Fans of Mahn Robert Ba Zan

မန်းဘဇန် ၏ အမှတ်တရများ (မှတ်တမ်းဓာတ်ပုံ)

Mahn & OLiver

Mahn & Dr. Khin Maung of Arakan

Mahn & David Thakabaw

Mahn Gave Speech at 55th Karen Martyr's Day in Saint Paul.

Mahn Gave Speech at 61st  KNDO Day.

Mahn Explain KKO Constitution at Democratic Karen Benevolent Army (DKBA) Conference

Mahn Gave Speech at KKO HQ on 62 Karen Martyr's Day

Mahn Gave Speech at DKBA Conference.

Mahn Gave Speech at the 2013 Karen New Year

Mahn Gave Speech at the Community Clinic Opening Ceremony

Mahn Gave Speech at the wrist Tying Ceremony.

Mahn Ride Elephant to 5th Brigade HQ-1

Mahn Ride Elephant to 5th Brigade HQ

Mahn and Col. Rocky Mya-2011.

Mahn and Bo Chit Thu

Mahn at 5th Brigade HQ, Karen World Wide Conference

Mahn at 6th Karen Unity Seminar.

Mahn at 6th Karen Unity Seminar

Mahn at 6th OTS cadets (Mahn Ba Zan Coy)

Mahn at 7th Brigade HQ with Gen. Saw Johnny. 2008.

Mahn at 7th Karen Unity Seminar.

Mahn at Karenni Army # 1 Battalion Camp

Mahn at KNU President Saw Ba Thin Sein's Birthday.

Mahn at Karenni Army Training Camp

Mahn at Malaysia.

Mahn at Klo Htoo Baw HQ with NDF Cadets

Mahn at the KKO Medical Training Class

Mahn at the Ethnic Seminar at Saint Paul, Minnesota, USA.

Mahn at Salween River

Mahn at the Karen  Canadian Community (KCC) Conference.

Mahn gave Speech at KloHtooBaw (KKO) Congress.

Mahn attended Karen World Wide Conference-2012-3

Mahn gave Speech to Medical Students at 5th Brigade.

Mahn gave speech at (OTS) class

Mahn with DKBA Officers

Mahn with Dr. Sein Win (NCGUB)

Mahn with Gen. Saw Lar Pwae at 62 KMD.

Mahn with KCM Leaders and Native Americans

Mahn with KNDO Leaders

Mahn with Gen. Saw Lar Pwae at 62 Karen Martyr's Day.

Mahn with Karen Representatives World Wide at 5th Brigade HQ, 7th Karen Unity Seminar.

Mahn with P'Doh Mahn Sha at Ft. Wayne, IN.

Mahn with PNLO Vice Chairman Khun Htee Saung

Mahn with Rocky Mya's Troop

Mahn with Saw Kanamae at 14th KNU Congress.

Mahn with U Mg Mg (FTUB)

Mahn with Wa & Shan Officers

Mahn with ethnic leaders at (Chaing Mai)

Mahn, Karen New Year at St. Paul.

Mahn wth KNU-KNLA Col. Saw Baw Tho with Saw Gon Aung.

Mshn with Ethnic Leaders in Malaysia

Read more

၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်နေ့တွင်ကျရောက်သော ကရင်နှစ်သစ်ကူးနေ့တွင်ပြောကြားသော ကရင်ကွန်မြူနီတီ မီနီဆိုးတား (KCM) နာယကကြီးမန်းရောဘတ် ဘဇန်၏ မိန့်ခွန်း


၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်နေ့တွင်ကျရောက်သော ကရင်နှစ်သစ်ကူးနေ့တွင်ပြောကြားသော
ကရင်ကွန်မြူနီတီ မီနီဆိုးတား (KCM) နာယကကြီးမန်းရောဘတ် ဘဇန်၏ မိန့်ခွန်း။

