Fans of Mahn Robert Ba Zan

တော်လှန်ရေးလား တန်ပြန်လား




စာရေးသူ၏မေတ္တရပ်ခံချက်
ဤစာစုသည် ဖဆပလ ၊ပထစ၊ မဆလ နဲ့ နသတခေတ်တွေမှာ တော်လှန်ခဲ့သောသူရဲကောင်း စစ်သည်တော်တွေအတွင်း သေနတ်သံတစ်ချက်၊ စစ်မြေပြင်တရက်မှ မရောက်ဘူးဘဲ ပူးကပ်အခွင့်ထူးခံ ကိုယ်ကျိုးရှာပြီးဆယ်စုနှစ်တော်တော်များများ ပါဝင်ခဲ့တယ်။ ရန်သူ့မျိုးဖြုတ်သုတ်သင်ရေး ထိုးစစ်ကြီးတွေဆင်လာတဲ့ အခါမယ်အ လျှိုလျှိုငွေ ထုတ်ပိုက်ပြီး ရန်သူ့ခြေဖဝါးအောက် ဒူးထောက်လို့ရောက်ခဲ့သူတွေရှိတယ်။ မျက်မှောက် နဝတ ခေတ်မှာဒီလိုသစ္စာဖောက်လောက်ကောင်တွေဆက်လက်မပေါ်ပေါက်လာခြင်း ငှာသတိရှိရှိစစ်သား
မျက်စိဖြင့်ရေးသားလိုက်ရပါတယ်။ အကယ်၍များ ဤစာစုသည် တစ်စုံတစ်ဦးတစ်ယောက်ကိုမရည်
ရွယ်ပါဘဲ လေးစားရပါသော စာရှူသူများနှင့် ဆင်တူရိုးမားတဲ့ အဖြစ်မျိုးရှိခဲ့ပါမူ များစွာဝမ်းနည်းရပါ
ကြောင်းအနန္တမေတ္တာမွန်ဖြင့် ခွင့်ပန်အပ်ပါတယ်ခင်ဗျား။
မန်းရောဘဇန်(kso)





တော်လှန်ရေးလား တန်ပြန်လား


(၁)
သူငယ်ချင်း
တို့တတွေတပါတီငါ့မင်းငါ့ချင်း
စစ်အာဏာရှင် ကိုလိုနီပညာရေး
ဥခွံထဲကရုန်းထွက်ပြီး
အမျိုးသားလွတ်မြောက်ရေး
ဒီမိုကရေစီ လူ့အခွင့်အရေးအပြည့်အဝရရှိရေးနှင့်
ထာဝရငြိမ်းချမ်းရေးတို့အတွက်
တို့အသက်ကိုပူဇော်ဆက်ကပ်မယ်လို့
သန္ဓိဌာန်ခိုင်ခိုင်ချကာ
တော်လှန်သူတို့၏ ဘူမိနက်သံမြေကို 
ခြေချလို့အရောက်လာခဲ့ကြတယ်။
အဲဒီတုန်းက 
တို့တတွေမှာ
အရပ်လွယ်အိတ်တစ်လုံး
တန်ဖိုး မကြီးတဲ့အင်္ကျီနှင့် ပုဆိုး 
ဖိနောက်က ပြတ်နေတဲ့ ခြေညှပ်ဖိနပ်
ဟောင်းနွမ်းနေပြီဖြစ်တဲ့ စောင်တထည်
ရှိစုမဲ့စု အမေပေးလိုက်တဲ့
တစ်ရာ သောအသပြာသာ
ပါခဲ့တယ်။

ပုဂ္ဂလိကပိုင်ဆိုင်မှု ရယ်လို့
ဘာတစ်ခုမှမရှိ
ဒါပေမဲ့
တို့တစ်တွေမှာ 
စွမ်းပကားကြီးမားတဲ့
မျိုးချစ်စိတ်၊ ပြည်ချစ်စိတ်
တော်လှန်ရေးစိတ်ဓာတ်တွေ
တင်းပြည့်ကျပ်ပြည့်လာပါတယ်
ဒီပိုင်ဆိုင်မှုတွေ ရင်ဝယ်ပိုက်ရင်း
တို့ချစ်တဲ့ အမေ၊ညီ၊ ညီမလေးတို့ကို
ခွဲခွာခဲ့ကြတယ်။

(၂)
သူငယ်ချင်း
တော်လှန်သူတို့၏
ဘူမိနက်သံမြေကိုရောက်တော့
တို့တတွေအဲ့သြကြတယ်
ကမ္ဘာသစ်တစ်ခုကိုရောက်နေရသလိုဘဲ
ဂုဏ်ပကာသနတွေ 
အဆောင်အယောင်တွေ
အဆင့်အတန်းတွေဘာတစ်ခုမှမတွေရဘဲ
ဒီမိုကရေစီ ကမ္ဘာသစ်ကိုတည်ဆောက်နေတဲ့
တော်လှန်ရေးအိမ်ထောင်စုကြီးတခုလို
ပျော်စရာကောင်းလိုက်တာ
ဒီမိုကရေစီလူ့အခွင့်အရေး
အပြည်အဝရှိတယ်
လွတ်လပ်စွာ တွေး၊ ရေး၊ ဆွေးနွေးကြတယ်
အဆင့်ဆင့် ညီလာခံတွေ ကျင်းပပြီး
တိုင်းချစ်၊ ပြည်ချစ်
မျိုးချစ်တွေကို ရွေးကောက်တယ်။
ဒီမိုကရေစီလူ့အခွင့်ရေးကို
ကလောင်ကိုင် တိုက်မရတဲ့အဆုံး
နိုင်ငံတကာ တော်လှန်ရေးနိယာမ တရားတော်အရ
ဒီမိုကရေစီ ကမ္ဘာ၊ဒီမိုကရေစီလူ့ဘောင်သစ်သို့်
ချီတက်ရာမှာ 
အဟန့်အတား ဆူးညှောင့်ခလုတ်ကန်းသင်းတွေကို
ဖယ်ရှားရှင်းလင်းတဲ့
တခုတည်းသော နောက်ဆုံးလမ်းဟာ
လက်နက်ကိုင်တော်လှန်ရေးဖြစ်တယ်။
ဒီမိုကရေစီကမ္ဘာနဲ့ လူ့ဘောင်သစ်ကိုချီရာမှာ
စစ်အာဏာရူး ဘီလူးသဘက်တွေက
သေနတ်တွေနဲ့ စောင့်နေတယ်
သူတို့စိတ်ကြိုက်ရေးဆွဲတဲ့(ဥပဒေ)
အချုပ်ထောင်၊ ပုလိပ်တွေ၊စစ်သားတွေနဲ့
တို့ကိုကြိုနေတယ်၊ဟန့်တားနေတယ်
ဒီအဟန့်အတားတွေကျော်ဖြတ်ဖို့
စစ်တပ်ဆိုတာ 
လူတန်းစားတရပ်မဟုတ်ဘူး
အမျိုးသား ပြည်သူလူထုရဲ့
အသက် အိုးအိမ် စည်းစိမ်ကိုကာကွယ်တဲ့
အမျိုးသား ပြည်သူလူထုက……………..
ပေါက်ဖွားဆင်းသက်လာတဲ့
ချွေးနည်းစာနဲ့ ထောက်ပံ့ထားတဲ့
အရှင်သခင်တွေမဟုတ်တဲ့
အမျိုးသား ပြည်သူလူထုကို
အလုပ်အကျွေးပြုတဲ့
ပြည်သူအစေခံ၊ပြည်သူ့ကျေးကျွန်တွေသာဖြစ်တယ်။

