Posted by
Unknown
on Saturday, 21 April 2012
Labels:
ကဗျာ ဆောင်းပါး
Comments: (0)
စာရေးသူ၏မေတ္တရပ်ခံချက်
ဤစာစုသည် ဖဆပလ ၊ပထစ၊ မဆလ နဲ့ နသတခေတ်တွေမှာ တော်လှန်ခဲ့သောသူရဲကောင်း စစ်သည်တော်တွေအတွင်း သေနတ်သံတစ်ချက်၊ စစ်မြေပြင်တရက်မှ မရောက်ဘူးဘဲ ပူးကပ်အခွင့်ထူးခံ ကိုယ်ကျိုးရှာပြီးဆယ်စုနှစ်တော်တော်များများ ပါဝင်ခဲ့တယ်။ ရန်သူ့မျိုးဖြုတ်သုတ်သင်ရေး ထိုးစစ်ကြီးတွေဆင်လာတဲ့ အခါမယ်အ လျှိုလျှိုငွေ ထုတ်ပိုက်ပြီး ရန်သူ့ခြေဖဝါးအောက် ဒူးထောက်လို့ရောက်ခဲ့သူတွေရှိတယ်။ မျက်မှောက် နဝတ ခေတ်မှာဒီလိုသစ္စာဖောက်လောက်ကောင်တွေဆက်လက်မပေါ်ပေါက်လာခြင်း ငှာသတိရှိရှိစစ်သား
မျက်စိဖြင့်ရေးသားလိုက်ရပါတယ်။ အကယ်၍များ ဤစာစုသည် တစ်စုံတစ်ဦးတစ်ယောက်ကိုမရည်
ရွယ်ပါဘဲ လေးစားရပါသော စာရှူသူများနှင့် ဆင်တူရိုးမားတဲ့ အဖြစ်မျိုးရှိခဲ့ပါမူ များစွာဝမ်းနည်းရပါ
ကြောင်းအနန္တမေတ္တာမွန်ဖြင့် ခွင့်ပန်အပ်ပါတယ်ခင်ဗျား။
မန်းရောဘဇန်(kso)
ဗိုလ်ချုပ်စောလားပွယ် ဦးဆောင်သည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) အဖွဲ့သည် နိုင်ငံရေးအဖွဲ့အစည်းတရပ်အနေနှင့် ရပ်တည်သွားရန်အတွက် ယနေ့မှ စတင်ကာ အဖွဲ့ကို ကလို့ထူးဘောကရင်အစည်းအရုံး (KKO) ဟု ပြောင်းလဲဖွဲ့စည်းလိုက်သည်။
ဖွဲ့စည်းပုံအရ ယနေ့ပြုလုပ်သည့် ရွေးကောက်ပွဲတွင် ဥက္ကဌအဖြစ် မန်းရောဘတ်ဇန် (ဖူးကီးဒို) ဒု-ဥက္ကဌစောမိုရှေး၊ အထွေထွေအတွင်းရေးမှူး စောဂုဏ်အောင်၊ တွဲဘက်အတွင်းရေးမှူး (၁) နော်ကော်သူးလေလားဖော၊ တွဲဘက်အတွင်းရေးမှူး (၂) စောလုံ့လုံ တို့ကို ရွေးကောက်တင်မြှောက်ခဲ့ကြသည်။
ဗိုလ်ချုပ်စောလားပွယ်မှာ KKO အဖွဲ့၏ စစ်ဦးစီးချုပ်အဖြစ် ဆက်လက် တာဝန်ယူမည်ဖြစ်ပြီး KKO ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကာကွယ်ရေးဌာန တာဝန်ခံ၊ နိုင်ငံခြားရေးဌာန၊ ကျန်းမာရေး၊ စီးးပွားရေး၊ ပညာရေး၊ အပါအအ၀င် ဌာန ၁၂ ခု ပါရှိသည်။