ပြည်တွင်း-ပြည်ပရှိ ကရင်အမျိုးသားများခင်ဗျား-
မင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့ ကရင်နှစ်သစ်ကူးနေ့မှာ စကားပြောခွင့်ပေးတဲ့ (KCM) ခါင်းဆောင် များကို ကျေးဇူးတင်ရှိကြောင်း ပြောလိုပါတယ်။ ကမ္ဘာတဝှန်းရှိ ကရင်တမျိုးသားလုံးဟာ အမျိုးသားနေ့ကြီး ရက်ကြီးတခုဖြစ်တဲ့ ကရင်နှစ်သစ်ကူးနေ့ကို အမျိုးသားရေးတာဝန်တခုအဖြစ် ဂုဏ်ယူဝင့်ºကားစွာကျင်းပနေ ကြခြင်းဖြစ်ပါတယ်။ ဒီလို သမိုင်းဝင်ကရင်နှစ်သစ်ကူးနေ့ကို ကရင်တမျိုးသားလုံးကကျင်းပနေခြင်းဟာ ကရင် အမျိုးသားများအတွင်း သွေးစည်းခိုင်မာရေးကို ပြသတာဖြစ်တယ်။ ကရင်နှစ်သစ်ကူးနေ့ကို တမျိုးသားလုံးက သွေးစည်းခိုင်မာစွာကျင်းပနေခြင်းမှ ကရင်လွတ်လပ်ရေးအတွက် တက်ညီလက်ညီ ပူးပေါင်းလုပ်ဆောင်ကြရန် ဒီ ကရင်နှစ်သစ်ကူးနေ့မှာ ဦးစွာပြောလိုပါတယ်။
ကျနော်တို့တိုင်းပြည်ကို တရားလက်လွတ် ဖိနှပ်ကျွန်ပြုခဲ့တဲ့ စစ်အာဏာရှင်အဆက်ဆက်ကြောင့် ကရင်ပြည်သူတရပ်လုံး ဘဝပျက်ကုန်ကြသလို တတိယနိုင်ငံမှာ သွားရောက်ခိုလုံနေကြရပါတယ်။ ကရင် တမျိုးသားလုံး ဘေးဘရာကင်းဝေး၍ ၂ဝ၁၃ ခုနှစ်မှာ ငြိမ်းချမ်းရေးရပါစေကြောင်း ဆုတောင်းပေးပါတယ်။
ဒီလိုကရင်နှစ်သစ်ကူးနေ့ကို သွေးစည်းခိုင်မာစွာကျင်းပနိုင်ခြင်းဟာ အမျိုးသားရေးတာဝန်တခု ကျေ ပွန်တယ်လို့ ယုံကြည်ပါတယ်။ ဒါနဲ့အမျိုးသားရေးတာဝန် အလုံးစုံမပြည့်စုံသေးဘူး။ အမျိုးသားရေးတာဝန် အလုံးစုံ ကြေပွန်ဘို့ ကရင်တမျိုးသားလုံးက လိုအပ်နေတဲ့ (အဖ ကရင်ပြည်) ကို အရယူကြရမှာ ဖြစ်ပါတယ်။ ကိုယ့်ကြမ္မာကိုယ်ဖန်တီးပိုင်ခွင့်ရှိတဲ့(ကရင်ပြည်) ကရင်တွေရဲ့လက်ထဲမှာရှိစေရမယ်။ ကရင်ပြည်မှာ ကရင် တမျိုးသားလုံးက ရွေးကောင်တင်မြောက်ထားတဲ့ ကရင်လူထုကိုယ်စားလည်တွေနဲ့ ကရင်အစိုးရကို ဖွဲ့စည်းခွင့် ရှိရမယ်။ တခြားလူမျိုးက လာရောက်ဗိုလ်ကျ၊ အနိုင်ကျင့်နေတဲ့ ကရင်ပြည်မျိုးမဖြစ်ရဘူး။ ကရင်အမျိုးသား ခေါင်းဆောင်ကြီးစောဘဦးကြီးက ကရင်တမျိုးသားလုံးကို အောက်ပါအတိုင်း သြဝါဒမိန့်ကြားခဲ့တယ်။ (တိုင်းပြည်မရှိတဲ့လူမျိုးဟာ ကျွန်ဘဲ)တဲ့။
မျက်မှောက်အခြေအနေမှာ ကရင့်ဘဝဟာ ဗမာစစ်ဗိုလ်တစုရဲ့ စစ်ကျွန်တွေဖြစ်နေပါတယ်။ လက်ရှိ ကြံ့-ဖွပ် သိန်းစိန်စစ်အုပ်စုဟာ လူမျိုးစုံပြည်သူတရပ်လုံးက ရွေးကောက်တင်မြောက်ထားတာ မဟုတ်ဘူး။ လက်နက်နဲ့ အနိုင်ကျင့်ဗိုလ်ကျပြီး အတုအယောင်ရွေးကောက်ပွဲလုပ်၊ မဲလိမ်၊ မဲခိုးပြီး အဓမ္မအစိုးရတက်လုပ်နေ တာဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်ကိုရာသက်ပန်ထူထောင်မဲ့၊ စစ်ဗိုလ်ချုပ်တွေနဲ့ သူတို့ရဲ့ငယ်မွေးခြံပေါက် တွေရဲ့အကျိုးစီးပွားကို ကာကွယ်မဲ့၊ ၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံစည်းမျဉ်းဥပဒေရေးဆွဲပြီး ဘောင်းဘီဝတ်-ဘောင်းဘီချွတ်တွေ၊ လူထုက မရွေးကောက်တဲ့စစ်ဗိုလ်တမတ်သား(လွတ်တော်)နဲ့ ဖိနှိပ်အနိုင်ကျင့် ဗိုလ်ကျ နေတာဖြစ်တယ်။ ဒီလိုအုပ်စုကိုဒီအတိုင်းလက်ပိုက်ကြည့်နေရင်စစ်ကျွန်သက်ပိုရှည်ကြာနေမှာ ဖြစ်တယ်။
 တော်လှန်ရေးအစဉ်အလာကြီးမားတဲ့ လူမျိုးစုံပြည်သူတွေဟာ စစ်ကျွန်စနစ်ကိုအမြစ်ပါမကျန် တွန်းလှန်ဖြိုချဘို့ အချိန်ကျရောက်ပါပြီး။