ပြည်သူသာအမိ၊ပြည်သူသာအဖ ဆိုတဲ့
သစ္စာတရားကို
ဦးထိပ်ပန်ဆင်တဲ့
စစ်တပ်(တပ်မတော်)ကိုဖွဲ့စည်းကြတယ်။
တို့တပ်မတော်ဟာ
အမျိုးသားပြည်သူ့ရင်သွေးနဲ့
ဖွဲ့စည်းတည်ဆောက်တော့
အမျိုးသား ပြည်သူမရှိရင်
တို့တပ်မတော်မရှိဘူးဆိုတာ
ခိုင်မြဲစွာ မှတ်သားသင်ယူခဲ့တယ်။

ပြည်သူတွေ၊ အမျိုးသားတွေစားသလို၊
တို့စားတယ်၊ ဝတ်သလိုဝတ်တယ်၊နေသလိုနေတယ်
တပ်မတော်ဆိုတဲ့ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်လို့
စည်းလုံးညီညွတ်မှုကိုရှေ့ရှုပြီး
တူညီဝတ်စုံကို 
အမျိုးသား ပြည်သူတွေရဲ့
နိုင်ငံတော်ကတပ်ဆင်တယ်
နှစ်စဉ်ထုတ်မပေးနိုင်ဘူး
လက်နက်တပ်ဆင်မှုကတော့မျိုးဘဲ
အမျိုးသား ပြည်သူတွေရဲ့
ရင်းကာဖြစ်တဲ့ ချွေးစာနဲ့
မှောင်ခိုသေနတ်ဈေးကွက်ကဝယ်တယ်
ရန်သူ့ဆီကတိုက်ယူတယ်
တို့ဆီမှာရှိကြတဲ့
စက်မှုအတတ်ပညာရှင်တွေက
ထုတ်လုပ်ကြ။

ဒီနည်းနဲ့ 
တို့တပ်မတော်ရဲ့ စက်ယန္တရားကို
လည်ပတ်တယ် 
လုံလောက်မှုမရှိသေးဘူး။

မဟာဗျူဟာအရ
ရန်သူကထိုးစစ်
တို့ကခံစစ်အရှေ့မှာဘဲရှိသေးတယ်
တို့စစ်သမိုင်းဟာနှစ်ပေါင်းလေးဆယ်ကျော်ခဲ့ပြီး။
ဒီနှစ်ပေါင်းလေးဆယ်ကျော်
ခုခံတော်လှန်စစ် သမိုင်းတလျှောက်
တို့ချစ်မြတ်နိုးတဲ့ခေါင်းဆောင်းတွေနဲ့
သူရဲကောင်းစစ်သည်တော်အထောင်အသောင်းဖြစ်တဲ့
စောဘဦးကြီး
ဗိုလ်ချုပ်စိုင်းကေ
ဗိုလ်ချုပ်မင်းမောင်
စကောမောလေး
စတဲ့ခေါင်းဆောင်ကြီးတွေ

ဗိုလ်မှူးကြီးဖန်းရှောင်
ဗိုလ်မှူးကြီးမြစိန်
ဒုတိယဗိုလ်မှူးကြီးချစ်တင်
ဒုတိယဗိုလ်မှူးကြီးသောင်းညွန့်
ဒုတိယဗိုလ်မှူးကြီးဂါးမင်း
ဒုတိယဗိုလ်မှူးကြီးဂျော်နီဖိုး
ဒုတိယဗိုလ်မှူးကြီးကျော်လှိုင် (မြပုခက်)
ဗိုလ်မှူးသန်းရှိန်
ဗိုလ်မှူးမောင်ဇန်
ဗိုလ်မှူးမောင်ချစ်
ဗိုလ်မှူးတူးတူး
ဗိုလ်မှူးကီးဒိုး စတဲ့တပ်မှူးကြီးတွေ
ဗိုလ်ကြီးချစ်မောင်လေး
ဗိုလ်ကြီးတာပီး
ဗိုလ်ချစ်ဧ
ဗိုလ်လှအောင်ချစ်
ဗိုလ်ဖားပယော်
ဗိုလ်သောထူး
ဒုဗိုလ်ထိုလွီဇန်
ဒုဗိုလ်မိုးအောင်ဝင်း
ဒုဗိုလ်မုတော
ဒုဗိုလ်မောင်ထွေး
ဒုဗိုလ်ကြောင်ကြွက်
ဒုဗိုလ်သာဂေး
ဒုဗိုလ်နိုင်နို်င်
တပ်ကြပ်ကြီးတင်ထွန်း
တပ်ကြပ်ပုချို
တပ်ကြပ်စောကဲ
တပ်သားကျော် မန်းမိုးကျော်ဇန်
တပ်သားကျော် ဘာဂျာမွတ်
စတဲ့ စတဲ့ စတဲ့ ......

အိုး   မြစ်ဝကျွန်းပေါ် ပဲခူးရိုးမနဲ့
အရှေ့ရိုးမ လောကတစ်ဝှမ်းလုံးက
သူရဲကောင်းစစ်သည်တော်
အာဇာနည်အထောင်အသောင်းဟာ
စစ်မြေပြင်မှာ ကျည်သင့်လို့
ဗိမ္မာန်တော်မှာကွန်းခိုလို့
ထာဝရ အနားယူကြပြီးဖြစ်တယ်။

အဲဒီဗိမ္မာန်တော်ကနေ
တို့ရဲဘော်တွေ
ပြည်သူအတွက် တိုက်ပွဲဝင်နေကြရဲ့လား
တို့ရဲဘော်တွေ
တော်လှန်သူတွေ ပီသရဲ့လား
ကိုယ်ကျိုးရှာအတ္တသမားတွေ
အချောင်သမားတွေ ဖြစ်ကုန်ပြီလား ဆိုတာကို
စိုက်ကြည်နေကြတယ်။

တော်လှန်ရေး သမိုင်းတရားခံ
ဘယ်သူတွေဖြစ်နေကြသလဲ ဆိုတာကို
စောင့်ကြည့်နေကြတယ်။

(၃)
သူငယ်ချင်း
တို့ရဲဘော်သူရဲကောင်းစစ်သည်တော်
အထောင်အသောင်းဟာ
အမွန်မြတ်ဆုံးစွန့်လွတ်ခြင်းမျိုးနဲ့
စွန့်လွတ်လိုက်ကြပြီး
အမွန်မြတ်ဆုံး ပေးဆပ်ခြင်းမျိုးနဲ့
ပေးဆပ်လိုက်ကြပြီ
တောလှန်ရေးသမိုင်းတာဝန်တွေ
ကျေပွန်ကြလေပြီး။