အသစ်ရေးဆွဲထားသည့် အဖွဲ့၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို KKO ဌာနချုပ်တည်ရှိရာ မြ၀တီခရိုင် ဆုံဆည်းမြိုင်ကျေးရွာတွင် ယမန်နေ့က စတင်ကာ လူထုဆန္ဒခံယူပွဲ ကျင်းပခဲ့ပြီးနောက် တက်ရောက်လာသည့် ဘာသာရေးခေါင်းဆောင်များ၊ ကရင်နိုင်ငံရေးအဖွဲ့များမှ ကိုယ်စားလှယ်များ၊ ရဟန်းရှင်လူများက ယနေ့တွင် အတည်ပြုပေးခဲ့ကြခြင်းသည်။
ဓာတ်ပုံသတင်း - မြနှယ်စိမ်းစိမ်း (အင်းစိန်)
စာဖတ်ပရိသတ်များခင်ဗျား“စည်းလုံးခြင်းရဲ့ အင်အား” ၀က်ဘ်ဆိုဒ်က ပင်တိုင်ဆောင်းပါးရှင် ဖထီး မန်းရောဘဇန်မှ ဒေါ်စုထံ ပေးပို့ထားခဲ့ပြီး ဖြစ်သော အိတ်ဖွင့် ပေးစာကို စာဖတ်ပရိသတ်များအား ဒီကနေ့ တင်ပြပေးလိုက် ပါတယ်။ ၁၉၉၉ ခုနှစ်က ကျွန်တော်တို့ အမျိုးသား ခေါင်းဆောင်ဒေါ်စုရဲ့ ခင်ပွန်း ဆုံးပါးသွားစဉ် ပေးပို့ခဲ့တဲ့ ဒီအိတ်ဖွင့် ပေးစာကို ဖတ်ရူကြည့်ရင် စစ်ကို ဘာကြောင့် တိုက်နေရတာလဲ၊ စစ်မှန်တဲ့ ဒီမိုကရေစီကို ဘာကြောင့် မပေးရတာလဲ ဆိုတာတွေကို ကွက်ကွက်ကွင်းကွင်း သိမြင် နိုင်ကြမှာ ဖြစ်ပါတယ်။ အခုလို မျိုးဆက်သစ်များ ဗဟုသုတ ရရှိစေဖို့ အိတ်ဖွင့် ပေးစာအား ပေးပို့လာသော ဖထီး မန်းရောဘဇန်အား ကျွန်တော် ကိုဖိုးတရုတ်မှ အထူး ကျေးဇူး တင်ရှိပါကြောင်း စည်းလုံးခြင်းရဲ့ အင်အားတွင် ဂုဏ်ပြု မှတ်တမ်းတင်ရင်း ဖေါ်ပြ အပ်ပါတယ် ခင်ဗျား။
စာဖတ်ပရိသတ်များခင်ဗျား
ကျွန်တော်တို့“စည်းလုံးခြင်းရဲ့အင်အား” မှ ပင်တိုင်ဆောင်းပါးရှင် ဖထီး မန်းရော ဘဇန်ရဲ့ ဒေါ်အောင်ဆန်းစုကြည် ထံ ပေးပို့ ခဲ့သော စာတစ်စောင်ကို ဒီကနေ့ နှစ်သစ်မှာ ဖေါ်ထုတ် တင်ပြပေးလိုက် ပါတယ်။ ဒီစာဟာ တိုင်းရင်းသား ခေါင်း ဆောင်များရဲ့သဘောထားကို ထင်ဟပ် ပြသစေ သလို တိုင်းရင်းသား ပေါင်းစုံ ညီညွတ်ရေး အတွက်လည်း အင်အား တစ်ခု ဖြစ်စေပါတယ်။ ဒါ့အပြင် စာဖတ်ပရိသတ်များနဲ့ နောင်လာ နောက်သား များအား ဗဟုသုတ ရရှိစေတဲ့အတွက် အခုလို ပေးပို့ လာသော ဖထီးအား အထူး ကျေးဇူး တင်ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ် ပါတယ်။
