Fans of Mahn Robert Ba Zan

ဒေါ်အောင်ဆန်းစုကြည်ထံ အိတ်ဖွင့်ပေးစာ အမှတ်(၂)





စာဖတ်ပရိသတ်များခင်ဗျား
“စည်းလုံးခြင်းရဲ့ အင်အား” ၀က်ဘ်ဆိုဒ်က ပင်တိုင်ဆောင်းပါးရှင် ဖထီး မန်းရောဘဇန်မှ ဒေါ်စုထံ ပေးပို့ထားခဲ့ပြီး ဖြစ်သော အိတ်ဖွင့် ပေးစာကို စာဖတ်ပရိသတ်များအား ဒီကနေ့ တင်ပြပေးလိုက် ပါတယ်။ ၁၉၉၉ ခုနှစ်က ကျွန်တော်တို့ အမျိုးသား ခေါင်းဆောင်ဒေါ်စုရဲ့ ခင်ပွန်း ဆုံးပါးသွားစဉ် ပေးပို့ခဲ့တဲ့ ဒီအိတ်ဖွင့် ပေးစာကို ဖတ်ရူကြည့်ရင် စစ်ကို ဘာကြောင့် တိုက်နေရတာလဲ၊ စစ်မှန်တဲ့ ဒီမိုကရေစီကို ဘာကြောင့် မပေးရတာလဲ ဆိုတာတွေကို ကွက်ကွက်ကွင်းကွင်း သိမြင် နိုင်ကြမှာ ဖြစ်ပါတယ်။ အခုလို မျိုးဆက်သစ်များ ဗဟုသုတ ရရှိစေဖို့ အိတ်ဖွင့် ပေးစာအား ပေးပို့လာသော ဖထီး မန်းရောဘဇန်အား ကျွန်တော် ကိုဖိုးတရုတ်မှ အထူး ကျေးဇူး တင်ရှိပါကြောင်း စည်းလုံးခြင်းရဲ့ အင်အားတွင် ဂုဏ်ပြု မှတ်တမ်းတင်ရင်း ဖေါ်ပြ အပ်ပါတယ် ခင်ဗျား။
Read more

ဒေါ်အောင်ဆန်းစုကြည်ထံသို့ အိတ်ဖွင့်ပေးစာအိတ်ဖွင့်ပေးစာ - အပိုင်း (၁)




စာဖတ်ပရိသတ်များခင်ဗျား
ကျွန်တော်တို့“စည်းလုံးခြင်းရဲ့အင်အား” မှ ပင်တိုင်ဆောင်းပါးရှင် ဖထီး မန်းရော ဘဇန်ရဲ့ ဒေါ်အောင်ဆန်းစုကြည် ထံ ပေးပို့ ခဲ့သော စာတစ်စောင်ကို ဒီကနေ့ နှစ်သစ်မှာ ဖေါ်ထုတ် တင်ပြပေးလိုက် ပါတယ်။ ဒီစာဟာ တိုင်းရင်းသား ခေါင်း ဆောင်များရဲ့သဘောထားကို ထင်ဟပ် ပြသစေ သလို တိုင်းရင်းသား ပေါင်းစုံ ညီညွတ်ရေး အတွက်လည်း အင်အား တစ်ခု ဖြစ်စေပါတယ်။ ဒါ့အပြင် စာဖတ်ပရိသတ်များနဲ့ နောင်လာ နောက်သား များအား ဗဟုသုတ ရရှိစေတဲ့အတွက် အခုလို ပေးပို့ လာသော ဖထီးအား အထူး ကျေးဇူး တင်ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ် ပါတယ်။

Read more

ကရင်လက်နက်ကိုင် တပ်ပေါင်းစုံမှ ရဲဘော်များသို့ - အပိုင်း (၁၃)


(၂၇)။ ယက္ခ ဗျူဟာ (ဘီလူးစစ်)