အသက်ရှင်သေးတဲ့ ငါတို့တတွေ
သူတို့ရဲ့တော်လှန်တဲ့သစ္စာတရားတော်ကို
စောင့်သိရိုသေမှုဖြင့်
လူလူချင်းသွေးစုတ်မှု
လူမျိုးခြင်းကျွန်ပြုမှုကင်းဝေးတဲ့
လူ့ဘောင်သစ်ကို
အရောက်ချီတက်ကြရမယ်။
ဒီလူ့ဘောင်သစ်ကိုချီတက်ရာတွင်
တော်လှန်တဲ့ အတွေး
တော်လှန်တဲ့ အရေ
တော်လှန်တဲ့ အစား
တော်လှန်တဲ့ အသွား
တော်လှန်တဲ့ အပြုအမူ အနေအထိုင်မျိုးကို
ကျင့်ကြံပြုမူကြရမယ်။

ဒီတော်လှန်ရေးကျင့်ဝတ်တွေကို
ဆုပ်ကိုင်နိုင်မှသာ
တို့အမျိုးသားပြည်သူတွေနဲ့
တသားတည်းဖြစ်ရမယ်။

တော်လှန်သူနဲ့ပြည်သူ
ပြည်သူနဲ့ တော်လှန်သူဟာ
ဘဝတစ်ခုတည်း ဖြစ်မှ
အရာရာကို စွမ်းဆောင်နိုင်တဲ့
အနန္တစွမ်းအားရှင်တွေ ဖြစ်လာမယ် ။

တော်လှန်နဲ့သစ္စာတရားနဲ့ ပတ်သက်လို့
နိုင်ငံတကာနဲ့ တို့အမျိုးသားခေါင်းဆောင်ကြီးတွေက
တို့တတွေကိုဒီလို သြဝါဒ တွေပေးခဲ့တယ်
“လူထုမပါရင် ဘယ်တော်လှန်ရေးမှ မအောင်နိုင်ဘူး၊
လူထုဆန့်ကျင်လို့လူထုကြားတာနဲ့
တို့ရုံးမှာဖြစ်တယ်”
“လူထုဆန့်ကျင်ရေးမလုပနဲ့
လူထုဟာ အနန္တစွမ်းအားရှင်တွေဖြစ်တယ်” တဲ့
အထက်ပါတော်လှန်ရေးတရားကို
ဟိုချီမင်း
စောဘဦးကြီးနဲ့
မန်းဘဇန်တို့က သြဝါဒ ပေးခဲ့ကြတယ်။

သြဝါဒတွေဟာ
တောလှန်ရေးတရပ်ရဲ့
လူထုလမ်းစဉ်ဖြစ်တယ်
နိုင်ငံ၊ စစ်ရေး၊ စည်ရုံးရေး ဆိုင်ရာ
အခြေခံမူဖြစ်တယ်။
ဖဆပလ၊ ပထစ ၊ မဆလ နဲ့ နဝတ ခေတ်တွေအထိ
မြေဝယ်မကျ လုပ်ဆောင်ကြရဲ့လားဆိုတာကို
သုံးသပ်ဘို့ လိုအပ်တယ်။

တို့အမျိုးသားခေါင်းဆောင်ကြီး စောဘဦးကြီးကို
တော်လှန်ရေးစံနမူနာအဖြစ်ထားတယ်။
အကြီးမားဆုံးစွန့်လွတ်ခြင်းနဲ့
ပေးဆပ်မှုကိုပြုခဲ့တယ်

သူတို့ဟာ တို့ကရင်အမျိုးသားတွေအတွင်း
ပညာအမြင့်ဆုံး၊ ရာထူးအမြင့်ဆုံး
ဥစ္စာဓန အကြွယ်ဝဆုံးဖြစ်တယ်
     ဘာတစ်ခုမှ ပြည်သူ့ထံမှ မယူခဲ့ဘူး။
    ဘားလုံးကို စွန့်လွတ်ပေးလှူခဲ့တယ်။

နောက်ဆုံး
အမွန်မြတ်ဆုံးစွန့်လွတ်ခြင်းဖြင့်
သူအသက်ကိုအဘ ကရင်ပြည်အတွက်
ပေးလှူဆက်ကပ်လိုက်တယ်
သူရုပ်ကလာပ်ကို
ဦးညွတ်အလေးပြုဖို့
တို့အဘကရင်မြေပေါ်မှာ ထားခွင့်မရှာဘူး
ပင်လယ်ထဲကို ဖျက်ဆီးဖျောက်ဖျက်ခြင်း
ခံလိုက်ရတယ်

တော်လှန်တဲ့ ဆယ်စု
တစ်ခု၊ နှစ်ခု ၊ သုံးခု၊ လေးခုများအတွင်း
တို့သူငယ်ချင်းအချို့ဟာ
ဗျူရိုကရက်တွေ၊
စစ်ဝါဒီတွေ၊
ငါ့မင်း၊ငါ့ချင်းတွေ
ကိုယ်ကျိုးရှာ အချောင်သမားတွေ
စစ်အာဏာရှင်တွေ၊
လူထုဆန့်ကျင်ရေးသမားတွေအဖြစ်နဲ့ ပါဝင်ခဲ့တယ်။

တော်လှန်ရေးတရပ်ရဲ့
အလည့်အပြောင်း၊အကွေ့အလည့်၊
အကြပ်အတည်း၊
အခက်အခဲတွေနဲ့ တွေ့ဆုံရင်ဆိုင်ရတာနဲ့
ရန်သူရဲ့
ကြီးမားတဲ့ထိုးစစ်တွေကြားမှာ
ရပ်တည်မနေနိုင်တော့ဘဲ
သစ္စာဖောက်တွေနဲ့
အချောင်သမားတွေသွားရာလမ်းအတိုင်း
သက်ရှိနဲ့ သက်မဲ့ရဲဘော်တွေရဲ့
နှလုံးသွေးနဲ့ ရင်းပြီး
ရယူခဲ့ကြရတဲ့
တော်လှန်ရေးရန်ပုံငွေထုပ်ကိုပိုက်
သွေးစိမ်းရှင်ရှင်နီရဲနေတဲ့
ရန်သူ့ဖိနပ်အောက်
ဒူးထောက်၍ဦးညွတ်လိုက်ကြတယ်
တော်လှန်တဲ့သစ္စာတရားတော်ကို
ချေမွဖျက်ဆီးလိုက်ကြတယ်
ဖောက်ပြန်တဲ့ သမိုင်းတရားခံစာရင်း
ဝင်သွားတော့တယ် ။
တော်လှန်တဲ့ အရေးနဲ့ တော်လှန်တဲ့အတွေးကို
ဖေါ်ပြရရင်

တော်လှန်တယ်ဆိုကတည်က
မိမိကိုယ်ကျိုးအတွက်မဟုတ်
ပြည်သူအတွက် အမျိုးသားအတွက်ဖြစ်တယ်။
ပြည်သူ့ဘသနဲ့ ဘာတစ်ခုမှပိုလျှံဖို့မလိုဘူး
နေ့စဉ်အာဟာရ(Daily bread) ဆိုရင်
လုံလောက်ပြီပေါ့။