(၂၇)။ ယက္ခ ဗျူဟာ (ဘီလူးစစ်)
တောမြိုင်သာနှိုက်၊ မိစ္ဆာဘီလူး၊ မာန်ဟူးဟူးနှင့်၊ ဖြူးဖြူးစွယ်ရောင်၊ တွေ့မရှောင်လျှင်၊ စိမ်းကောင်အသား၊ ကျွတ်ကျွတ်ဝါးသို့၊ ဆီးတားရန်မွှေ၊ တွေ့တိုင်းကြွေအောင်၊ တိုက်လေသမျှ၊ ရှင်းလင်းရသည်၊ ယက္ခ ဗျူဟာ…
(မျက်မာန်ဟူးဟူး၊ စွယ်ပြူးတူးနှင့်၊ ဘီလူးတောသား၊ သူကောင်စားသို့၊ တွေ့မြင်လေသမျှသော ရန်သူကို စားမတတ် ဝါးမတတ်၊ ရွပ်ရွပ်ချွံချွံ နှိပ်နှံတိုက်ဖျက်သည်) စစ်ဦး ဘီလူးဆိုသည့် အတိုင်း မဆုတ်ဆိုင်းဘဲ ရွတ်ရွတ်ချွံချွံ တိုက်ခိုက်ခြင်း ဖြစ်ပါတယ်။ ဘုရင့်နောင်သည် နောင်ရိုးချောင်း တိုက်ပွဲတွင် ဤနည်းဖြင့် အောင်ပွဲရခဲ့ခြင်း ဖြစ်ပေသည်။ ယိုးဒယားတိုက်ပွဲတွင်လည်း ဤသို့ပင် တိုက်ခိုက် အောင်ပွဲရခဲ့ ပေသည်။ ယိုးဒယားနှင့်တိုက်ရာ ဘုရင့်နောင်၏ စကားမှာ မှတ်သားဘွယ် ဖြစ်၍ ဖေါ်ပြလိုက်ပါသည်။ အမိန့်တော်အတိုင်း မတိုက်ဘဲနေလျှင်၊ ယိုးဒယားတို့က သတ္တိ ညံ့ဖျင်း၍ ရဲသေးမရှိ၊ ကြောက်သည်ဟု ဆိုပါလိမ့်မည်။ မတိုက်ဘဲနေလျှင် ထိုစစ်ပွဲကို အောင်နိုင်လိမ့်မည် မဟုတ်ပါ။ သူက အောင်ပွဲရသွားလျှင် မိမိတို့နောင် အစဉ်ပျက်စီး နိုင်ပါသည်။ သူရဲကောင်းတို့ သဘောမှာ စစ်ချင်းဆိုင်လျှင် နိုင်အောင်တိုက်ဘို့သာ အရေးကြီးစွာ အားထုတ်ရမြဲ ဖြစ်ပါသည်။
(၂၅)။ သူရိယ ဗျူဟာ (နေမင်းစစ်)
မြင့်မိုရ်ခါးနှင့်၊ လမ်းဆိုင်သင့်သား၊ နေမင်းရောင်ချည်၊ ကျွန်းလေးမည်ကို၊ လှည့်လည်ဝင်းဝါ၊ အနှံ့ဖြာလျက်၊ ငယ်စွာသိခြင်း၊ ဝါးလုံးသွင်းသို့၊ ချင်းနင်းရှိန်ဝါ၊ မထွန်လာသို့၊ မသာခက်ခဲ၊ တပ်ကိုလွှဲ၍၊ စွမ်းရဲအန်ထောင်၊ နှံ့ပြားအောင်လျင်၊ ရွက်ဆောင်ပြင်းပြ၊ လိုက်လံ-ကမူ၊ သူရိယဗျူဟာ၊ မှည့်သညာဖြင့်၊ ဆရာမြတ်တို့၊ ခေါ်-ကမြို့၏၊ ဤသို့ထုံးတမ်း၊ ဗျူဟာကျမ်းကို၊ စွဲလမ်းစီရင်၊ မ-ကာတင်သည်၊ အောင်မြင်နေ-က ခက်ချင်းတည်း...