တောမြိုင်သာနှိုက်၊  မိစ္ဆာဘီလူး၊  မာန်ဟူးဟူးနှင့်၊  ဖြူးဖြူးစွယ်ရောင်၊ တွေ့မရှောင်လျှင်၊ စိမ်းကောင်အသား၊ ကျွတ်ကျွတ်ဝါးသို့၊ ဆီးတားရန်မွှေ၊ တွေ့တိုင်းကြွေအောင်၊ တိုက်လေသမျှ၊ ရှင်းလင်းရသည်၊  ယက္ခ ဗျူဟာ…
(မျက်မာန်ဟူးဟူး၊ စွယ်ပြူးတူးနှင့်၊ ဘီလူးတောသား၊ သူကောင်စားသို့၊ တွေ့မြင်လေသမျှသော ရန်သူကို စားမတတ် ဝါးမတတ်၊ ရွပ်ရွပ်ချွံချွံ နှိပ်နှံတိုက်ဖျက်သည်) စစ်ဦး ဘီလူးဆိုသည့် အတိုင်း မဆုတ်ဆိုင်းဘဲ ရွတ်ရွတ်ချွံချွံ တိုက်ခိုက်ခြင်း ဖြစ်ပါတယ်။ ဘုရင့်နောင်သည် နောင်ရိုးချောင်း တိုက်ပွဲတွင် ဤနည်းဖြင့် အောင်ပွဲရခဲ့ခြင်း ဖြစ်ပေသည်။  ယိုးဒယားတိုက်ပွဲတွင်လည်း ဤသို့ပင် တိုက်ခိုက် အောင်ပွဲရခဲ့ ပေသည်။ ယိုးဒယားနှင့်တိုက်ရာ ဘုရင့်နောင်၏ စကားမှာ မှတ်သားဘွယ် ဖြစ်၍  ဖေါ်ပြလိုက်ပါသည်။ အမိန့်တော်အတိုင်း မတိုက်ဘဲနေလျှင်၊  ယိုးဒယားတို့က သတ္တိ ညံ့ဖျင်း၍ ရဲသေးမရှိ၊ ကြောက်သည်ဟု ဆိုပါလိမ့်မည်။ မတိုက်ဘဲနေလျှင် ထိုစစ်ပွဲကို အောင်နိုင်လိမ့်မည် မဟုတ်ပါ။ သူက အောင်ပွဲရသွားလျှင် မိမိတို့နောင် အစဉ်ပျက်စီး နိုင်ပါသည်။ သူရဲကောင်းတို့ သဘောမှာ စစ်ချင်းဆိုင်လျှင်  နိုင်အောင်တိုက်ဘို့သာ အရေးကြီးစွာ အားထုတ်ရမြဲ ဖြစ်ပါသည်။

Read more

ကရင်လက်နက်ကိုင် တပ်ပေါင်းစုံမှ ရဲဘော်များသို့ - အပိုင်း (၁၂)


(၂၅)။ သူရိယ ဗျူဟာ (နေမင်းစစ်)

မြင့်မိုရ်ခါးနှင့်၊ လမ်းဆိုင်သင့်သား၊ နေမင်းရောင်ချည်၊ ကျွန်းလေးမည်ကို၊ လှည့်လည်ဝင်းဝါ၊ အနှံ့ဖြာလျက်၊ ငယ်စွာသိခြင်း၊  ဝါးလုံးသွင်းသို့၊  ချင်းနင်းရှိန်ဝါ၊  မထွန်လာသို့၊ မသာခက်ခဲ၊ တပ်ကိုလွှဲ၍၊  စွမ်းရဲအန်ထောင်၊ နှံ့ပြားအောင်လျင်၊ ရွက်ဆောင်ပြင်းပြ၊ လိုက်လံ-ကမူ၊ သူရိယဗျူဟာ၊ မှည့်သညာဖြင့်၊ ဆရာမြတ်တို့၊ ခေါ်-ကမြို့၏၊ ဤသို့ထုံးတမ်း၊ ဗျူဟာကျမ်းကို၊ စွဲလမ်းစီရင်၊ မ-ကာတင်သည်၊ အောင်မြင်နေ-က ခက်ချင်းတည်း...