တို့ပြည်သူတွေ ဘယ်လိုနေ ဘယ်လိုစား ဘယ်လိုဝတ်
တို့ရဲဘော်တွေဘယ်လိုနေ ဘယ်လိုစား ဘယ်လိုဝတ်
တို့ရဲဘော်တွေရဲ့သားသမီးတွေ
ဘယ်လိုစား ဘယ်လိုနေ ဘယ်လိုဝတ် ဆိုတာကို
အမြဲကိုယ်ချင်းစာတရားထားမှပေါ့။

(၄)
သူငယ်ချင်း
ဒီဆယ်စုနှစ်လေးခုအတွင်းမှာ
တိုအပေါင်းအသင်းအချို့ဟာ
တော်လှန်တဲ့ဘဝ လူထုနဲ့ကင်းကွာပြီး
(သန်းကြွယ်သူဋ္ဌေးတွေ ရေပေါ်ဆီတွေ)
ဖြစ်နေကြတယ် ။

အဖြူပေါ်အမဲရောက်တော့
ကွင်းကွင်းမြင်တာပေါ့
သိန်းပေါင်းများစွာတန်တဲ့ တိုက်အိမ်ကြီးတွေ
သူတပါး တိုင်းပြည်မှာ ဆောက်လို့
ဗော်လ်ဗို ၊ တိုယိုတာ၊ ကော်ရိုလာ
မစ်ဆူဘီရှီ၊ ဘီအမ်ဒဗလျူနဲ့
အမည်မဖော်တတ်တော့တဲ့
သန်းကျော်တန်ဇိမ်ခံကားကြီးတွေ စီးပြီး
အထက်ဘဝဂ်မှာ ဇိမ်ကျနေလိုက်ကြတာ

ဇနီးမယား သားသမီး
နှာစေးချောင်းဆိုးဖားခဲ့ရင်
ဆေးခန်းပြလို့ အားမရ အလိုမကျ
တန်ဖိုးကြီးပေ့ဆိုတဲ့
လာနာ၊ မက်ကော့မစ် တို့လို
ဆေးရုံကြီးတွေပေါ် တင်လို့၊ ကုသလို့။
ခမ်းနားတင့်တယ်လှတဲပ
သူကြွယ်တို့ရဲ့ မဟာထမင်းပွဲပေဘဲ။
လှပျိုဖြူ ကရင်သမီးနှစ်ဦးခမျာမှာတော့
အနီးအနားမှာရပ်လို့
ခူးခပ်လို့ ပေးသူပေး
စားကြွင်းစားကျန်တွေကို သိမ်းလိုသိမ်းနဲ့
စားမြိန်တဲ့ထမင်းဝိုင်းကို အကဲခတ်မိတယ်

မင်းရဲ့ဘော်ဒါတစု
အနုအညက်၊ အလှမဂေးလေးတွေစုပြုံလို့
စုံလင်လှတဲ့ ဟင်းလျာတွေပတ်လည်မှာ
အဖျော်ယမကာ အပုံအပင်နဲ့ ပြည်နေတဲ့
လူကူထံ သူကြွယ်တွေရဲ့
စားတော်ဆက်ဂေဟာမှာ
ဖို၊ မ၊ ချော့မြူသံနဲ့ ဂီတသံဟာပလူပျံပြီး
ခမ်းနားကြီးကိုလွမ်းခြုံထားတယ်
တပြည်သူ လှပျိုဖြူတွေက
ခွံ့ပေးသူပေး ၊ ချွေးသုတ်သူသုတ်နဲ့
သာယာလှတဲ့ မင်းရဲ့ဘဝသစ်ကို တွေ့မိတယ်။

ကြွေရေချိုးကန်ကြီးထဲမှာ
ရေပူရေအေးနှော
အမြုပ်တစီစီမျောနေတဲ့
အဖိုးတန်ဆပ်ပြာမေါး ရေစိမ်ခံလို့
တပြည်သူ ဖြူလွတဲ့ လှဧကရီရဲ့
အပွတ်အတိုက် အထုအရိုက်လေးတွေကို
မင်းသာယာနေတယ်မဟုတ်လား။
မင်းရဲ့သမီးကညာ ရင်နင့် သည်းချာ
အလှမိဖုရားမလေး
အနှစ်တစ်ရာ သက်တော်ရည်ကြာစေဘို့
ထောပတ်၊ ကြက်သား၊ဒန်ပေါက်
အမဲ နဲ့ ဆိတ်သားကလီစာ
စူကီယာကီဆိုတဲ့ ဂျပန်အစားအစာပါမကျန်
လူကုံထံတွေ ရာနဲ့ ချီနေတဲ့
မဟာမွေးနေ့ သဘင် ပွဲတော်ရက်မှာ
ကားကြီးကားငယ်အသွယ်သွယ်နဲ့
လက်ဆောင်လက်ဖွဲ့တွေ
နှုတ်ဆက်သံတွေ
မြှောက်ပင့်သံတွေ
အမေတူလို့ လှနေလား
အမေတူလို့တော်နေတာလားလို့
တစာစာပြောလာတဲ့
ဟန်ဆောင်အပြုံးတွေရဲ့ လောကကြီးကို
မင်းသာယာနေ လား၊

(၅)
သူငယ်ချင်း
တကယ်တော့
မင်းရဲ့ခမ်းနားတဲ့သန်းကျော်တိုက်ကြီးက
ထမင်းစားခမ်းထဲမှာ
မင်းရဲ့ မိသားစုအချွေအရံ အစုံအလင်နဲ့
စားသောက်ပျော်မြူး သုံးဖြုန်းနေချိန်မှာ
နော်တ၊ ဝမ်းခါး
မယ်ပ၊ စောထာ၊ စစ်မြေပြင်ကရဲဘော်တွေ
ဘူးသို၊ လိုကျိုး
ကဆောထယ်၊ ကလီးဘူကျိုးက
အမျိုးချစ်တဲ့ ရဲဘော်တွေရဲ့ လူမှုဘဝကို
မင်းလှည့်ကြည့်စေချင်တယ်။
သေမဲ့ရက်ကိုလက်ချိုးရေတွက်ရင်း
သေမင်းကို သစ္စာနှံထားသူတွေက
ဒီမိုကရေစီလူ့အခွင့်အရေးအတွက်
ဆယ်သက်သေလည်း တို့မမှုဘူးဟေ့ ဆိုတဲ့
ရဲဘော်တွေရဲ့ထမင်းဝိုင်းကို
မင်းလာကြည့်စေချင်တယ်။
အဖြူပေါ် အဖြူဆင့်လို့
ငြုပ်သီးမပါ ဗလာထမင်းပေါ်
ဆားဖြူးလို့စားနေကြတယ်။

တို့ရဲဘော်တွေ
ထမင်းတလုပ်စားဘို့
မျိုးချစ်ကရင်သမီးမျိုတွေက ချက်၊ ထုပ်၊
မျိုးချစ်ပြည်သူတွေက တကုတ်ကုတ်နဲ့
ပေသုံးထောင်ကျော် လေးထောင်ကျော်
တောင်ထိပ်ပေါ် ချွေးတလုံးလုံးနဲ့
သယ်ပိုးနေတဲ့ တော်လှန်တဲ့ဘသကို
မင်းလှည်ကြည့်စမ်းပါ ။