(နေမင်းသည် ကျွန်းကြီးလေးကျွန်း ကျွန်းငယ်နှစ်ထောင်တို့ကို အရောင်ဖြင့် ထွန်းလင်းနိုင်သော်လည်း ငယ်လှစွာသော ဝါးလုံးတွင်းတို့ အရောင်အဆင်း မထွန်းလင်းနိုင်သကဲ့သို့ အရေးမသာ၍ အလုပ်အကြံခက်ခဲလျင် ခက်ခဲသောတပ်ကိုလွှဲ၍ သူရဲသူခက်တို့ရဲရင့်အောင် အနှံ့အပြား ရွက်ဆောင်ပြင်းပြ တိုက်ခိုက်ကြသည်)
အဓိပ္ပါယ်မှာ ရန်သူ၏ ပျော့ကွက် ဟာကွက်တို့ကို ပဌမတိုက်ခိုက်ပြီး ရန်သူအား အထီးကျန်စေပြီးမှ ခြေမှုန်းတိုက်ခိုက်သော မဟာဗျူဟာဖြစ်ပါသည်။
ကမ္ဘာ့စစ်သမိုင်းမှာ အင်အားနည်းပြီး အင်အားကြီးတဲ့ စစ်တပ်ကို အနိုင်တိုက်ခဲ့တဲ့ အင်အားစုတွေရဲ့ စစ်ရေးသင်ခန်းစာတွေကို လေ့လာသုံးသပ်နိုင်ဖို့ရှာဖွေတင်ပြသွားပါမယ်။ ကရင့်လက်နက်ကိုင် ခုခံတော်လှန်စစ်ဟာ သမိုင်းတင်လောက်အောင် နှစ်ပေါင်း(၆ဝ)ကျော်လွန်ခဲ့ပါပြီ။ (၉၄)ခုနှစ်ကစပြီး တော်လှန်တဲ့ ညီနောင်လူမျိုးစုတွေကို စစ်မဟာဗျူဟာ အမှတ်(၃) (ဥပါရ ဗျူဟာ) (ဥပါယ်စစ်) ကို အသုံးချပြီး (ပျားရည်နဲ့ ဝမ်းချ၊မစားရ ဝခမှန်း၊ ဂတိဂဝတ်တွေ) အမျိုးမျိုးပေးပြီး စစ်အာဏာရှင်တွေက လိမ်ညာ လှည့်ဖြားလိုက်ကာ အချိန်ဆွဲထားတယ်။ ညီနောင်အဖွဲ့တွေနဲ့ အပစ်အခတ် ရပ်စဲထားနေစဉ်အတွင်း ကျနော်တို့ လက်နက်ကိုင်တပ်ဖွဲ့တွေကို မီးကုန်ယမ်းကုန် တိုက်ခိုက် လာတော့တယ်။ တိုင်းပြည်ရဲ့ အရပ်ရပ်ဝင်ငွေတွေနဲ့ ဝယ်ထားတဲ့ နိုင်ငံစုံက လက်နက်မျိုး စုံနဲ့ ပုံအောသုံးပြီး အပြတ်ခြေမှုန်းတော့တယ်။ သူရဲကောင်းပီသတဲ့ ကရင်လက်နက်ကိုင် တပ်ပေါင်းစုံက ရဲဘော်တွေဟာ အံ့မခန်း ခုခံတော်လှန်တော့တယ်။ ဆုံးရှုံးမှုအချို့ ရှိပေမဲ့ တော်လှန် စစ်အောင်တံခွန်ကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့တယ်။ ကရင်ရဲဘော်တွေဟာ စစ်တက္ကသိုလ်တွေ မတက်ရောက်ခဲ့ရပေမဲ့ (စစ်မြေပြင်လောက်ကောင်းတဲ့ စစ်တက္ကသိုလ်မရှိ) ဆိုတဲ့ ကမ္ဘာ စစ်ပါရဂူတွေရဲ့ သြဝါဒကို ကိုင်စွဲ တိုက်ပွဲဆက်ဝင်နေတယ်။ စစ်သားရဲ့ မှတ်ကျောက်ဟာ စစ်မြေပြင်မှာဖြစ်တယ်၊ တပ်မှူးတချို့ စစ်ပညာစာစောင် စာတမ်းတွေ လေ့လာပြီး ကိုက်ညီတဲ့ အချက်အလက်တွေကို အကောင်အထည်ဖေါ်ကြတယ်။ စစ်ပညာကိုလေ့လာလိုသူ တပ်မှူးများအတွက် ဖေါ်ပြလိုက်ပါတယ်။