(နေမင်းသည် ကျွန်းကြီးလေးကျွန်း ကျွန်းငယ်နှစ်ထောင်တို့ကို အရောင်ဖြင့် ထွန်းလင်းနိုင်သော်လည်း ငယ်လှစွာသော ဝါးလုံးတွင်းတို့  အရောင်အဆင်း  မထွန်းလင်းနိုင်သကဲ့သို့ အရေးမသာ၍ အလုပ်အကြံခက်ခဲလျင် ခက်ခဲသောတပ်ကိုလွှဲ၍ သူရဲသူခက်တို့ရဲရင့်အောင် အနှံ့အပြား ရွက်ဆောင်ပြင်းပြ တိုက်ခိုက်ကြသည်)

အဓိပ္ပါယ်မှာ ရန်သူ၏ ပျော့ကွက် ဟာကွက်တို့ကို ပဌမတိုက်ခိုက်ပြီး ရန်သူအား အထီးကျန်စေပြီးမှ ခြေမှုန်းတိုက်ခိုက်သော မဟာဗျူဟာဖြစ်ပါသည်။

Read more

ကရင်လက်နက်ကိုင် တပ်ပေါင်းစုံမှ ရဲဘော်များသို့ - အပိုင်း (၁၁)



ကမ္ဘာ့စစ်သမိုင်းမှာ အင်အားနည်းပြီး အင်အားကြီးတဲ့ စစ်တပ်ကို အနိုင်တိုက်ခဲ့တဲ့ အင်အားစုတွေရဲ့ စစ်ရေးသင်ခန်းစာတွေကို လေ့လာသုံးသပ်နိုင်ဖို့ရှာဖွေတင်ပြသွားပါမယ်။   ကရင့်လက်နက်ကိုင် ခုခံတော်လှန်စစ်ဟာ သမိုင်းတင်လောက်အောင် နှစ်ပေါင်း(၆ဝ)ကျော်လွန်ခဲ့ပါပြီ။ (၉၄)ခုနှစ်ကစပြီး တော်လှန်တဲ့ ညီနောင်လူမျိုးစုတွေကို စစ်မဟာဗျူဟာ အမှတ်(၃) (ဥပါရ ဗျူဟာ) (ဥပါယ်စစ်) ကို အသုံးချပြီး (ပျားရည်နဲ့ ဝမ်းချ၊မစားရ ဝခမှန်း၊ ဂတိဂဝတ်တွေ) အမျိုးမျိုးပေးပြီး စစ်အာဏာရှင်တွေက လိမ်ညာ လှည့်ဖြားလိုက်ကာ အချိန်ဆွဲထားတယ်။ ညီနောင်အဖွဲ့တွေနဲ့ အပစ်အခတ် ရပ်စဲထားနေစဉ်အတွင်း ကျနော်တို့ လက်နက်ကိုင်တပ်ဖွဲ့တွေကို  မီးကုန်ယမ်းကုန် တိုက်ခိုက် လာတော့တယ်။ တိုင်းပြည်ရဲ့ အရပ်ရပ်ဝင်ငွေတွေနဲ့ ဝယ်ထားတဲ့ နိုင်ငံစုံက လက်နက်မျိုး စုံနဲ့ ပုံအောသုံးပြီး အပြတ်ခြေမှုန်းတော့တယ်။ သူရဲကောင်းပီသတဲ့ ကရင်လက်နက်ကိုင် တပ်ပေါင်းစုံက ရဲဘော်တွေဟာ အံ့မခန်း ခုခံတော်လှန်တော့တယ်။ ဆုံးရှုံးမှုအချို့ ရှိပေမဲ့ တော်လှန် စစ်အောင်တံခွန်ကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့တယ်။ ကရင်ရဲဘော်တွေဟာ စစ်တက္ကသိုလ်တွေ မတက်ရောက်ခဲ့ရပေမဲ့  (စစ်မြေပြင်လောက်ကောင်းတဲ့  စစ်တက္ကသိုလ်မရှိ) ဆိုတဲ့ ကမ္ဘာ စစ်ပါရဂူတွေရဲ့ သြဝါဒကို ကိုင်စွဲ တိုက်ပွဲဆက်ဝင်နေတယ်။ စစ်သားရဲ့ မှတ်ကျောက်ဟာ စစ်မြေပြင်မှာဖြစ်တယ်၊   တပ်မှူးတချို့ စစ်ပညာစာစောင် စာတမ်းတွေ လေ့လာပြီး ကိုက်ညီတဲ့ အချက်အလက်တွေကို အကောင်အထည်ဖေါ်ကြတယ်။ စစ်ပညာကိုလေ့လာလိုသူ တပ်မှူးများအတွက် ဖေါ်ပြလိုက်ပါတယ်။