မင်းကြွေရေချိုးကန်ထဲမှာ
တပြည်သူလှပျိုဖြူရဲ့
အထုအရိုက် အပွတ်တိုက် ခံနေချိန်မှာ
ဗျူဟာမြောက်စိုးမိုးတောင်ထိပ်ကနေ
ရေတပေါက်သောက်သုံးရဘို့
သွားပြန်တက်ဆင်း တစ်နာရီခွဲ
ချွေးတရွဲရွဲနဲ့ ရယူရတဲ့မင်းရဲဘော်တွေ
ချိုးဖို့နေနေသာသာ
သောက်ရေပင်အနိုင်နိုင်

အရှေ့လေကတဖြူးဖြူး
နှင်းမှုန်ကထူးထူးခြားခြားကျပြန်တော့
ချစ်ဦးသူကိုလွမ်းဖို့နေနေ
ရေတပေါက်သောက်သုံးရဘို့
ကြိုးစားနေတဲ့ဘဝကိုမင်းကိုယ်ချင်းစာသနားစမ်းပါ။
မင်းသန်းကျော်တန်ကားစီးပြီး
သက်ထားကလျာ မျက်နှာပေါင်းတင်ဘို့
ေ၇ဘင်မျက်မှန် စတိုင်လ်ကျကျတပ်ရင်း
မင်းကားမောင်းပို့နေချိန်မှာ

မင်းရဲ့ခေါင်းဆောင်မှုကို
အကြွင်းမဲ့ခံယူပြီး
အမြောက်၊ ဒုံး၊ ဗုံးတွေ
ပလူပျံအောင် မိုးရွာနေချိန်မှာ
နင်းမိုင်း၊ တိုက်မိုင်း၊ ဆွဲမိုင်းကို
ဖျာလိုခင်းထားတဲ့ မိုင်းကွင်းကိုကျော်ဖြတ်

တစာစာအော်လာတဲ့
(၇.၆၂)မမနဲ့(.၃၀)မမ ကျည်တွေ
တ၀ုန်းဝုန်းကျကွဲနေတဲ့
၄၀မမ၊ ၆၀ မမ၊ ၈၀မမ၊ ၁၂၀မမ မော်တာတွေ
၅၇မမ၊ ၇၅မမနောက်ပွင့်ရိုင်ဖယ်တွေနဲ့
အနိုင်တိုက်ခိုက်သိမ်းပိုက်လိုက်တယ် ။

တော်လှန်စစ်အသီးအပွင့်တွေဖြစ်တဲ့
ရန်သူ့လက်နက်၊ ကျည်၊ ရိက္ခာတွေ
ရန်သူ့အရာရှိ ၊ စစ်သည်တွေပါ
သုံ့ပန်းအဖြစ် လက်ရဖမ်းဆီးနိုင်လိုက်တယ်
ဒီအောင်ပွဲရဲ့ ရလာဒ်အဖြစ်
မင်း သူရဘွဲ့ကို ဂုဏ်ထူးတသီကြီးရလိုက်ပြီး
ရာထူးပါတက်သွားတယ် ။

ဒါပေမဲ့
တယောက်သော မင်းရဲ့၇ဲဘော်ခမျာမှာတော့
ကျည်သင့်လို့ သူရဲကောင်းတို့ကွန်းခိုရာ ဗိမ္မာန်မှာ
ထာဝရငြိမ်းချမ်းစွာ ကွန်းခိုလို့အနားယူလိုက်ပြီး
မခြားတယောက်မှာတော့
ဗုံးခွင်းလို့ခြေတဖက် ယွင်းသွားရရာသတဲ့


မင်းရဲ့ သက်ထားကလျာ ဆံပင်ကောက်ဘို့
ချစ်သမီးနဲ့ သား ကျောင်းပို့ဘို့
ခယ်မ ဈေးသွားဘို့
သန်းကျော်ကားကြီး
ခပ်ကြွားကြွားစီးပြီး
ခြေစင်္ကြာ ဖြန့်ချိန်

မင်းရာထူးတက်ဘို့ ပါရမီဖြည့်ရင်း
ခြေတဖက်ယွင်းသွားရရာသတဲ့
သူရဲကောင်းခမျာမှာ
ချိုင်းထောက်တစ်ဘက်နဲ့
သောင်ရင်းမြစ်ထဲ
ဘယ်လိုခက်ခဲစွာ သွားရေချိုးနေရှာတယ်ဆိုတာ
မင်းမြင်မှမြင်ပါလေစ၊
သတိရပါလေစ၊

မင်းရဲ့ဘော်ဒါတစုနဲ့
အနုအညက်၊ အချောအလှတွေ စုပြုံလို့
စုံလင်တဲ့ ဟင်းလျာအဖျော်ယမကာ
ဖို၊ မ ၊ ချော့မြူသံတွေနှောတဲ့
မဟာစားသောက်ဆိုင်ကြီးမှာ
တော်လှန်တဲ့ ဘ၀လွန်
ကမ္ဘာသစ်တစ်ခုကို နယ်ကျွံရောက်နေချိန် 
ပျော်မြူးနေချိန်

ရှေ့တန်းစစ်မျက်နှာအသီးသီးက
ပြည်သူ့သားလှရတနာတွေခမျာမှာ
ယင်ကောင်မသန်းတဲ့ မျှင်ငပိ
ညကတည်းက ထုတ်ထားလို့
သိုးနံ့ထွက်နေတဲ့ ထမင်းထုက်ကို
နတ်သဒ္ဒါလိုသဘောထားပြီ
မြိန်ရည်ယှက်ရည်စားနေလိုကကတာ
ရေကရှား၊ မျှင်ငပိကို အကောင်းထားပြီး
ရက်ရှည်လများ စားနေကြတော့
တို့ရဲ့မွေးရာပါ မရေပြားဟာ
အသွင်ပြောင်းသွားရှာတယ်။

တို့ပေါင်ခြံနဲ့ ဖင်ပါမကျန်
ကိုရွှေပွေးဟာ
တကွက်ပြီးတကွက်နယ်ချဲ့ရင်း
ပေါက်ချင်တိုင်းပေါက်ခာတော့တယ် ။

ဒီအဖြစ်ကိုကြည့်ပြီး
တို့ရန်သူက တို့ကို(က၇င်ပွေး)တဲ့
မဟာမျိုးမဟာနွယ်လို့
ကိုယ်ကိုယ်ကို ဘ၀င်နထင်ရောက်နေသူတွေ
ပြည်ထောင်စုဘွား ညီနောင်များအပေါ်
နာမ်နှိမ်ခေါ်တဲ့ လက်သုံးစကားတွေပဲ။

အမျိုးနဲ့ချီပြီး စော်ကားလာတဲ့
ဒီအသုံးအနှုန်းကို
မင်းစိတ်မနာဘူးလား
ဘယ်လိုမှမခံရဘူးလား

တကယ်တော့
မင်းလိုကောင်းကောင်းဝတ်သွားစားနေရရင်
မင်းရင်ကဖြစ်တဲ့သားသမီးတွေလို
ချောလို့၊ လှလို့ပေါ့ ။

ခုတော
တော်လှန်သူတွေနဲ့မင်းဘ၀က
နတ်ပြည်နဲ့ ကြွက်သိုက်လို
အလင်းနှစ်သန်း(သထောင်)လောက်ကွာနေတော့
ဒီဖြစ်စဉ်ဟာ သဘာဝကျပါတယ် ။

