ်ခဲ့သည်။ ဆုံးဖြတ်ထားသည့်အတိုင်းကျေးရွာများမှ အထက်တန်းရောက်နှင့်အထက်တန်းအောင် ကရင်၊ဗမာ၊ ရခိုင်၊ ချင်း၊ ရှမ်း၊ လူငယ်များအား(Community Health Workers)  လူထုဆေးလုပ်သားများအဖြစ် (စာတွေ့) (၆) လသင်တန်းခေါ်သူပေးခဲ့သည်။ သင်တန်းသူသင်တန်းသား (၅၀)ကျော် စာတွေ့အောင်မြင်ကြပြီး   နောက်ထပ်(၆) လလက်တွေ့ကွင်းဆင်းရန် ဝါရင့်ဆေးမှူးများနှင့်တွဲဘက်၍ ကျေးလက်ပြည်သူများ ထံစေလွတ်လိုက်သည်။

ဆက်လက်၍ ဇွန်လ(၁၅) ရက်နေ့တွင်အပတ်စဉ်(၂)(လူထုဆေးလုပ်သား)သင်တန်းကို သင်တန်းသူသင်တန်းသား(ရဝ)ကျော်ဖြင့်ကျောင်းဖွင့်ပွဲကျင်းပခဲ့သည်။ တဆက်တည်း(ုဉ)ထိန်းချုပ်ဒေသတွင်းရှိကျေးလက်နေလူမျိုးစုံပြည် သူများ၏အကျိုးစီးပွားကို သူခိုးလူဆိုးများ၏ဘေးမှ ကာကွယ်ရန်အတွက်ကျေးလက်အဆင့်ကာကွယ်ရေးရက်တိုသင်တန်း၊ ကရင်ပြည်နယ်နှင့်နှင့်ပြည်ထောင်စု၏ အချုပ်အချာအဏာပိုင်ဆိုင်မှုကို ကာကွယ်ရန်အတွက် ဒီမိုကရေစီအကျိုးပြုကရင့် တပ်မတော်မှ လက်နက်ကြီးနှင့်ထောက်လှမ်းရေးပညာသင်တန်းများကို ပို့ချသင်ကြားခဲ့သည်။ ဆက်လက်၍ကွန်ပြူတာ၊ လူ့အခွင့်အရေးဆိုင်ရာဘာသာရပ်သင်တန်းများကို ဆက်လက်ဖွင့်လစ်သွားမည်ဖြစ်သည်။ မိမိတို့သည်အပစ်အခတ်ရပ်စဲ ရေးမှ ထာဝရငြိမ်းချမ်းရေးသို့ တစတစချီတက်၍ကရင့်အမျိုးသားခေါင်းဆောင်ကြီးစောဘာဉီးကြီး၏သစ္စာတရား(၄)ပါး (မူ)ချက်ကို ဆက်လက်အကောင်အထည်ဖော် ထုတ်လုပ်ဆောင်သွားမည်ဖြစ်သည်။
(စောကလိုထူးဘော)
ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)
ကော်သူးမွဲခီးစစ်ဌာနချုပ်။
ဇွန်လ (၁ရ)ရက်၊ ၂၀၁၂။


အပတ်စဉ်(၁)ဆေးသင်တန်းဆင်းပွဲသို့ လာရောက်အားပေးသော(KNU / KNLA)မှဗိုလ်မှူးကြီးစောထူး၊မန်းရော ဘတ်ဘဇန်နှင့် DKBA ဆးတပ်ရင်းမှူးဗိုလ်မှူးစောအာနိုး၊
အပတ်စဉ်(၁)ဆေးသင်တန်းသူသင်တန်းသားများကျောင်းဆင်းအမှတ်တရ၊
အပတ်စဉ်(၂)လူထုကျန်းမာရေးလုပ်သားသန်တန်းဖွင့်ပွဲအခမ်းအနာနှင့် KKO ဥက္ကဌမန်းရော ဘတ် ဘဇန်အဖွင့်စကား




အပတ်စဉ်(၁)ဆေးသင်တန်းသူသင်တန်းသားများကျောင်းဆင်းအမှတ်တရ၊
အပတ်စဉ်(၂)လူထုကျန်းမာရေးလုပ်သားသန်တန်းဖွင့်ပွဲအခမ်းအနားတွင်ဉက္ကဌမန်းရော ဘတ် ဘဇန်အဖွင့်စကားပြောနေစဉ်။
ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတ်ာလက်နက်ကြီးနှင့်ထောက်လှမ်းရေးသင်တန်းသားများ။ ပုံ(၁)
ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတ်ာလက်နက်ကြီးနှင့်ထောက်လှမ်းရေးသင်တန်းသားများ။ ပုံ(၂)
ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတ်ာလက်နက်ကြီးနှင့်ထောက်လှမ်းရေးသင်တန်းသားများ။ ပုံ(၃)
ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတ်ာလက်နက်ကြီးနှင့်ထောက်လှမ်းရေးသင်တန်းသားများ။ ပုံ(၄)
Read more