Read more

ကရင်လက်နက်ကိုင် တပ်ပေါင်းစုံမှ ရဲဘော်များသို့ - အပိုင်း (၁၀)


ဒီအပတ် ဗမာ့စစ်ပညာထဲက ဗမာတပ်မတော်မှ ပေါ်လစီရေးဆွဲသူတွေ ကျင့်သုံးခဲ့တဲ့ စစ်နည်းဗျူဟာ (၂၉) ချက်ထဲက ကျန်တဲ့အပိုင်းတွေကို ဆက်လက်ဖေါ်ပြပါမယ်။ ရန်သူတွေ ဘာလုပ်တတ်သလဲ၊ ဘယ်လို လှည့်စားခဲ့သလဲ၊ ဘာတွေဆက်လုပ်နိုင်သလဲဆိုတာ သိရှိဖို့ ရန်သူထုတ် စာအုပ်စာတမ်းတွေ လေ့လာ သုံးသပ်နိုင်ဖို့လိုတယ်။ ကလောင်သွားဟာ ဓါးသွားထက် ထက်တာမို့ စာပေဗဟုသုတများကို ရဲဘော်တို့ ရှာဖွေချိန် မရတာကြောင့် စုစည်း ဖော်ပြပေးလိုက်ပါတယ်။ ရန်သူဟာ မိမိတို့ကို ဘယ်လိုဖြိုခွဲရမလဲ၊ ဘယ်လိုသတ်လျှိုရမလဲဆိုတာ အမြဲစဉ်းစားနေတယ်၊ ဒါကြောင့် သူတို့ လိုချင်တဲ့ဘောင်ထဲ သတ်ကွင်းထဲ မရောက်ဖို့နဲ့ မိမိတို့က လက်ဦးမှုရှိရှိ အလစ်အငိုက် ရရှိရန် လှုပ်ရှားနိုင်ဖို့ လေ့လာနိုင်ရန် ဖြစ်တယ်။

Read more

ကရင်လက်နက်ကိုင် တပ်ပေါင်းစုံမှ ရဲဘော်များသို့ - အပိုင်း (၉)


ဒီအပါတ် ဗမာ့စစ်ပညာထဲက ဗမာတပ်မတော်မှ ပေါ်လစီရေးဆွဲသူတွေ ကျင့်သုံးခဲ့တဲ့ စစ်နည်းဗျူဟာ (၂၉) ချက်ထဲက ကျန်တဲ့အပိုင်းတွေကို ဆက်လက်ဖေါ်ပြပါမယ်။ ရန်သူတွေ ဘာလုပ်တတ်သလဲ၊ ဘယ်လိုလှည့်စားခဲ့သလဲ၊ ဘာတွေဆက်လုပ်နိုင်သလဲဆိုတာ သိရှိဖို့ ရန်သူထုတ် စာအုပ်စာတမ်းတွေ လေ့လာ သုံးသပ်နိုင်ဖို့လိုတယ်။ ကလောင်သွားဟာ ဓါးသွားထက် ထက်တာမို့ စာပေဗဟုသုတများကို ရဲဘော်တို့ ရှာဖွေချိန် မရတာကြောင့် စုစည်းဖော်ပြ ပေးလိုက်ပါတယ်။ ရန်သူဟာ မိမိတို့ကို ဘယ်လိုဖြိုခွဲရမလဲ၊ ဘယ်လိုသတ်လျှို ရမလဲဆိုတာ အမြဲစဉ်းစားနေတယ်၊ ဒါကြောင့် သူတို့ လိုချင်တဲ့ဘောင်ထဲ သတ်ကွင်းထဲ မရောက်ဖို့နဲ့ မိမိတို့က လက်ဦးမှုရှိရှိ အလစ်ငိုက်ရရှိရန် လှုပ်ရှားနိုင်ဖို့ လေ့လာနိုင်ရန် ဖြစ်တယ်။