မင်းစားနေကျ
နတ်သဒ္ဒါလို ထမင်းဝိုင်းမျိုး
အကြိမ်တရားစားစေတော့
ပြောစရာမရှိ၊ ဝေဖန်စရာနတ္တိ
ဒါပေမယ့်
မင်းရဲ့တနေ့တာဘ၀ရဲ့
သုံးဖြုန်းစည်းစိမ်ယူမှုကို
တွက်ချက်လို့သင့်တဲ့နသပြာနဲ့
တကြိမ်ခေါက်လောက် တို့ရဲ့ဘော်တွေအတွက်
ကျွေးမွေးဒါနပြုခဲ့ရင်
တို့မသေခင်
မင်းကို(သာဓု)အကြိမ်တခေါ်မယ်ဆိုတာ
မင်းမမေ့နဲ့။

ရှမငြီးတဲ့မင်းချစ်သမီးလေး
အလှဖုရားမလေး
သိန်းကျော်တန်းစန္ဒားရားကို
လှလှပပငြိမ့်ငြိမ့်ညောင်းညောင်း
သွယ်ပျောင်းတဲ့ စိန်စီလက်ချောင်းတွေနဲ့
လှုပ်ရှားမှုတွေကြောင့် ထွက်ပေါ်လာတဲ့
ဂီတသံဟာ မင်းအဘို့နားဝင်ပီသချိုမြိန်လှပေမယ်

ရန်သူ့ဗုံးခွင်းလို့
မျက်စေ့နှစ်ကွင်း အလင်းမရရှတော့တဲ့
သူရဲကောင်းစစ်သည်တော်ရဲ့
သောတအာရုံထဲမှာတော့
စစ်မြေအသီးသီးမှာ
ကျဆုံးခဲ့ရှာတဲ့
သူ၇ဲကောင်းစစ်သည်တွေကြောင့်
သားမယား မိဘ ဆွေမျိုးတွေရဲ့ ငိုရှိက်သံလို
ခါးသီးလှတယ် ။။


အိစက်ညက်ညောတဲ့ ဖဲမွေ့ထာထက်
တပြည်သူသက်ထားလျာကို
ချော့မြူကလူကျီစယ်ရင်း
မောမောနဲ့ အိပ်သွားချိန်မှာ
ဝသန္တ မိုးလေရာသီမို့
လေပြင်ားတိုက်
ခိုက်ခိုက်တုန်အောင်ချမ်းနေတဲ့
သူရဲကောင်းလေး
(အမ် ၁၆) ကိုကျစ်ကျစ်ပါအောင်ဆုတ်ကိုင်လို့
တုတ်တုတ်မျှမလှုပ်ဘဲ
တပ်မှူးရဲ့အမိန့်ကို ရင်ဝယ်ပိုက်
ရန်သူကို စိတ်ကြိုက်စောင့်ကြိုနေတာ
အိပ်ပျက်ညများ ဆယ်ခါ ရှိခဲ့ပြီ ။

ကျိန်းစပ်တဲ့မျက်စီကိုပွတ်
အပြွတ်လိုက်အအုပ်လိုက်
ချီတတ်တိုက်ခိုက်လာတဲ့

သဘာဝရန်သူ
မှက်ခြင်၊ ဖြုတ်တို့ကို တိုက်ထုတ်ရင်း
ပြည့်လျှံလာတဲ့
ကတုတ်ကျင်းကရေနဲ့
မိမိပုံရိပ်ကို ကြည့်မိတယ်
ဟောက်ပက်နေတဲ့ မျက်လုံးအိမ်ကြား
မြေသားဆန်တဲ့ လူးသားအသွင်း
ရောက်နေရှာတာ
မင်းမြင်စေချင်တယ် ။

ပျိုမျစ်နုနယ်တဲ့ မင်းရဲ့သားလှရတနာ
ရင်မှာပူလောင် ရုင်ပြောင်လိုချင်ကြောင်း
တီတီတာတာ ပြောလာလို့
အနန္တမေတ္တာဖြင့်
မင်းအိမ်ထောင်ထဲ အသာပြာငါးရာ
ရုတ်ချည်း ခုန်ဆင်းသွားခေရဲ့

ဒီသားလှလေး ပြေးဆော့ကစားရင်း
ဒူးပဲ့သွားလို့
မင်းမင်းပြာပြာသလဲနဲ့
(မက်ကောမစ်)ဆေးရုံပို့ချိန်

သူရဲကောင်းစစ်သည်တစ်ဦးမှာတော့
ရန်သူနှင့်တိုက်ရင်း ကျည်သင့်
သူ့နှလုံးသွေးနီတွေ တဖြိုင်ဖြိုင်ပြိုဆင်းလို
တကိုယ်လုံးစွေးစွေးနီတယ် ။

ခရီးပြင်း ပြေးဆော့ကစားရင်း
လိုရာဆေးရုံကို အချိန်မှီမရောက်
ဒဏ်ရာရသူက သွေးဖြိုင်ဖြိုင်
လူနာထမ်းသူက ချွေးလှိုင်လှိုင်
သွားရတဲ့ခရီးက မနီးလှ

ကျနော့်အတွက် အပင်ပန်းခံမနေနဲ့တော့
မ၇တော့ဘူးဆိုတာသိတယ်
သေနတ်သာထားခဲ့ပေတော့
တပ်မှူးကိုပြောလိုက်ပါ
ကျနော် တော်လှန်ရေးတာဝန်ကျေပါတယ်နော် လို
ယဲ့ယဲ့လေးပြုံး၇င်း အသက်ထွက်သွားရရှာတယ်။
ဒီအဖြစ်ကိုကြည့်ရင်း
တို့နှလုံးသားထဲက အဲထွက်တဲ့မျက်ရည်ဖြူတွေနဲ့
သူ့ကိုနောက်ဆုံး ဦးညွှတ်ခဲ့တယ်။

မင်းကတော့ တော်လှန်ရေးသဘာဝလွန်လူသား
သူကတော့ မြေသားဆန်တဲ့လူသား

ကွားခြားလှတဲ့ ဒီကမ္ဘာမှာ
(အမ်၁၆) တလက်၊ ကျည်တွဲတတွဲ
ကျောပိုးအိတ်ထဲမှာတော့
ပလပ်စတစ်အိတ်နဲ့ ထုတ်ထားတဲ့
တို့ချစ်မြတ်နိုးတဲ့ စောလဦးခြင်း
ပုဆိုးစုတ်တထည်သာပါတယ်။

(သုံးပေ၊ ခြောက်ပေ) သော
လူသားတွေ နောက်ဆုံးပိုင်ဆိုင်မှုဖြင့်
တော်လှန်ရေးအပေါ်သစ္စာရှိခြင်း
အမျိုးသားဒီမိုကေ၇အပေါ်သစ္စာရှိခြင်း
သူရဲ့ ပျိုမျစ်နုနယ်တဲ့ ဘ၀တစ်ခုလုံး
နိဂုံးချုပ်လိုက်ရတာ
တဏှာမ္မကမ္ဘာကနေ
မင်းတွေ့နိုင်တော့မှာမဟုတ်ဘူး သူငယ်ချင်း ။




