Fans of Mahn Robert Ba Zan

ကရင်လက်နက်ကိုင် တပ်ပေါင်းစုံမှ ရဲဘော်များသို့ - အပိုင်း (၁၁)



ကမ္ဘာ့စစ်သမိုင်းမှာ အင်အားနည်းပြီး အင်အားကြီးတဲ့ စစ်တပ်ကို အနိုင်တိုက်ခဲ့တဲ့ အင်အားစုတွေရဲ့ စစ်ရေးသင်ခန်းစာတွေကို လေ့လာသုံးသပ်နိုင်ဖို့ရှာဖွေတင်ပြသွားပါမယ်။   ကရင့်လက်နက်ကိုင် ခုခံတော်လှန်စစ်ဟာ သမိုင်းတင်လောက်အောင် နှစ်ပေါင်း(၆ဝ)ကျော်လွန်ခဲ့ပါပြီ။ (၉၄)ခုနှစ်ကစပြီး တော်လှန်တဲ့ ညီနောင်လူမျိုးစုတွေကို စစ်မဟာဗျူဟာ အမှတ်(၃) (ဥပါရ ဗျူဟာ) (ဥပါယ်စစ်) ကို အသုံးချပြီး (ပျားရည်နဲ့ ဝမ်းချ၊မစားရ ဝခမှန်း၊ ဂတိဂဝတ်တွေ) အမျိုးမျိုးပေးပြီး စစ်အာဏာရှင်တွေက လိမ်ညာ လှည့်ဖြားလိုက်ကာ အချိန်ဆွဲထားတယ်။ ညီနောင်အဖွဲ့တွေနဲ့ အပစ်အခတ် ရပ်စဲထားနေစဉ်အတွင်း ကျနော်တို့ လက်နက်ကိုင်တပ်ဖွဲ့တွေကို  မီးကုန်ယမ်းကုန် တိုက်ခိုက် လာတော့တယ်။ တိုင်းပြည်ရဲ့ အရပ်ရပ်ဝင်ငွေတွေနဲ့ ဝယ်ထားတဲ့ နိုင်ငံစုံက လက်နက်မျိုး စုံနဲ့ ပုံအောသုံးပြီး အပြတ်ခြေမှုန်းတော့တယ်။ သူရဲကောင်းပီသတဲ့ ကရင်လက်နက်ကိုင် တပ်ပေါင်းစုံက ရဲဘော်တွေဟာ အံ့မခန်း ခုခံတော်လှန်တော့တယ်။ ဆုံးရှုံးမှုအချို့ ရှိပေမဲ့ တော်လှန် စစ်အောင်တံခွန်ကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့တယ်။ ကရင်ရဲဘော်တွေဟာ စစ်တက္ကသိုလ်တွေ မတက်ရောက်ခဲ့ရပေမဲ့  (စစ်မြေပြင်လောက်ကောင်းတဲ့  စစ်တက္ကသိုလ်မရှိ) ဆိုတဲ့ ကမ္ဘာ စစ်ပါရဂူတွေရဲ့ သြဝါဒကို ကိုင်စွဲ တိုက်ပွဲဆက်ဝင်နေတယ်။ စစ်သားရဲ့ မှတ်ကျောက်ဟာ စစ်မြေပြင်မှာဖြစ်တယ်၊   တပ်မှူးတချို့ စစ်ပညာစာစောင် စာတမ်းတွေ လေ့လာပြီး ကိုက်ညီတဲ့ အချက်အလက်တွေကို အကောင်အထည်ဖေါ်ကြတယ်။ စစ်ပညာကိုလေ့လာလိုသူ တပ်မှူးများအတွက် ဖေါ်ပြလိုက်ပါတယ်။



(၂၂)။ သသ ဗျူဟာ (ယုန်နားရွက်စစ်)

ဘယ်ညာထောင်လျက်၊ ယုန်နားရွက်သို့၊ တဖက်တစွယ်၊ အစွန်းကယ်၍၊ နှစ်သွယ်ထားတင်၊ သို့စင်ဆင်မှ၊ယင်းတွင် လက်ယာ၊ ဆုတ်သော့ခါနှိုက်၊ ညီစွာကြပ်ကြပ်၊ လက်ဝဲတပ်က၊  ခံရပ်ဆီးကွယ်၊ အသင့်ရွယ်၏၊ ထိုဝယ်လည်းကောင်း၊ လက်ဝဲကြောင်းလျှင်၊ တိမ်းစောင်းမသာ၊ ဆုတ်ပြန်လာသည်၊  လက်ယာတပ်သား၊ ဆီးကြိုထားလျက်၊ ချီသွားကြစေ၊ ရဲဘော်တွေနှင့်၊ စစ်မြေဌာန၊ စစ်ကျင်းပသည်၊ (သသဗျူဟာ) ကျမ်းထွက်စာမူ၊ တပ်တာတန့်ဆိုင်း၊ ချလေတိုင်းကို၊ ကသိုဏ်းရှေ့ရှု၊ ခိုင်းနိုင်းတုသည်၊ စစ်သူကြီးတို့ မှတ်အင်းတည်းဂ (ယုန်နားရွက်ကဲ့သို့ တဖက်တချက် လက်ဝဲ လက်ယာနှစ်သွယ် တပ်စွန်းထား၍ တည်ပြီးလျင် လက်ျာတပ်က စစ်ရေးနိမ့်ကာလဖြစ်နေတဲ့ လက်ဝဲတပ်ကို ကူညီ တိုက်ခိုက်ရသည်။ တဖန်လက်ဝဲတပ်က လက်ယာတပ် စစ်ရေးနိမ့် ကာလဖြစ်နေခဲ့လျှင် ကူညီတိုက်ခိုက်ရ ပြန်သည်) အပြန်အလှန် ကူညီနိုင်ရန်အတွက် အရံထားရှိပြီး တိုက်ခိုက်ခြင်း၊နှစ်ဘက်ညှပ်၍ တိုက်ခိုက်ခြင်း၊ ရန်သူသည် မည်သည့်စစ်ကြောင်းမှ တိုက်ခိုက်မည်ကို မမှန်းဆစေနိုင်ဘဲ တိုက်ခိုက်ရန်အတွက် သုံးစွဲခြင်းဖြစ်ပေသည်။