Read more

ကရင်လက်နက်ကိုင် တပ်ပေါင်းစုံမှ ရဲဘော်များသို့ - အပိုင်း (၈)


ဒီအပါတ် ဗမာ့စစ်ပညာထဲက ဗမာတပ်မတော်က ပေါ်လစီရေးဆွဲသူတွေ ကျင့်သုံးခဲ့တဲ့ စစ်နည်း ဗျူဟာ (၂၉) ချက်ထဲက ကျန်တဲ့အပိုင်းတွေကို ဆက်လက်ဖေါ်ပြပါမယ်။ ရန်သူတွေ ဘာလုပ်တတ်သလဲ၊ ဘယ်လိုလှည့်စားခဲ့သလဲ၊ ဘာတွေဆက်လုပ်နိုင်သလဲဆိုတာ သိရှိဘို့ ရန်သူထုတ်စာအုပ်စာတမ်းတွေ လေ့လာ သုံးသပ်နိုင်ဘို့လိုတယ်။ ကလောင်သွားဟာဓါးသွားထက် ထက်တာမို့ စာပေဗဟုသုတများကို ရဲဘော်တို့ ရှာဖွေချိန် မရတာကြောင့် စုဆည်းဖော်ပြ ပေးလိုက်ပါတယ်။ ရန်သူဟာ မိမိတို့ကို ဘယ်လိုဖြိုခွဲရမလဲ၊ ဘယ်လို သတ်လျှိုရမလဲဆိုတာ အမြဲစဉ်းစားနေတယ်၊ ဒါကြောင့် သူတို့ လိုချင်တဲ့ဘောင်ထဲ သတ်ကွင်းထဲ မရောက်ဘို့နဲ့ မိမိတို့က လက်ဦးမှုရှိရှိ အလစ်ငိုက် ရရှိရန် လှုပ်ရှားနိုင်ဘို့ လေ့လာနိုင်ရန် ဖြစ်တယ်။

Read more

ကရင်လက်နက်ကိုင် တပ်ပေါင်းစုံမှ ရဲဘော်များသို့ - အပိုင်း (၇)


(၉)၊ ဓါရက ဗျူဟာ၊

ဗိုလ်အင်ပြိုင်းပြိုင်း။ တပ်ချတိုင်းလျှင်။ ထုံးပိုင်းမချန်။ ခန်ဏ္ဍထားရန်ကို။ ဝေဘန်တောင်မြောက်။ ရှေဏ္ဍနှင့်နောက်ဝယ်။   ခုံထောက်နှိုင်းတု။  ခုနှစ်ပြုမှ။ ရှစ်စုကိုးကွက်။ ပွားဆတက်။ စစ်မက်ဆင်ရာ။ တပ်တောင်တာဝယ်။ ဗိုလ်ပါကျင်းပ။ ထုံးနည်းပြသည်။ ဓါရက ဗျူဟာ။ ကြောင်းချာလည်း။ မည်သောသိထင်။ တပွဲတွင်.၊ “တပ်ချတိုင်း တပ်ချတိုင်း ရှေဏ္ဍနောက်တောင်မြောက် လေးမျက်နှာ တိုဏ္ဍနှိုက် ဖိုခနောက်ဆိုင် ခုနှစ်ကွက်။ ရှစ်ကွက်။ ကိုးကွက်။ စီးပွားတပ်ချပြီးလျှင်။ ဗိုလ်ပါဆင်မြင်း ကျင်းပစီရင်သည်”“အဘက်ဘက်မှ လုံခြုံမှုရှိစေရန်၎င်း။ တပ်အချင်းချင်း အပြန်အလှန် ကူညီနိုင်ရန်၎င်း။ အရံတပ်များ လုံလုံလောက်လောက် ရှိစေရန်၎င်း။ ရန်သူမထိုးဖေါက်နိုင်ရန်၎င်း။ အကွက်လိုက်တပ်ကို အထပ်ထပ် ချထားခြင်းဖြစ်သည်၊  ယခုခေတ်တွင်လည်း တပ်ချတိုင်းနည်းကို သုံးရသည်သာ ဖြစ်ပါသည်။