၁။ (KNU) ကို (KNA), (BKNA) (KCO) (KIO) စတဲ့ကရင်အဖွဲ့အစည်းများနဲ့ ဖွဲ့စည်းပြီး ကရင်တမျိုးသားလုံးကို ကရင်အလံတော်အောက်အရောက်ပို့ခဲ့သလို တရားမျှတပြီး ဒီမိုကရေစီ ကျတဲ့ ပြည်တွင်း-ပြည်ပရှိ ကရင်နိုင်ငံရေးပါတီအဖွဲ့အစည်းများ၊ ကရင်ဘာသာရေးအဖွဲ့အစည်းများ၊ ကရင် လူမှုရေးအဖွဲ့အစည်းများ၊ ဖူးထင်မောင်ခေါင်းဆောင်တဲ့ (KNU\KNLA) ကရင်ငြိမ်းချမ်းရေးကောင်စီ၊ ကလိုထူးဘော ကရင်အစည်းအရုံး (KKO)၊ ကရင်လူငယ်၊ ကရင်အမျိုးသမီး၊ ကရင်ကျောင်းသားအဖွဲ့ အစည်းများကို (KNU) ရဲ့ခေါင်းဆောင်မှုနဲ့ ကျယ်ပြန့်တဲ့ (ကရင်အမျိုးသားဒီမိုကရေစီတပ်ပေါင်းစုကြီး) (Karen National Democratic Fron) (KNDF) ကိုဖွဲ့ပါ။
၂။ လူမျိုးစုံပြည်သူတရပ်လုံးကရေးဆွဲတဲ့ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းဥပဒေ မပေါ်ပေါက်မချင်း၊ နိုင်ငံ ရေးပြသနာ နိုင်ငံရေးနည်းနဲ့ မဖြေရှင်းနိုင်မချင်း၊ ပြည်နယ်ပေါင်းစုဖယ်ဒရယ်ပြည်ထောင်စု မတည်ဆောက် နိုင်မချင်း၊ စစ်ကျွန်စနစ်ရှိနေသမျှ အမျိုးသားလွတ်မြောက်ရေး စစ်ပွဲတွေဧကန်မုချ ဖြစ်နေမှာဖြစ်တယ်။ ဒါ ကြောင့် ကရင်လက်နက်ကိုင်တပ်တွေဖြစ်တဲ့-KNLA, KNU/KNLA နဲ့ ဒီမိုကရေစီအကျိုးပြု ကရင် တပ်မတော် DKBA တပ်တွေနဲ့ (ကရင့်လက်နက်ကိုင်တပ်ပေါင်းစုံတပ်) ကို ဖွဲ့ပါ။
တဆက်ထဲ (ABSDF) တပ်တွေအပါအဝင် (UNFC) လူမျိုးစု လက်နက်ကိုင် တပ်တွေနဲ့ (Federal Army) ဖယ်ဒရယ်တပ်မတော်ကိုဖွဲ့ပါ။ ဆက်လက်ပြီး တိုင်းရင်းသားလူမျိုးစုံပြည်သူတရပ် လုံးရဲ့ (အမျိုးသားဒီမိုကရေစီညီညွတ်ရေးတပ်ပေါင်းစုကြီး) ဖွဲ့စည်းနိုင်မှ စစ်အာဏာရှင်စနစ်ကို အဆုံးသတ် ချေမုန်းနိုင်မှာဖြစ်တယ်။

ပြည်တွင်း-ပြည်ပရှိ ကရင်အမျိုးသားများခင်ဗျား-
အထက်ပါတင်ပြချက် မဟာဗျူဟာလုပ်ငန်းစဉ် (၃)ရပ်ကို ဒီကရင်နှစ်သစ်ကူးနေ့မှစ၍ ဆက်လက် အကောင်အထည် ဖေါ်ထုတ်လုပ်ကိုင်ကြမယ်လို့ အဓိဌာန်ပြုကြပါစို့။ ကရင်မျိုးဆက်သစ်အဆက်ဆက်ကို စစ်ရှုံးတဲ့လူမျိုးအဖြစ်၊ စစ်ကျွန်တွေအဖြစ်အမွေဆိုးကိုမပေးဘို့၊ ကရင့်တော်လှန်စစ်အောင်တံခွန်ကို ငွါးငွါး စွင့်စွင့်လွင့်ထူဘို့၊ တော်လှန်တဲ့ မျိုးချစ်စိတ်ဓါတ်ကို မွေးမြူကြဘို့ ပန်ကြားရင်း၊ လွတ်လပ်တဲ့လူမျိုးအဖြစ် အသက်ရှင်သွားမယ်-လို့---အဓိဌာန်ပြုရင်း နိဂုံးချုပ်ပါတယ်။ ကရင်တမျိုးသားလုံးကို မြတ်ဘုရားရှင် ကောင်း ကြီးမင်္ဂလာ သွန်းလောင်းပါစေ။ ကျေးဇူးတင်ပါတယ် ခင်ဗျား။
-ကမ္ဘာတဝှန်းက ကရင်တွေ သွေးစည်းကြ-
-ပြည်နယ်ပေါင်းစုဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ကြ-
-စစ်အာဏာရှင်စနစ်ကို မြေမြုပ်သဂြိုလ်ကြ-
(ဖူးကီးဒို)
ဇန်နဝါရီလ (၁၂) ရက်၊ ၂ဝ၁၃။
စိန်ပေါမြို့၊ မီနီဆိုးတားပြည်နယ်၊
အမေရိကန်ပြည်ထောင်စု။
Read more

