Fans of Mahn Robert Ba Zan

ကြံ့ဖွံ့-သိန်းစိန် စစ်အုပ်စုနှင့် နိုင်ငံရေး စစ်ပွဲဆင်ရေးနှင့် ပတ်သက်၍ မန်းရောဘတ် ဘဇန်၏ အကြံပြုချက်၊



၁။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေးသည် မိမိတို့၏ အခြေခံယုံကြည်ချက်ဖြစ်သည်။ ရန်သူကရွှေ့လာသည့် နိုင်ငံရေး ကျားကွက်ထဲ အငန်းမရ တိုးမဝင်ဘဲ မိမိ၏မဟာ ဗျူဟာစီမံချက်အတိုင်း လှုပ်ရှားရမည်။



၂။ ကရင်ပြည်နယ်ရရှိရေး၊ ကရင်အမျိုးသားလွတ်မြောက်ရေး၊ ဒီမိုကရေစီ ရရှိရေးနှင့် ငြိမ်းချမ်းရေး ရရှိရေးသည် ကရင် တမျိုးသားလုံး.အရေး ဖြစ်သောကြောင့် ကရင်တမျိုးသားလုံး၏ ခေါင်းဆောင်မှု တာဝန်ကိုယူရန် အာဏာအပ်နှင်းခြင်းခံထားရသော (KNU) အနေနဲ့ ရှေးဦးစွာ ပြည်တွင်း-ပြည်ပရှိ ကရင်အဖွဲ့အစည်းများ၏ အရေးပေါ် ကရင်အမျိုးသား ညီလာခံတရပ် ခေါ်ဆိုရမည်။ ထိုအရေးပေါ် ကရင်အမျိုးသား ညီလာခံသို့ နိုင်ငံတကာရှိ ကရင်အဖွဲ့အစည်းများအပြင် ပြည်တွင်းရှိ ကရင်လက်နက်ကိုင် ညီကိုတော်တပ်ဖွဲ့များ၊ ကရင် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ ပါဝင်စေရမည်။ ထိုအရေးပေါ် ကရင်အမျိုးသား ညီလာခံ၏ ဆုံးဖြတ်ချက်နှင့်အညီ ကရင်အမျိုးသားထု၏ သဘောထားအတိုင်း ကရင့်အရေးကို တိုက်ပွဲဝင်သွားရမည်။

၃။ ကြံ့ဖွံ့ - သိန်းစိန် စစ်အုပ်စုအနေနှင့် တပြည်လုံး အပစ်အခတ်ရပ်စဲကြောင်း ကြေညာရမည်။

၎။ ယုံကြည်ချက်ကြောင့် တရားလက်လွတ် ဖမ်းဆီးခြင်း ခံထားရသော နိုင်ငံရေး သူရဲကောင်းများအား ချွင်းချက်မရှိ လွတ်ပေးရမည်။

၅။ စစ်အုပ်စုက တရားလက်လွတ် ထုတ်ပြန်ထားသော ဥပဒေအားလုံး ဖျက်သိမ်းပစ်ရမည်။

၆။ ညီညွတ်သော တိုင်းရင်းသား ဖယ်ဒရယ်ကောင်စီ (UNFC) နှင့်သာ နောက်ဆုံးအဆင့် ပွဲသိမ်းဆွေးနွေး သဘောတူညီမှု ယူရမည်။

၇။ တပြည်လုံး ငြိမ်းချမ်းရေး မရမချင်း “လက်နက်ကိုင် တိုက်ပွဲသဏ္ဍာန်သည် အဓိက လက်နက်ကိုင် စည်းရုံးသဏ္ဍာန်သည် အဓိက” ဖြစ်သည်ကို ကိုင်စွဲထားရမည်။

ဂ။ စစ်အုပ်စုမှ စိတ်ကြိုက်ရေးဆွဲထားသော ၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ စည်းမျဉ်း ဥပဒေကို ဖျက်သိမ်းရမည်။

၉။ စစ်ဗိုလ်လူထွက် များအပါအဝင် စစ်ဗိုလ်တမတ်သား လွှတ်တော်ကို ဖျက်သိမ်းရမည်၊

အထက်ပါတောင်းဆိုချက်များမရရှိဘဲ ကရင့်ရန်သူများနှင့် ထပ်မံတွေ့ဆုံရန် အကြောင်းမရှိပေ။

မြတ်တရားသည့် ကရင့်လက်နက်ကိုင် ခုခံတော်လှန်စစ် မုချအောင်ရမည်

0 comments:

Post a Comment