Read more

ကရင်လက်နက်ကိုင် တပ်ပေါင်းစုံမှ ရဲဘော်များသို့ - အပိုင်း (၆)

(၅)။ သုဝ ဗျူဟာ (ကျေးသားစစ်)

“မြိုင်သာရိပ်ခို၊ ရွှေကျေးညိုတို့၊ လူလိုလျောက်ပတ်၊ သင်လျှင်တတ်၍၊ လူ့ဇာတ်ပျော်ရွှင်၊ အကျုံးဝင်သို့၊ ထိုတွင်ဖေါက်ပြန်၊ တဖက်ရန်ကို၊ ကျမ်းဂန်နှီးနွယ်၊ ပရိယာယ်ဖြင့်၊ လှယ်ပယ်ပြသ၊ စစ်ဆင်ကြသည်၊ (သုဝ ဗျူဟာ၊ ရှေးထုံးလာ၏” (တိရစ္ဆာန်ဖြစ်သော ကျေးသားကို စကားသင်၍ လူ့ဇာတ်ကို ဝင်စေသကဲ့သို့၊ ဝတ္တုကျမ်းဂန် သက်ကန်သက်သေ၊ ဥပဒေကျကျ ထုံးစံပြသဖြင့်၊ သူကစစ်သည် အတည်တည်ကို မြေလည်စေမှု ငြိမ်းအောင်ပြုသည်)

Read more

ကရင်လက်နက်ကိုင် တပ်ပေါင်းစုံမှ ရဲဘော်များသို့ - အပိုင်း (၅)

၎င်းပြင် ကျန်စစ်သားသည်လည်း ငရမာန် အပေါ်တွင်လည်း မုဆိုး ငစဥ့်အား လှည့်စားစေ၍ အောင်နိုင်ခဲ့ကြောင်းကို တွင်းသင်းမြန်မာရာဇဝင်သစ် စာမျက်နှာ (၁ဝ၁)တွင် အောက်ပါအတိုင်း တွေ့ရသည်။
“တောအုပ်သစ်ပင် သာယာစွာငှက်သံမြည်နှင့်သည်ကို ငရမာန်လည်း မျက်စိကောင်းသည် ဆက်နှင့် ဖေါင်ပတင်းဝကကြည့်လျှင် ငစဥ့်လေးနှင့်ပစ်၍ သေလေ၏။ ၄င်းပြင် (ဥပယ်လေးပါး)ကို အသုံးပြု ကြောင်းလည်း တွေ့ရပါသည်။
Read more

ကရင်လက်နက်ကိုင် တပ်ပေါင်းစုံမှ ရဲဘော်များသို့ - အပိုင်း (၄)

(၃)။ ဥပါယဗျူဟာ (ဥပါယ်စစ်)
“တသွယ်မှာလည်း၊ ယုံရာလှည့်ပတ်၊ ယုံမှတ်စယောင်၊ ယုံအောင်နားသွင်း၊ ယုံခင်းသွယ်ဝယ်၊ ယုံစဖွယ်တိ၊ ဥပါယ်တမျဉ်၊ စဉ်းလဲယှဉ်လျက်၊ စီစဉ်လှည့်ဖြား၊ ပျက်မုသားဖြင့်၊ စကားယွင်းခွ၊ ရွက်ဆောင်-ကမူ၊ ဥပါယဗျူဟာ၊သမိုက်ရာ၏၊ တပ်တာကျယ်ဝင်း၊ မှတ်ပုံအင်းကို၊ ခင်းကျင်းပြလို၊ ပမာဆိုသော်၊ တိမ်ညိုတိမ်လိပ်၊ ကောင်းကင်ထိပ်ဝယ်၊ လင်းရိပ်ရောင်ထင်၊ ကြည့်လိုက်မြင်သည်၊ လတွင်ယုန်ရုပ်ကွင်းကွင်းတည်း” “မဟုတ်သော်လည်း၊ ဟုတ်စလိလိ၊ ယုံဘွယ်ရှိအောင်၊ သွယ်သွယ်ဝိုက်ဝိုက်၊ ရှေ့သိမ်းနောက်ဝိုက်၊ နာထိုက်နာဟန်၊ ချေငံသာယာစွာ၊ ပြေပြေပြစ်ပြစ်၊ မချစ်သော်လည်း အောင့်ခါနမ်းသကဲ့သို့၊ ဝေဝုစ်ပရိယာယ်ဥပါယ် တမျဉ်ယှဉ်သော အမူအရာဖြင့် ရန်ကိုအောင်မြင်စေသည်” အထက်ဖေါ်ပြပါ မိုင်းခိုင်းမြို့စားမင်း၏ အဖွင့်နှင့်ပင် အဓိပ္ပါယ်ရှင်းလင်းပြီး ဖြစ်ပါသည်။ မိမိအင်အားသေးငယ်သည်ဖြစ်၍ မိမိထက်အင်အားကြီးသော ရန်သူကို ဥပါယ်တမျဉ် လှည့်စားခြင်းဖြင့် မိမိလိုရာ အောင်မြင်နိုင်ပေသည်။
Read more