(၇)
သူငယ်ချင်း
မင်းတော်လှန်ရေးသဘာဝလွန်လူသားဖြစ်တာ
ယိုးဒယားထီ၊ အင်္ဂလိပ်ထီပေါက်တာလား
တို့တခါမှမကြားဘူးပါဘူး ။
မင်းမိဘတွေဆို၊ တို့မိဘတွေလို
လယ်သမားတွေမှ

မဆလ ခေတ်လယ်သမားတွေပါ
မင်း ဘာကြောင့်ဒီလောက်ချမ်းသာနေ၇တာလဲ ဆိုလာ
တို့ဦးနှောက်နဲ့ မဆင့်မမှီနိုင်တော့
ဓါတ်ခဲခြောက်သုံးတဲ့ ကွန်ပြူတာထဲ
ဒီမေးခွန်းကို ထည့်ပေးလိုက်တယ်။
ဒီကွန်ပြူတာဟာ
ပင်လယ်ကွေ့စစ်ပွဲတုန်းက၊ အသုံးပြုခဲ့တဲ့
ကွန်ပြူတာပါ
အီရတ်ပစ်မှတ်တွေကို
လိုချင်သလို ထိမှန်အောင်အလုပ်လုပ်ခဲ့တဲ့
ကွန်ပြူတာဖြစ်တယ်။

ဒီမေးခွန်ကျတော့
ကွန်ပြူတာထဲမှာရှိတဲ့ မီးနီမီးစီမ်းတွေ
တခုပြီးတခုပြလို့
ဂဏန်းတွေလည်း သုညချည်းပဲထွက်နေတယ်။

နောက်ဆုံးမှာတော့
တိတ်တိတ်နေ တဲ့
မြတ်စွာဘုရား ဒီကမ္ဘာလောကကြီးတော့
ကဗြောင်းကပြန်တွေဖြစ်ကုန်ပါပြီ
ကွန်ပြူတာဓါတ်ခဲအားနည်းလို့ထင်တယ်
မမှန်တော့ဘူး ။

စက်မှုသိပံဟာ
လူသားတွေရဲ့စွမ်ပကားကို
မကျော်လွန်နိုင်ပါဘူး။

ကိုလိုနီကျွန်ခေတ် ပျက်သုန်းတဲ့
လူမျိုးအသားအေ၇ာင်ခွဲခြားတဲ့
လုမှုစနစ်ချုပ်ငြိမ်းတဲ့
တပါတီမာဏာရှင်တွေကျဆုံးတဲ့
စစ်ဝါဒီတွေကြိုးစင်တတ်ရတဲ့
အမျိုးသားဒီမိုကရေစီခေတ်ဆိုတာ
ကွန်ပြူတာကိုတီထွင်တဲ့ပါရဂူတွေ
မေ့နေပြီထင်တယ်။

သူငယ်ချင်း

မင်းတော်လှန်ရေးဘ၀လွန်လူသားဖြစ်နေတာ
တို့ပြောစရာမရှိ ဝေဖန်စရာနတ္တိ
တော်လှန်သက် ဆက်စုနှစ်သုံးစုလောက်
မင်းပိုင်ဆိုင်ထားတယ်
အတွေ့အကြုံသင်ခန်းစာတွေ၇ထားတယ်။

ဒါပေမဲ့
မင်းေ၇ှတန်းတခါမှ မထွက်ဖူးဘူး
ရန်သူတစ်ယောက်ကိုမသတ်ဖူးဘူး
ရန်သူလက်နက်တလက်မှမရဖူးဘူး
သေနတ်အကုန် ဘယ်လိုပစ်ရမလဲဆိုတာမင်းမသိဘူး
သေနတ်မျိုးစုံ မဖြုတ်တတ်ဘူး
လူတစ်ယောက်ကို အရှင်မဖတ်ဖူးဘူး ။

ဒါဗေမဲ့
အိစက်ညက်ညောတဲ့ ဖဲမွေ့ယာထက်က
တပြည်သူသက်ထားလျာနဲ့
သားသမီးတွေရနေတယ် ။
တိုက်တာအိုးအိမ်စည်းစိမ်နဲ့ ကား
စိန်ရွှေပတ္တမြားတွေမကျန်
အိုး အစုံပိုင်ဆိုင်လို့
ဆယ်သက်စားမကုန်တော့ဘူး ။

ဒီနေ့ ဒို့လျောက်လှမ်းနေတဲ့
တော်လှန်တဲ့ ကမ္ဘာကြီးဟာ
န၀တ ကမ္ဘာနဲ့ မတူတဲ့ ဒီမိုကရေစီကမ္ဘာ
လူအခွင့်ရေးတွေ ကာကွယ်တဲ့ကမ္ဘာ
လွတ်လပ်စွာ(ရေး၊ တွေး၊ ပြော)
လွတ်လပ်စွာ ရွေးကောက်၊ ဖြုတ်ချ
အိုး ဒီမိုကရေစီနဲ့ ပတ်သက်လို့
လူမှုမခွင့်အရေးဆိုကတည်းက
လူဘ၀ရဲ့လိုအပ်ချက်တွေ အနတက္ကမ၊
အပြည်အ၀ အာမခံချက်တွေ၇ှိတယ် ။

တပါတီအာဏာရှင်တွေ
အချောင်သမားတွေ
အထက်ကိုဖါး၊ နိုင်ငံရေးအားဏာများကို ခုတုံးလုပ်ပြီး
အတ္တရှနေကြတဲ့ ရေပေါ်ဆီ အချောင်သမားတွေ
စစ်အာဏာရှင်တွေ
ဒုတိယ မားကိုစ်
ဒုတိယ ချောင်ချက်စကူး
ဒုတိယ နိုတေ၀ူး
ဒုတိယ ချွန်ဒူးဟွာ
ဒုတိယ ဆူဟာတို
ဒုတိယ ပိုပေါ့စ် တွေမဖြစ်

ပြည်သူ့ခုံရုံးမှာ
သစ္စာဖောက်လို့ ပုဒ်မတပ်ပြီး
ကြိုးစင်တင်ခဲ့ကြတဲ့
ပျောက်ကွယ်သွားခဲ့ကြတဲ့
အမျိုးသားသစ္စာဖောက်တွေကြား
မင်းလားလားမှမပါစေချင်ဘူးကွာ ။

မင်းဘယ်လိုနည်းနှင့်
တိုက်အိမ်ဆောက်တယ်
ဘယ်လိုသန်းကျော်ကားဝယ်နိုင်တယ်
ဘယ်လိုနည်းနဲ့ ရွှေငွေပတ္တမြားတွေ
ရနေတယ်ဆိုတာ
မကြာတော့မယ့်
သမိုင်းအကွေ့ မလှည့်တခုမှာ
တို့ပြည်သူတွေက
သက်သေထူကြလိမ့်မယ် ။
စီပွားရေးစစ်တပမ်းတွေ
ထုတ်လာလိမ့်မယ်ဆိုတာ
မင်းမကြာခင်သိလာမှာပါ။