(၂၃)။  ဥဒက ဗျူဟာ (ရေစစ်)

အသီးသီးတိ၊ ရစ်စီးထွေထွေ၊ ချမ်းသောရေသည်၊ ညာေ-ကလှိုက်ထိုး၊ လွှမ်းအုပ်မိုးလျက်၊ တံပိုးပြန်ပြန်၊ သို့ပြင်းထန်သည်၊ ပူပန်မလိမ်း၊ ချမ်းဧငြိမ်းသို့၊ ခပ်သိမ်းရန်သူ၊ ထွက်လှာပြူလျှင်၊ ငြူစူမျက်မာန်၊ မထွက်ဟန်ေ-ကာင့်၊ ဘေးဒါဏ်ခိုက်ထိ၊ ရန်စွယ်ငြိ၍၊ မရှိလေအောင်၊ ပညာရောင်ဖြင့်၊ ကြံဆောင်ကြမူ၊  ဥဒက ဗျူဟာ၊ ဤခြင်းရာကို၊မေတ္တာရှုမြော်၊ စိတ်မွေ့လျော်ဟု၊ သူတော်မြတ်တို့၊ ကောင်းချီးပို့၏။

(သီဒါယဉ်ဘွေ၊မြစ်မရေသည် ကြီးစွာသော လှိုင်းတံပိုးဖြင့် လွှမ်းမိုးလျက် မပူစေရ၊ ချမ်းအေးဘိသကဲ့သို့၊ တဖက်ရန်သူ ထွက်ပြူလာလျှင်၊  ရဲမက်တို့အား  နှလုံးစိတ်ဝမ်း  မပင်ပန်းရအောင် မာန်စောင် အမျက် မထွက်ဘဲ ပညာတည်း ဟူသောရေချမ်းဖြင့် ဆွတဖြန်း ကြံဆောင်၍ ရန်အောင်စေသည်)  စစ်သည်တို့မပင်ပန်းအောင် ကြံဆောင်၍တိုက်ခိုက်သော မဟာဗျူဟာပင် ဖြစ်ပါသည်။ တနည်းအားဖြင့် အစေ့အစပ် ပြောဆို၍လည်း အောင်မြင်စေသောနည်း ဖြစ်ပါသည်။

(၂၄)။ စန္ဒဗျူဟာ (လစစ်)

မမို့မသန်း၊ ကောင်းကင်ငြမ်းနှိုက်၊ တိမ်လမ်းဖြောင့်ဖြောင့်၊ ရန်မမှောင့်လျှင်၊ တင့်တောင့်တင့်တယ်၊ ရှုဘွယ်တိ၊ စံပယ်ရွှင်စံ၊ ကြယ်ပေါင်းရံ၏၊  မိုးယံအပြည့်၊  သော်တာလှည့်သို့၊  မင်း၏ဂုဏ်အင်၊ မင်းသဘင်ဖြင့်၊ တင်တင်ပြပြ၊ စစ်ကျင်းပမူ၊ ဆန္ဒဗျူဟာ၊ တင့်တယ်စွာဟု၊ ပညာရှိတို့၊ လွန်နှစ်လို့၏ (ကောင်းကင်အပြင်ဝယ်၊ ကြယ်တာယာအပေါင်းအလယ် လမင်းသဖွယ် အတင့်အတယ် ဗိုလ်ပေါင်းလရံလျက် စံစံပယ်ပယ် ဖွယ်ဖွယ်ရာရာ တပ်တာကျင်းပ လုပ်ကြံရသည်) အုပ်ချုပ်ကွပ်ကဲသူသည် လ၏သဘွယ် မိမိသူရဲတို့အား ကြည်ရွှင်ပစွာဖြင့် တင့်တယ်စွာ စစ်ချီတက်ခြင်းဖြစ်သည်။

ဆောင်းပါးရှင်
မန်းရောဘတ် ဘဇန်


0 comments:

Post a Comment