“တောအုပ်သစ်ပင် သာယာစွာငှက်သံမြည်နှင့်သည်ကို ငရမာန်လည်း မျက်စိကောင်းသည် ဆက်နှင့် ဖေါင်ပတင်းဝကကြည့်လျှင် ငစဥ့်လေးနှင့်ပစ်၍ သေလေ၏။ ၄င်းပြင် (ဥပယ်လေးပါး)ကို အသုံးပြု ကြောင်းလည်း တွေ့ရပါသည်။
“ဥပါယ် လေးပါး”
(က)။ ဘေဒ ဥပါယ်။ ဖျက်ဆီးနိုင်ခြင်း။ (သူ့ညီညွတ်မှုကို ကြုံအောင်ဖျက်ဆီးခြင်း)
( ခ)။ ဒဏ္ဍ ဥပါယ်။ ဒဏ်ထားခြင်း။ (လက်နက်အင်အား၊လူအင်အားနှင့်ဖိ၍အောင်စေခြင်း)
( ဂ)။ ဥာမျ ဥပါယ်။ ငြိမ်ဝပ်အောင်ပြုခြင်း။ (အရေးဆို၍ အောင်မြင်ခြင်း)
(ဃ)။ ဒါန ဥပါယ်။ ပေးကမ်းချီးမြင့်ခြင်း။ (ပေးကမ်းချီးမြင့် လက်ဆောင်ဖြင့် အောင်မြင်ခြင်း)
“စဉ်းလဲခြင်း သုံးပါး”
စစ်တိုက်သည်ဟူသည်ကား မိမိတို့နိုင်ရန်သာအဓိကဖြစ်ရာ စဉ်းလဲကောက်ကျစ်မှုသည် မတရားဟု မဆိုနိုင်ပါ။ တရားသောစစ် မတရားသောစစ် (ဝါ) စစ်၏ရည်ရွယ်ချက်သာ အဓိကဖြစ်ပြီး စစ်အောင်နိုင်ရန်အတွက်ကား ရန်သူကိုလှည့်စားနိုင်ရန် လှည့်စားရသည်သာဖြစ်ပါသည်။ စဉ်းလဲအပ်ရာသောအကြောင်းသုံးချက်ကို အောက်ပါအတိုင်းတွေ့ရပါသည်။
(က)။ ဇီဝိတ မာယာ။ အသက်၏ပျက်စီးဘွယ်ရာနှိုက် စဉ်းလဲရခြင်းတပါး (စစ်သည်အသက်နှင့် ရင်းရသည်ဖြစ်၍ စဉ်းလဲရမည်သာဖြစ်သည်)
( ခ)။ ယောဂ မာယာ။ သူ၏စစ်ကိုအောင်ဘွယ်ရာ၌ စဉ်းလဲရခြင်းတပါး။
( ဂ)။ မဟာဝိနာယ မာယာ။ သတ္တဝါတို့ပျက်စီးဘွယ်ရာအမှု၌ စဉ်းလဲရခြင်းလည်းတပါး။
“ပျက်ရာသည် ခြောက်ပါး”
အောက်ပါကိစ္စရပ်တို့တွင် ကတိပျက်ရာသည်ဖြစ်ပါသည်။
(က)။ ဘယ မုသာ။ ဘေးရောက်ဘွယ်ရာစောအမှုနှိုက် ပျက်ရခြင်းတပါး။
( ခ)။ ဇီဝိတ မုသာ။ အသက်၏ပျက်စီးခြင်းသို့ရောက်မည့်အရာနှိုက်လည်း ပျက်ရာ၏။
( ဂ)။ မဟာဝိနာသ မုသာ။ ပျက်စီးခြင်းကြီးသို့ရောက်အံ့သောအရာနှိုက်လည်း ပျက်ရာ၏။
(ဃ)။ ဇယပတိ မုသာ။ ရန်သူကိုနိုင်အောင် စီရင်မည့်အရာနှိုက်လည်း ပျက်ရာ၏။
( င)။ အလိင်္ဂဝစန မုသာ။ မသိရာသောအရာနှိုက်လည်း ပျက်ရာ၏။
( စ)။ ယဿရာဇ၈ုယှ မုသာ။ အရှင်များ လျို့ဝှက်အပ်သောအရာနှုက်လည်း ပျက်ရာ၏။
မှတ်ချက်။ ရန်သူအဆက်ဆက်ဟာ အကြပ်အတည်းတွေ့လာတိုင်းထွက်ပေါက်ရရန် အထက်ပါ (ဥပါယ် လေးပါး)၊ (စဉ်းလဲခြင်း သုံးပါး)နှင့်(ပျက်ရာသည် ခြောက်ပါး)တို့ကို အစဉ်သဖြင့်ကျင့်သုံး ကြောင်း ကရင့်တော်လှန်ရေး ရာစုနှစ် ထက်ဝက်ကျော်ကာလများက တွေ့ကြုံခဲ့ဘူးပြီး ဖြစ်တယ်။
(၄)။ ဣတ္ထိ ဗျူဟာ။ (မိန်းမ မာယာစစ်)