သူငယ်ချင်း
တို့အမျိုးသားတွေဟာ
ဆယ်စုနှစ်လေးခုအတွင်း
ဘယ်လောက်စွန့်လွတ်ပေးဆပ်ခဲ့၇တယ်ဆိုတာ
မင်းတယောက်သိပါတယ်။

တို့ဘိုးဘွားအမွေပေးခဲ့တဲ့
ကျွန်းသစ်နဲ့
ဓာက်သတ္တုတွေ
ဘယ်လိုဖြစ်ကုန်ပြီလဲ ။

တော်လှန်သူတို့မတွက်
ရိက္ခာ၊ ဆေးဝါ၊ လက်နက်တွေးဖြစ်မလာဘဲ
တိုက်တာအိုးအိမ်ရွှေငွေ
စရင်းမပြုစုရဲတော့တဲ့
ငွေမဲတွေဖြစ်ကုန်ပြီမဟုတ်လား ။

တို့အမျိုးသားတွေဟာ
တောင်ယာခုတ်လို့ရတဲ့
သူတို့ဝမိးစာထဲက
တို့ကိုသမင်းကျွေးတယ်
တိုနဲမတူ ရှေ့တန်းသွားတယ်
တို့၇ဲဘော်တွေလို ကျည်သင့်ပြီးကျဆုံးတယ်
သူတို့ရဲ့ဘ၀ခမျာ
(တဲစုတ်၊ ငါးပိပြုတ်နဲ့ အစုတ်ပလုတ်) ဘ၀နဲ့
လူ့သက်တမ်းတွေ ကုန်ဆုံးကြတယ်ဆိုတာ
မင်းသိပါတယ်ကွာ။
¬(၁၀)
သူငယ်ချင်း
ငါလဲရှေ့တန်းက
လပေါင်းများစွာ ခွင့်၇လို့
အိမ်ပြန်ေ၇ာက်တော့
ငါအိမ်ဟာ
ကြွက်သိုက်တဲလောက်မလုံခြုံဘူး၊
အမိုးပေါက်ပြဲ အကာတွေကွဲလို့ ။

တော်လှန်ရေးပါရမီဖြည်ဖက်
ချစ်သက်ဇနီးဟာ
တ၀က်အပြုံးနဲ့ တို့ကိုကြိုတယ်
ချစ်ရတဲ့ သမီးလေး
ဘယ်မှာလဲလို့မေးတော့
အိမ်ရာထဲမှာတဲ့
အိုး ကိုယ်တွေပူလို့ပါလား
ငှက်ဖျားတတ်နေရှာတယ် ။
ဆေးမရှိ(အဟာရနတ္တိ)
မောမောနဲ့ပြန်လာတဲ့ ချစ်လင်အတွက်
ငြုတ်သီးမပါ၊ ဗလာငပိနဲ့
ခူးခပ်လို့ အမရာဒေ၀ီ
ကိန္နရီ၊ မဒ္ဒီ၊ သမ္ဘူလလို
ကျွေးမွေးပြုစုရှာတယ် ။
ရှေ့တန်းနဲ့တို့အိမ်
အကြိမ်ကြိမ်ခွဲခြားပေမယ့်
မထူးခြားတဲ့ အဖြေ မခြေအနေပါလား ။

အရင်းအနှီးတို့မှာမရှိ
အချိန်ဆိုလို့ နတ္တိ
တပ်ကိုကြည့်နေလေတော့
ကြင်သူသက်ထားကို
ခိုင်မာတဲ့(သစ္စာနဲ့ မေတ္တာ)သာပေးနိုင်တယ်။

သမုဒ္ဒရာဝမ်းတတွာကို
မေတ္တာ သစ္စာနဲ့ ဖြည့်လို့မရဘူး
သဘာဝကိုက အာဟာရပေးမှ
အိမ်ထောင်သာယာမယ်
ချစ်မှုအဓွန့်ရှည်မယ်ဆိုတာ
မင်းသိပါတယ် ။

နိုင်ငံတော်ကကျွေးတဲ့ထမင်း
ပေးတဲ့ဆေးနဲ့ ကုသ၇င်း
မချောင်မလည်အကျပ်အတည်းကြားက
တို့အိမ်ထောင်တည်ဆောက်၇တယ်။

ပါရမီရှင် အိမ်ထောင်သည်ရဲ့
တော်လှန်တဲ့ မတွေးအခေါ် ခံယူချက်၏
သစ္စာတရားတွေကြောင့်
တို့အိမ်ထောင်သက် ဆယ်စုနှစ်မများကို
ကျော်လွန်ပြီး တော်လှန်တဲ့ အောင်တံခွန်
ထူနေတယ်ဆိုတာ
မင်းသိပါတယ်။
ဆယ်ဂဏန်းကျော်ကျော်လောက်ရှိတဲ့
တော်လှန်တဲ့သဘာဝလွန်
ရေပေါ်ဆီတွေကလွဲရင်
ကျန်ရှေ့တန်းပျော်ရဲဘော်တွေဘ၀ဟာ
တို့လိုဘဲဆိုတာ
မင်းသိပါတယ်၊ မြင်ပါတယ်။

(၁၀)

သူငယ်ချင်း
ဒီရာစုနှစ်ဟာ
လူလူချင်းသွေးစုတ်မှု
လူမျိုးချင်းကျွန်ပြုမှုကင်းတဲ့
အမျိုးသားဒီမိုကရေစီခေတ်ဖြစ်တယ် ။

စစ်အာဏာရှင်တွေ
ဖက်ဆစ်တွေ
အချောင်းသမားတွေ
အခွင့်ထူးခံတွေ
လူလုံးမလှ ဘ၀နိဂုံးချုပ်ရတဲ့ ခေတ်ဖြစ်တယ်ဆိုတာ 
မင်းသိပါတယ် ။

တို့တော်လှန်ရေးသမိုင်းဘီးဟာ
ကြောင်လိမ်လှေကားလို
တဆင့်ပြီးတဆင့် မြင့်တယ်လာတယ်၊
အောင်ပွဲနဲ့ နီးလာတယ်

အောင်ပွဲနဲ့ နီးလာလေလေ
ပြည်သူတွေရဲ့ အသိဟာ
မြင့်လာလေလေဘဲ
ဒီမိုကရေစီကြွယ်ဝလာလေဘဲ ။

ဒီမိုကရေစီအသီးအပွင့်တွေကို
ပြည်သူတွေကတ၀ကြီးခူးစားပြီး
အသိတရားတွေကြွယ်ဝလာတဲ့
မကြာတော့တဲ့ အချိန်မှာ
ပြည်သူ့ တရားခုံရုံးက
စီးပွားရေးစစ်တမ်းထုတ်လာခဲ့ရင်
မင်းဘယ်လမ်းရွေးမှာလဲ

တော်လှန်ရေးလား၊ တန်ပြန်လား
အောင်ပွဲခံမလား၊တရားခံလား
ဆုလာဒ်လား ကြိုးစင်လား ဆိုတာ
မင်းသိတဲ့အချန်ဟာ
 အလွန်တရာ နောက်ကျသွားပြီဖြစ်လို့
ဝမ်နည်းရပါတယ် သူငယ်ချင်း ၊၊၊


မန်း ရောဘဇန်
(kso)

0 comments:

Post a Comment