ကချင်လွှတ်လပ်ရေးတပ်မတော်(KIA)ညီကိုတော်များကို ဗမာတပ်ကစစ်ပြုတိုက်ခိုက်နေမှုအပေါ် (KCM) ၏ထုတ်ပြန်ကျေညာချက်



ကချင်လွှတ်လပ်ရေးတပ်မတော်(KIA)ညီကိုတော်များကို ဗမာတပ်ကရိုင်းစိုင်းစွာစစ်ပြုတိုက်ခိုက်နေမှုအပေါ်
 ကရင်ကွန်မြူနီတီ မီနီဆိုးတား (KCM) ၏ထုတ်ပြန်ကျေညာချက်

ဘ၀တူ သူရဲကောင်း ကချင်ရဲဘော်၊ ရဲမေများခင်ဗျား-
ဘ၀တူ ညီကိုတော် လူမျိုးစုများခင်ဗျား-
ဘ၀တူ လုပ်သားပြည်သူများခင်ဗျား-
၁။ ကြံ့-ဖွတ်သိန်းစိန်စစ်အုပ်စု၏ လက်ကိုင်တုတ် ဗမာစစ်တပ်က ကချင်ညီကိုများကို လူမဆန်စွာ မိုက်မိုက်ရိုင်းရိုင်း လေတပ်အပါအဝင် လက်နက်ကြီးမျိုးစုံနှင့် ကျူးကျော် တိုက်ခိုက်နေမှုကို ကရင်ကွန်မြူနီတီ မီနီဆိုးတား (KCM)မှ ရှုတ်ချလိုက်သည်။
၂။ ဗမာစစ်ဗိုလ်ချုပ်များနှင့် ဗမာ-တရုပ်စီးပွားရေးသမားများ၏ အကျိုးစီးပွားကို အသက်ပေးကာကွယ်နေ သော၊ ကမ္ဘာနှင့်ကျွန်ုပ်တို့လူမျိုးစုံပြည်သူတရပ်လုံးကိုလိမ်ညှာ လှည့်ပြားနေသော၊ ရောင်ပြဒီမိုကရေစီပြုပြင် ပြောင်းလဲရေးကို လူကြားကောင်းအောင် ကုန်းအော်နေသော၊ ကြံ့-ဖွပ်သိန်းစိန် ဘောင်းဘီချွပ်-ဘောင်းဘီဝတ် စစ်အုပ်စု၏ လေတပ်အပါအဝင် လက်နက်ကြီးမျိုးစုံအသုံးပြု၍ နယ်ချဲ့ကျူးကျော်တိုက်ခိုက်နေမှုကို ရဲရဲတောက် ခုခံတိုက်ခိုက်နေသော ကချင်သူရဲကောင်း ရဲဘော်ရဲမေများကို လေးစားစွာဂုဏ်ပြုအပ်ပါသည်။
၃။ ကျန်ုပ်တို့နိုင်ငံတကာရောက်ကရင်တမျိုးသားလုံးနှင့် ဘ၀တူလူမျိုးစုများမှာ ရဲဘော်တို့နှင့်အတူရှိနေပါသည်။ ရဲဘော်တို့၏ တော်လှန်သည့် သံမဏိစိတ်ဓါတ်၊ သူ့ကျွန်မခံသည့်စိတ်ဓါတ်၊ မျိုးချစ်စိတ်ဓါတ်တို့ကို ထပ်မံအလေး ပြုအပ်ပါသည်။
၎။ ယခုရန်သူသည် လွန်ခဲ့သည့် ၁၉၉ရ ခုနှစ်တုန်းကပင် ကျွန်ုပ်တို့ကို ယခုကဲ့သို့စစ်အင်အားအလုံးအရင်းနှင့် ကျူးကျော်စစ်ပြုတိုက်ခိုက်ခဲ့သော်လည်း အရှက်တကွဲအကျိုးနည်းစွာနှင့် ပြည်လည်ထွက်ပြေးကြရသည်။ ကချင် ရဲဘော်ရဲမေများကို နယ်ချဲ့ကျူးကျော်တိုက်ခိုက်နေသည်မှာ တနှစ်ကျော်ခဲ့သည့်တိုင် သုံညဘ၀တွင်ရှိနေသည်၊ အရှက်တကွဲအကျိုးနည်းနေသည်။ အရှက်ရနေသည်။ ကျူးကျော်နယ်ချဲ့သူတို့ရမည့်ဆုလာဒ်ဖြစ်သည်။ မကြာမှီ အပစ်ရပ်အဖွဲ့များ ရန်သူကြံ့-ဖွပ်သိန်းစိန်စစ်အုပ်စု၏ လှည့်စားမှုကိုနားလည်ပြီး ပြည်လည်ဆန့်ကျင် တိုက်ခိုက် တော့မည့်ရက်သည် မဝေးတော့ပေ။
၅။ သူ့ကျွန်ဖြစ်သည်ထက် အမျိုးသားလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ရင်းသေခြင်းက ပိုမြတ်သည်ဟု ဩဝါဒပေးခဲ့သော ကရင်အမျိုးသား ခေါင်းဆောင်ကြီး စောဘဦးကြီး၏ သစ္စာတရားကို ကျွန်ုပ်တို့ကဲ့သို့စွဲကိုင်ပြီး တိုက်ပွဲဝင်ပြီး တော်လှန်စစ်တံခွန်ကို ငွါးငွါးစွင့်စွင့်လွင့်ထူထားပါရန် ပန်ကြားပါသည်။
-သူရဲကောင်း ကချင်ရဲဘော်ရဲမေများ သက်တော်ရှည်ကြပါစေ၊
-တိုက်ပွဲတရာ အောင်ပွဲတရာ ရကြပါစေ၊
-ဘ၀တူ လူမျိုးစုများ သွေးစည်းကြ၊
-ဘ၀တူ လူမျိုးစုံပြည်သူများ သွေးစည်းကြ၊
-ကချင်အမျိုးသားလွတ်မြောက်ရေးတော်လှန်ရေး မုချအောင်ရမည်။