ဒီအပတ် ဗမာ့စစ်ပညာထဲက ဗမာတပ်မတော်မှ ပေါ်လစီရေးဆွဲသူတွေ ကျင့်သုံးခဲ့တဲ့ စစ်နည်းဗျူဟာ (၂၉) ချက်ထဲက ကျန်တဲ့အပိုင်းတွေကို ဆက်လက်ဖေါ်ပြပါမယ်။ ရန်သူတွေ ဘာလုပ်တတ်သလဲ၊ ဘယ်လို လှည့်စားခဲ့သလဲ၊ ဘာတွေဆက်လုပ်နိုင်သလဲဆိုတာ သိရှိဖို့ ရန်သူထုတ် စာအုပ်စာတမ်းတွေ လေ့လာ သုံးသပ်နိုင်ဖို့လိုတယ်။ ကလောင်သွားဟာ ဓါးသွားထက် ထက်တာမို့ စာပေဗဟုသုတများကို ရဲဘော်တို့ ရှာဖွေချိန် မရတာကြောင့် စုစည်း ဖော်ပြပေးလိုက်ပါတယ်။ ရန်သူဟာ မိမိတို့ကို ဘယ်လိုဖြိုခွဲရမလဲ၊ ဘယ်လိုသတ်လျှိုရမလဲဆိုတာ အမြဲစဉ်းစားနေတယ်၊ ဒါကြောင့် သူတို့ လိုချင်တဲ့ဘောင်ထဲ သတ်ကွင်းထဲ မရောက်ဖို့နဲ့ မိမိတို့က လက်ဦးမှုရှိရှိ အလစ်အငိုက် ရရှိရန် လှုပ်ရှားနိုင်ဖို့ လေ့လာနိုင်ရန် ဖြစ်တယ်။
ဒီအပါတ် ဗမာ့စစ်ပညာထဲက ဗမာတပ်မတော်မှ ပေါ်လစီရေးဆွဲသူတွေ ကျင့်သုံးခဲ့တဲ့ စစ်နည်းဗျူဟာ (၂၉) ချက်ထဲက ကျန်တဲ့အပိုင်းတွေကို ဆက်လက်ဖေါ်ပြပါမယ်။ ရန်သူတွေ ဘာလုပ်တတ်သလဲ၊ ဘယ်လိုလှည့်စားခဲ့သလဲ၊ ဘာတွေဆက်လုပ်နိုင်သလဲဆိုတာ သိရှိဖို့ ရန်သူထုတ် စာအုပ်စာတမ်းတွေ လေ့လာ သုံးသပ်နိုင်ဖို့လိုတယ်။ ကလောင်သွားဟာ ဓါးသွားထက် ထက်တာမို့ စာပေဗဟုသုတများကို ရဲဘော်တို့ ရှာဖွေချိန် မရတာကြောင့် စုစည်းဖော်ပြ ပေးလိုက်ပါတယ်။ ရန်သူဟာ မိမိတို့ကို ဘယ်လိုဖြိုခွဲရမလဲ၊ ဘယ်လိုသတ်လျှို ရမလဲဆိုတာ အမြဲစဉ်းစားနေတယ်၊ ဒါကြောင့် သူတို့ လိုချင်တဲ့ဘောင်ထဲ သတ်ကွင်းထဲ မရောက်ဖို့နဲ့ မိမိတို့က လက်ဦးမှုရှိရှိ အလစ်ငိုက်ရရှိရန် လှုပ်ရှားနိုင်ဖို့ လေ့လာနိုင်ရန် ဖြစ်တယ်။
ဒီအပါတ် ဗမာ့စစ်ပညာထဲက ဗမာတပ်မတော်က ပေါ်လစီရေးဆွဲသူတွေ ကျင့်သုံးခဲ့တဲ့ စစ်နည်း ဗျူဟာ (၂၉) ချက်ထဲက ကျန်တဲ့အပိုင်းတွေကို ဆက်လက်ဖေါ်ပြပါမယ်။ ရန်သူတွေ ဘာလုပ်တတ်သလဲ၊ ဘယ်လိုလှည့်စားခဲ့သလဲ၊ ဘာတွေဆက်လုပ်နိုင်သလဲဆိုတာ သိရှိဘို့ ရန်သူထုတ်စာအုပ်စာတမ်းတွေ လေ့လာ သုံးသပ်နိုင်ဘို့လိုတယ်။ ကလောင်သွားဟာဓါးသွားထက် ထက်တာမို့ စာပေဗဟုသုတများကို ရဲဘော်တို့ ရှာဖွေချိန် မရတာကြောင့် စုဆည်းဖော်ပြ ပေးလိုက်ပါတယ်။ ရန်သူဟာ မိမိတို့ကို ဘယ်လိုဖြိုခွဲရမလဲ၊ ဘယ်လို သတ်လျှိုရမလဲဆိုတာ အမြဲစဉ်းစားနေတယ်၊ ဒါကြောင့် သူတို့ လိုချင်တဲ့ဘောင်ထဲ သတ်ကွင်းထဲ မရောက်ဘို့နဲ့ မိမိတို့က လက်ဦးမှုရှိရှိ အလစ်ငိုက် ရရှိရန် လှုပ်ရှားနိုင်ဘို့ လေ့လာနိုင်ရန် ဖြစ်တယ်။