“သူကောင်းသမီး၊ ရှုမငြီးအောင်၊ လျှပ်စစ်မီးအသွင်၊ တန်းဆာဆင်လျှက်၊ ရုပ်သွင်ကြန်ညီ၊ ကလျာဏီလျှင်၊ နာရီဗျူဟာ၊ တတ်လိမ္မာ၍၊ သာယာချိုပြား၊ သူကောင်းသားအား၊ စကားတုံ့ချေ၊ သဘောပြေဖြင့်၊၊ မပျက်ရအောင်၊ ချိုမြသံလွင်၊ သွေးဆောင်ငင်သို့၊ ငြိုငြင်ထွက်ပြူ၊ ရန်ဖက်သူကို၊ ထိုတူသိမ်မွေ့၊ တစေ့စေ့လျှင်၊ ချမ်းမြေ့ဖန်ဖန်၊ အတန်တန်တည့်၊ တမန်တန်တား၊ လှည်လှည်ပါး၍၊ ကြောင်းလျားသွယ်ငင်၊ ရန်မျိုးစင်သော်၊ ရန်ပင်မရှိ၊ မစွန်းညိသည်၊ ဣတ္ထိဗျူဟာ၊ ကျမ်းထွက်မှာ၏” (ရှုစချင့်ဘွယ် တင့်တယ်လျောက်ပတ်သော အဝတ်တန်ဆာဖြင့် ပန်းနံ့သာတို့ကိုဝတ်ဆင်ဗသာ သတို့သမီးသည်၊ (နာရီဗျူဟာ) ဟူသော မိန်းမတို့၏ မာယာဥပါယ်၊ ပရိယာယ်မပျက်စေအောင် သတိဆောင်၍ မရှောင်လွဲသာ၊ လိုရှိရာသို့ ပါစေသကဲ့သို့ တဖက်ရန်သူကို မိန်းမဖြင့်မြူ၍၊ ရန်ကိုအောင်မြင်ပြေငြိမ်းစေသည်)
အဓိပ္ပာယ်က ရန်သူအား မိန်းမဖြင့်မြူ၍ စစ်ပြီးစေသော သဘောဖြစ်သည်။ သမီးကညာ ပေးဆက်ခြင်းဖြင့် မဟာမိတ်ပြု၍ နှစ်ပြည့်တပြည် ရွှေလမ်းငွေလမ်း ဖောက်ခြင်းဖြင့် ငြိမ်းချမ်းရေးကို ရယူကြသည်ကို တွေ့ရှိနိုင်ပေသည်။ သို့ကြောင့်ပင် (ကန်တော်မင်းကျောင်း) ဆရာတော်၏ သြဝါဒမေတ္တာစာတွင် “ယောင်္ကျားကိုစေသော် မပြီးနိုင်၊ မိန်းမကိုစေသော် မခံနိုင်”ဟူ၍ ရေးသားခဲ့ခြင်း ဖြစ်ပေသည်။ ဤကဲ့သို့ သမီးကညာပေး၍ စစ်မြေငြိမ်းခြင်းများသည် ပဒေသရာဇ်ခေတ်များတွင် မှန်သင့်သလောက် မှန်သော်လည်း လုံးဝ ဥသုံမှန်သည်ကား မဟုတ်ပါချေ။ “မိန်းမတို့၏ မာယာသဘောကဲ့သို့ ချစ်ယောင်ကြင်ယောင် လှည့်ဖျားလျက် ရန်သူ့အကြိုက်ကို ပေးပြီး၊ တနည်းဆိုရသော် အစာကျွေးပြီး အောင်နိုင်မှုကို ရယူသော စစ်မဟာဗျူဟာပင် ဖြစ်ပါသည်။ ဒုတိယ ကမ္ဘာစစ် အစတွင် အင်္ဂလိပ်နန်းရင်းဝန် ချိန်ဘာလိန်သည် ဟစ်တလာအား ဤသို့ပင် ပြုမူခဲ့သည်ကို တွေ့နိုင်ပါသည်။ ဟစ်တလာအကြိုက်ကိုလိုက်၍ သိမ်းလိုသောနယ်ကို သိမ်းခွင့် ပေးခဲ့သည်ကို ချိန်ဘာလိန်မှ ဟစ်တလာအား ဟန်ေ၈ရီ၊ ပိုလန် စသောနိုင်ငံများကို ကလပ်ပေါ်တွင်တင်၍ ဆက်နေဟန် ကာတွန်းများပင် တွေ့ရပါသည်။ အကြောင်းမှာ ယင်းအချိန်တွင် အင်္ဂလိပ်သည် မိမိ ကာကွယ်ရေးအတွက် အသင့်မဖြစ်သေးပေ။ သို့ဖြစ်ရာ ဟစ်တလာအကြိုက် မလိုက်ပါလျှင် ဒုတိယကမ္ဘာစစ်ကို အင်္ဂလိပ်တို့ အောင်နိုင်မှုရမည် မဟုတ်ပါချေ။ သို့ကြောင့် စစ်ပြင်ဆင်ချိန် ရရှိရန် အချိန်ဆွဲလျှက် ဟစ်တလာလိုသမျှ တိုက်စေ သိမ်းစေ ပေးနေခြင်းဖြစ်ပါသည်။ သို့ကြောင့်ပင် အင်္ဂလန်သို့နောက်ဆုံးမှ ဟစ်တလာ စစ်ဦးလှည့်သည်ဖြစ်ရာ အင်္ဂလိပ်တို့မှာ စစ်အသင့် ရှိပြီးဖြစ်၍ အောင်နိုင်မှုကို ရခဲ့ပေသည်။ စစ်တို့၏ သဘောမှာ မည်သည့်နည်းဖြင့် အောင်နိုင်သည်ဖြစ်စေ အောင်နိုင်သည်သာ လိုရင်းဖြစ်ရာ မိန်းမဥာဏ်ဖြင့် ကျင့်သည်ဆိုစေ ဤစစ် မဟာဗျူဟာသည်လည်း ကျင့်သုံး ရဦးမည်သာ ဖြစ်ပါသည်”။

ဆောင်းပါးရှင် - မန်းရောဘတ် ဘဇန်
0 comments:
Post a Comment