အမှုဆောင်ကော်မတီ၊
ကရင်ကွန်မြူနီတီ မီနီဆိုးတား (KCM)
အမေရိကန်ပြည်ထောင်စု။
၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ-၅ ရက်။

499 Wacouta St, Saint Paul, MN – 55101, Phone. (651) 500-2102, Email : <sawkcm@yahoo.com>

Read more

ကရင်နှစ်သစ်ကူးနေ့အတွက် (KCM)မှ ပေးပို့သော သဝဏ်လွှာ။


 ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်နေတွင်ကျရောက်သည့် ကရင်နှစ်သစ်ကူးနေအတွက် ကရင်ကွန်မြနီတီ မီနီဆိုးတား (KCM)မှ ပေးပို့သော သဝဏ်လွှာ။
ပြည်တွင်း-ပြည်ပရှိ မျိုးချစ်ကရင်များခင်ဗျား-
သူရဲကောင်းပီသသော ကရင်လက်နက်ကိုင်တပ်ပေါင်းစုံမှ ရဲဘော်ရဲမေများခင်ဗျား-
ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံသည့် ကရင်နှစ်သစ်ကူးနေ့အတွက် သဝဏ်လွှာပါးအပ်ပါသည်။

ကရင်မျိုးချစ်ခေါင်းဆောင်ကြီးများသည် ကရင်တမျိုးသားလုံးအတွက်လိုအပ်နေသော ကရင်အမျိုးသားနှစ်သစ် ကူးနေ့၊ ကရင်အမျိုးသားအလံတော်တို့ကို အာဏာပိုင်များထံ ငြိမ်းချမ်းစွာတောင်းဆိုနိုင်ခဲ့သည်။ ထိုအသီး အပွင့်များကို ရယူနိုင်ခဲ့သော ကရင်မျိုးချစ်ခေါင်းဆောင်ကြီးများကို ဂုဏ်ယူအလေးပြုအပ်ပါသည်။

တဖန် ကရင်တမျိုးသားလုံးအတွက်လိုအပ်လျက်ရှိသည့် တန်းတူရေးနှင့်ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော ကရင်ပြည် ရရှိရေးအတွက် KNA, BKNA, KCO နှင့် KYO ကရင်အဖွဲ့အစည်းများမှ မျိုးချစ်ကရင် ခေါင်းဆောင်များစုစည်း၍(KNU) ကရင်အမျိုးသားတပ်ပေါင်းစုကြီးကို ဖွဲ့စည်း၍ (ဖ၊ဆ၊ပ၊လ) အစိုးရထံ ငြိမ်းချမ်းစွာတောင်းဆိုခဲ့ပါသည်။ (ဖ၊ဆ၊ပ၊လ) အစိုးရသည် ကရင်အမျိုးသားများ၏တောင်းဆိုမှုကို ငြိမ်းချမ်းစွာ မဖြေရှင်းဘဲ စစ်ပြုတိုက်ခိုက်လာမှုကြောင့် ကရင်တမျိုးသားလုံးမှ မလိုအပ်သောလက်နက်ကိုင်တိုက်ပွဲကို ယနေ့တိုင်ဆင်နွှဲနေရသည်။

လက်နက်ကိုင်တိုက်ပွဲစတင်ခဲ့သည့် ၁၉၄၉ ခုနှစ်မှ ယနေ့ ၂ဝ၁၃ ခုနှစ်ထိ ကရင်လူမျိုးဂုဏ်သိက္ခာကို ထိန်းသိမ်းကာကွယ်ခဲ့သည်။ ကရင့်တော်လှန်ရေးအောင်တံခွန်ကို ငွါးငွါးစွင့်စွင့်လွင့်ထူနိုင်ခဲ့သည့်၊ ဖေါက်ပြန်သည့် အုပ်စိုးသူအဆက်ဆက်ကို ဖြုတ်ချနိုင်ခဲ့သည့်၊ ရန်သူ၏ထိုးစစ်ကြီးများကို ရိုက်ချိုးနိုင်ခဲ့သည့် သူရဲကောင်းပီသ သော ကရင်ခေါင်းဆောင်များ၊ ကရင်လက်နက်ကိုင်တပ်ပေါင်းစုံမှ အရာရှိ၊အရာခံ၊အကြပ်၊အောင်စစ်သည်တော် များနှင့် သူရဲကောင်းကရင်ပြည်သူများကို ဂုဏ်ယူအလေးပြုအပ်ပါသည်။