(၉)၊ ဓါရက ဗျူဟာ၊
ဗိုလ်အင်ပြိုင်းပြိုင်း။ တပ်ချတိုင်းလျှင်။ ထုံးပိုင်းမချန်။ ခန်ဏ္ဍထားရန်ကို။ ဝေဘန်တောင်မြောက်။ ရှေဏ္ဍနှင့်နောက်ဝယ်။ ခုံထောက်နှိုင်းတု။ ခုနှစ်ပြုမှ။ ရှစ်စုကိုးကွက်။ ပွားဆတက်။ စစ်မက်ဆင်ရာ။ တပ်တောင်တာဝယ်။ ဗိုလ်ပါကျင်းပ။ ထုံးနည်းပြသည်။ ဓါရက ဗျူဟာ။ ကြောင်းချာလည်း။ မည်သောသိထင်။ တပွဲတွင်.၊ “တပ်ချတိုင်း တပ်ချတိုင်း ရှေဏ္ဍနောက်တောင်မြောက် လေးမျက်နှာ တိုဏ္ဍနှိုက် ဖိုခနောက်ဆိုင် ခုနှစ်ကွက်။ ရှစ်ကွက်။ ကိုးကွက်။ စီးပွားတပ်ချပြီးလျှင်။ ဗိုလ်ပါဆင်မြင်း ကျင်းပစီရင်သည်”“အဘက်ဘက်မှ လုံခြုံမှုရှိစေရန်၎င်း။ တပ်အချင်းချင်း အပြန်အလှန် ကူညီနိုင်ရန်၎င်း။ အရံတပ်များ လုံလုံလောက်လောက် ရှိစေရန်၎င်း။ ရန်သူမထိုးဖေါက်နိုင်ရန်၎င်း။ အကွက်လိုက်တပ်ကို အထပ်ထပ် ချထားခြင်းဖြစ်သည်၊ ယခုခေတ်တွင်လည်း တပ်ချတိုင်းနည်းကို သုံးရသည်သာ ဖြစ်ပါသည်။
(၅)။ သုဝ ဗျူဟာ (ကျေးသားစစ်)
“မြိုင်သာရိပ်ခို၊ ရွှေကျေးညိုတို့၊ လူလိုလျောက်ပတ်၊ သင်လျှင်တတ်၍၊ လူ့ဇာတ်ပျော်ရွှင်၊ အကျုံးဝင်သို့၊ ထိုတွင်ဖေါက်ပြန်၊ တဖက်ရန်ကို၊ ကျမ်းဂန်နှီးနွယ်၊ ပရိယာယ်ဖြင့်၊ လှယ်ပယ်ပြသ၊ စစ်ဆင်ကြသည်၊ (သုဝ ဗျူဟာ၊ ရှေးထုံးလာ၏” (တိရစ္ဆာန်ဖြစ်သော ကျေးသားကို စကားသင်၍ လူ့ဇာတ်ကို ဝင်စေသကဲ့သို့၊ ဝတ္တုကျမ်းဂန် သက်ကန်သက်သေ၊ ဥပဒေကျကျ ထုံးစံပြသဖြင့်၊ သူကစစ်သည် အတည်တည်ကို မြေလည်စေမှု ငြိမ်းအောင်ပြုသည်)
၎င်းပြင် ကျန်စစ်သားသည်လည်း ငရမာန် အပေါ်တွင်လည်း မုဆိုး ငစဥ့်အား လှည့်စားစေ၍ အောင်နိုင်ခဲ့ကြောင်းကို တွင်းသင်းမြန်မာရာဇဝင်သစ် စာမျက်နှာ (၁ဝ၁)တွင် အောက်ပါအတိုင်း တွေ့ရသည်။
“တောအုပ်သစ်ပင် သာယာစွာငှက်သံမြည်နှင့်သည်ကို ငရမာန်လည်း မျက်စိကောင်းသည် ဆက်နှင့် ဖေါင်ပတင်းဝကကြည့်လျှင် ငစဥ့်လေးနှင့်ပစ်၍ သေလေ၏။ ၄င်းပြင် (ဥပယ်လေးပါး)ကို အသုံးပြု ကြောင်းလည်း တွေ့ရပါသည်။
Read more
“တောအုပ်သစ်ပင် သာယာစွာငှက်သံမြည်နှင့်သည်ကို ငရမာန်လည်း မျက်စိကောင်းသည် ဆက်နှင့် ဖေါင်ပတင်းဝကကြည့်လျှင် ငစဥ့်လေးနှင့်ပစ်၍ သေလေ၏။ ၄င်းပြင် (ဥပယ်လေးပါး)ကို အသုံးပြု ကြောင်းလည်း တွေ့ရပါသည်။