ပြည်တွင်း-ပြည်ပရှိ မျိုးချစ်ကရင်များခင်ဗျား-
သူရဲကောင်းပီသသော ကရင်လက်နက်ကိုင်တပ်ပေါင်းစုံမှရဲဘော်ရဲမေများခင်ဗျား-
မြတ်တရားသည့် ကရင့်လက်နက်ကိုင်တော်လှန်ရေးသည် နှစ်ပေါင်း(၆ဝ) ကျော်ခဲ့ပါပြီ၊ သို့သော် ကရင် တမျိုးသားလုံးမှလိုအပ်နေသည့် (အဖကရင်ပြည်၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး၊ တရားဥပဒေစိုး မိုးရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိမည့် ပြည်နယ်ပေါင်းစုဖယ်ဒရယ်ပြည်ထောင်စု)ကို ယနေ့တိုင်မရရှိသေးပါ။ ဆက်လက်၍ တိုက်ပွဲဝင်ကြရဦးမည်ဖြစ်သည်။ ကရင့်တော်လှန်ရေး အောင်ပွဲဆင်နိုင်ရေးအတွက် အောက်ပါ အချက်များကို အကြံပြုအပ်ပါသည်။

၁။ ကေ၊အဲန်၊ယူ မှ ကမကထ ပြု၍ ပြည်တွင်း-ပြည်ပရှိ ကရင်နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရး၊ လူငယ်၊ အမျိုးသမီးအဖွဲ့အစည်းများ ပါဝင်သည့် အမျိုးသားညီလာခံကြီးကျင်းပ၍ (ကရင်အမျိုးသား ညီညွတ်ရေးအဖွဲ့ချုပ်) (Karen National United League)ကို ဖွဲ့စည်းရန်။

၂။ ကရင်လက်နက်ကိုင်တပ်မတော်များဖြစ်သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA, KNLA/KNU နှင့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA) တို့ကိုစုဖွဲ့၍ (ကရင်အမျိုးသား လုံခြုံရေးနှင့်ကာကွယ်ရေးတပ်မတော်) Karen Security and Defense Army (KSDA) ဖွဲ့စည်းရန်။
၃။ ကရင်အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးတပ်မတော် (KSDA)ပါဝင်သည့် UNCF တပ်မတော်များဖြင့် (ဖယ်ဒရယ်တပ်မတော်)ကို ဖွဲ့စည်းရန်။--ဖြစ်သည်။

ပြည်တွင်း-ပြည်ပရှိ မျိုးချစ်ကရင်များခင်ဗျား-
သူရဲကောင်းပီသသော ကရင်လက်နက်ကိုင်တပ်ပေါင်းစုံမှ ရဲဘော်ရဲမေများခင်ဗျား-
ယနေ့ ကြံ့ဖွတ်-သိန်းစိန်စစ်အာဏာရှင် ဘောင်းဘီချွတ်-ဘောင်းဘီဝတ် စစ်အုပ်စုဟာ ဒီမိုကရေစီ ယောင်ပြပြုပြင်ရေးတချို့ကို လိမ်မာပါးနပ်စွာနှင့်လုပ်ပြပြီး မြန်မာပြည်သူနဲ့ကမ္ဘာကို လှည့်စားနေပါတယ်။ နိုင်ငံရေးစကားမပြောဘဲ အတုအယောင်အပစ်အခတ်ရပ်စဲရေးနှင့် စီးပွားရေးဖွံ့ရေးကို ဇောင်းပေးလုပ်နေပါ တယ်။ (၁၅)ကြိမ်မြောက် ကေ၊အန်၊ယူညီလာခံမှ ရွေးကောက်တင်မြောက်ခံရတဲ့ခေါင်းဆောင်များကို သတိပေး လိုပါတယ်။
၁။ စစ်အာဏာရှင်စနစ်ကိုထိန်းသိမ်းကာကွယ်တဲ့၊ စစ်ဗိုလ်ချုပ်တွေရဲ့ ကိုယ်ကျိုးစီးပွားဟူသမျှကိုထိန်း သိမ်းကာကွယ်တဲ့၊ တိုင်ရင်းသားလူမျိုးစုံပြည်သူတွေကိုရာသက်ပန်ကျွန်ပြုမဲ့၊ (၂ဝဝ၈) ဖွဲ့စည်းပုံ တစုံလုံးကို မပြင်သမျှ၊ ကရင်နဲ့ လူမျိုးစုံပြည်သူတရပ်လုံးအတွက် လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး၊ စီးပွားရေးဖွံ့ဖြိုးတိုး တက်မှု၊ ဥပဒေစိုးမိုရေးနှင့်၊ ပြည်နယ်ပေါင်းစု ဖယ်ဒရယ်ပြည်ထောင်စု မည်သည့်အခါမှ ပေါ်ပေါက်လာမည် မဟုတ်။
၂။ အပစ်အခတ်ယာယီရပ်စဲစဉ် လက်နက်ကိုင်တော်လှန်ရေးလုပ်ငန်းစဉ်ဟူသမျှ မျက်ခြေမပြတ်ရန်၊ ရန်သူ့ စီမံချက်များကို သတိရှိရှိစောင့်ကြည့်ရန်၊ (၂ဝဝ၈ ဖွဲ့စည်းပုံ တစုံလုံးကိုမပြင်သမျှ ငြိမ်းချမ်းရေးမရနိုင်ဟု မိမိတို့ ယုံကြည်သည်)။
၎။ ကရင်အမျိုးသားများ၏ နိုင်ငံရေးတောင်းဆိုမှုတစုံတရာ အာမခံချက်မရှိဘဲ စီးပွားရေးလုပ်ငန်းများ မလုပ် ရန်၊ စီးပွားရေးလုပ်ငန်းများ အနှိမ့်ဆုံးအဆင့်မှစလုပ်လျှင် ကေ၊အဲန်၊ယူဆောင်များ၏ စီးပွားရေးစစ်တမ်း များကို ကောက်ယူထားရန်--ဖြစ်သည်။
-ခေါင်းဆောင်ကြီးစောဘဦးကြီး၏သစ္စာတရား (၄)ပါးကို ခိုင်မြဲစွာကိုင်စွဲကြ-
-ကရင့်ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းကာကွယ်ကြ-
-ကျဆုံးလေပြီးဖြစ်သော ကရင်အာဇာနည်အပေါင်းအား သစ္စာရှိကြ-

အမှုဆောင်ကော်မီတီ၊
ကရင်ကွန်မြူနီတီ မီနီဆိုးတား(KCM)
အမေရိကန်ပြည်ထောင်စု။
၂ဝ၁၃ခုနှစ်၊ ဇန်နဝါရီလ (၁၂)ရက်။

499 Wacouta St, Saint Paul, MN – 55101, Phone. (651) 500-2102, Email : <sawkcm@yahoo.com>
Read more

ဗိုလ်ချုပ်စောလားပွယ် (DKBA) ၏ စက်တင်ဘာလ (၁၁) ရက်နေ့ ထုတ်ပြန်ချက် နှင့်ပတ်သက်၍ KCM ၏ သဘောထားထုတ်ပြန်ချက်


ဗိုလ်ချုပ်စောလားပွယ် (DKBA) ၏ စက်တင်ဘာလ (၁၁) ရက်နေ့ ထုတ်ပြန်ချက် နှင့်ပတ်သက်၍  KCM ၏ သဘောထားထုတ်ပြန်ချက်

KKO နာယကအဖွဲ့ဝင် လူကြီးများ၏ ဆုံးဖြတ်ချက် တစ်စုံတရာမပါဘဲ ဒီမိုကရေစီနည်းအ၇   ရွေးကောက်တင်မြှောက်ထား သော အလုပ်အမှုဆောင်ကော်မတီဉက္ကဌ မန်းရောဘတ်ဘဇန် နှင့် အထွေထွေအတွင်းရေးမှုးဖြစ်သည့် စောဂုဏ်အောင် တို့အား တာဝန်မှရပ်ဆိုင်းလိုက်သည့် ဗိုလ်ချုပ်စောလားပွယ်၏ ထုတ်ပြန်ကြေညာချက်အပေါ် KCM မှ ရှုတ်ချသည်။

စောလားပွယ်၏ ထုတ်ပြန်ေ-ကညာချက်နှင့်ပတ်သက်၍ မိမိတို့ KCM  မှ   အောက်ပါအတိုင်း သုံးသပ်သည်။ 

KKO အလုပ်အမှုဆောင်ကော်မတီ ဉက္ကဌမန်းရောဘတ်ဘဇန် နှင့် အထွေထွေအတွင်းရေးမှုး ဖြစ်သည့် စောဂုဏ်အောင် တို့အား တာဝန်မှရပ်ဆိုင်းလိုက်ရခြင်းသည် ပြည်ပနိုင်ငံသားများအဖြစ် ခံယူထားသောကြောင့် ကလိုထူးဘောကရင် အစည်းအရုံး၏ ရှေ့နိုင်ငံရေး လုပ်ငန်းစဉ်များတွင် အဟန့်အတားဖြစ်လာနိုင်သည်ဟု စောလားပွယ်မှဖော်ပြထားသည်။

ကလိုထူးဘော ကရင်အစည်းအရုံးအား စတင်တည်ထောင်ခဲ့သည့်အချိန်ကတည်းက မန်းရောဘတ်ဘဇန်သည် ပြည်ပ နိုင်ငံသားအဖြစ်ခံယူထားသူတစ်ဉီးဖြစ်သည်ကို ဗိုလ်ချုပ်စောလားပွယ် အပါအဝင် DKBA  တပ်မှုးတပ်ဖွဲ့ဝင်များအားလုံး သိရှိထားပြီး ဖြစ်သည်။

မန်းရောဘတ်ဘဇန်သည် မိမိတို့ KCM တွင်အရေးပါအရာရောက်သည့်နေရာမှ အမျိုးသားရေး လုပ်ငန်းတာဝန်များကို ထမ်းဆောင်နေသူဖြစ်သည်။ စောလားပွယ်ဉီးဆောင်သည့် DKBA တပ်အချို့မှ တရားမျှတမှုမရှိသော စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင်ပြီး ပြည်သူဖက်မှ ရပ်တည်ခဲ့သည့်အပေါ် မိမိတို့ KCM မှအပြည့်အဝထောက်ခံခဲ့ သည်နှင့်အညီ မန်းရောဘတ်ဘဇန်အား  စောလားပွယ်မှ ၄င်း၏တပ်ဖွဲ့အား နိုင်ငံရေးဉီးဆောင်မှုပေးရန် အကူအညီ တောင်းခံလာသည့်အပေါ် မိမိတို့မှ မန်းရောဘတ်ဘဇန်အား ခွင့်ပြုခဲ့သည်။ သို့သော် ယခုအချိန်၌ စောလားပွယ်သည် ၄င်း၏တစ်ဉီးတည်းဆန္ဒဖြင့် KKO ဉက္ကဌမန်းရောဘတ်ဘဇန်အား ပြည်ပနိုင်ငံသားအဖြစ် ခံယူထားသောကြောင့် တာဝန်မှ ရပ်ဆိုင်းလိုက်သည်ဟုဆိုခြင်းမှာ လုံးဝဆီလျှော်မှုမရှိပါ။

စောလားပွယ်အနေဖြင့် ဤကဲ့သို့လုပ်ဆောင်ခြင်းသည် ဒီမိုကရေစီကျင့်စဉ်လမ်းကြောင်း နှင့် သွေဖီ၍ စစ်အာဏာရှင်တို့၏ လုပ်ထုံးလုပ်နည်း အတိုင်းလုပ်ဆောင်လိုက်ခြင်းဖြစ်သည်ဟု မိမိတို့မှသုံးသပ်သည်။ ထိုလုပ်ရပ်သည် DKBA နှင့် KKO အဖွဲ့အစည်းအပေါ် အားပေးထောက်ခံကြသော ပြည်တွင်းပြည်ပ   နိုင်ငံရေး လူမှုရေး အဖွဲ့အစည်းများ၏ယုံကြည် မှုများကို ဖျက်စီးလိုက်ခြင်းဖြစ်သည်။

အနာဂါတ်နိုင်ငံရေးဟုဆိုသော စောလားပွယ်၏ နယ်မြေစည်းခြား ဘောင်ခတ်ထားသည့် ကျဉ်းမြောင်းသော အမြင်အရ ထိုင်းနိုင်ငံချင်းမိုင်မြို့တွင်    ပြုလုပ်သည့်   တိုင်းရင်းသား အဖွဲ့ပေါင်းစုံအစည်းအဝေးတစ်ခုအား တက်ရောက်ရန်ထွက်ခွာသွားသော ဉက္ကဌမန်းရောဘတ်ဘဇန် နှင့် အထွေထွေ အတွင်းရေးမှုးစောဂုဏ်အောင် တို့အား တာဝန်မှရပ်ဆိုင်းလိုက်ခြင်းသည် အကြောင်းပြချက် တစ်ခုသာဖြစှုပီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် စစ်မှန်သော အနာဂတ်ဖယ်ဒရယ်
ပြည်ထောင်စုတစ်ခု ပေါ်ပေါက်ရေးထက် ၄င်းအပေါ် လက်ရှိစစ်အစိုးရမှ မငြိုငြင်ရေးကိုသာ အဓိကအလေးထားလျှက်ရှိ ကြောင်း သိသာထင်ရှားစွာပြသလိုက်ခြင်းဖြစ်ပေသည်။ သို့ဖြစ်၍ မိမိတို့မှ သုံးသပ်သည်မှာ စောလားပွယ်နှင့် တချို့ သော DKBA တပ်မှုး များသည် စစ်အစိုးရ၏ တစ်စုံတစ်ရာ သွေးထိုးလှုပ်ဆော်ခြင်း၊ စစ်ရေး နိုင်ငံရေးအရ ဖိအားပေးခြင်းများအောက်၌ရှိနှေုပီး တပ်ဖွဲ့အတွင်း ရန်သူ၏ထိုးဖောက်ဝင်ရောက်မှုများလည်း ရှိနေပီဟု မိမိတို့မှ ယုံကြည်သည်။   စောလားပွယ်၏ လုပ်ဆောင် မှုများသည် မန်းရောဘတ်ဘဇန် နှင့် စောဂုဏ်အောင် တို့၏ ဂုဏ်သိက္ခာကို
များစွာထိခိုက်စေသောကြောင့် မိမိတို့ KCM မှ ပြင်းထန်စွာရှုတ်ချလိုက်သည်။ 

အလုပ်အမှုဆောင်ကော်မတီ
ကရင်ကွန်မြူနီတီ မီနီဆိုးတား (KCM)
အမေရိကန်ပြည်ထောင်စု။
စက်တင်ဘာ (၂၂)ရက်၊ ၂၀၁၂ ခုနှစ်။


       499 Wacouta St,   Saint Paul, MN – 55101,  Phone. (651) 500-2102, Email :  <sawkcm@yahoo.com>
Read more

ဗိုလ်ချုပ်စောလားပွယ်၏ ထုတ်ပြန်ချက်ပေါ်ထွက်လာပြီးနောက် မန်းရောဘဇန် ပြန်လည်ပြောကြားခဲ့သော ရုပ်သံ

Read more

KKO celebrated wrist tying ceremony

Read more