ကရင်လက်နက်ကိုင် တပ်ပေါင်းစုံမှ ရဲဘော်များသို့ - အပိုင်း (၃)


ပုဂံပြည် စောလူးမင်း လက်ထက်တွင် ငရမာန်ကန်းသည် စောလူးမင်းအား မဏ္ဍုက ဗျူဟာ (ဖါးစစ်) အသုံးပြုကာ စစ်ရေးငင်ကာ အောင်နိုင်ဘူးတာကို တွေ့ရပါတယ်။  ဒါ့အပြင် ပုဂံပြည် နရသီဟပတေ့မင်း လက်ထက်တွင် တရုပ်ကူဗလိုင်ခန်ရဲ့တပ်များအား မြန်မာတို့က အဲဒီနည်းဖြင့် အောင်နိုင်တာကို တွေ့ရပါတယ်။

Read more

ကရင်လက်နက်ကိုင် တပ်ပေါင်းစုံမှ ရဲဘော်များသို့ - အပိုင်း (၂)


ဗိုလ်မှူးချုပ် စောလားပွဲ (နုတ်ခမ်းမွေး) ဦးဆောင်တဲ့ ညီနောင် (DKBA) ရဲဘော်တွေ မိခင်(KNU)ထံပြန်လာပြီး အမျိုးသားရန်သူကို ပြန်လည်တိုက်ခိုက်ကြတယ်။ အမျိုးသားရန်သူရဲ့ (ဗျူဟာ)တွေကို သိရှိလာလို့ ခုလိုပြန်လည်တိုက်ခိုက်ရတာဖြစ်တယ်။ တခါ ဗိုလ်မှူးဘီခို ဦးစီးတဲ့ (BGF) တပ်ရင်း (၄) ရင်းလည်း (KNLA) က ညီနောင်များနဲ့ ပြည်လည်ပူးပေါင်းပြီး (DKBA)အဖြစ် ပြန်လည်ခံယူလိုက်ပြန်တယ်။ ခုလိုပြန်လည်ပူးပေါင်းမှုဟာ ကရင့်လက်နက်ကိုင်ခုခံတော်လှန်စစ်ရဲ့ အောင်ပွဲအစလို့ ပြောချင်တယ်။ စည်းလုံးခြင်းရဲ့အင်အားစုတစ်ရပ် ပေါက်ဖွားလာတာ ဖြစ်တယ်။

Read more

ကရင်လက်နက်ကိုင် တပ်ပေါင်းစုံမှ ရဲဘော်များသို့ - အပိုင်း (၁)


စည်းလုံးခြင်းရဲ့ အင်အားဝက်ဘ်ဆိုဒ် ပင်တိုင်ဆောင်းပါးရှင် ဖထီး မန်းရောဘတ် ဘဇန်ဟာ အသက်ရွယ် ကြီးမြင့်လာပြီး တော်လှန်ရေးဒဏ်ကြောင့် မကျန်းမမာ ဖြစ်နေသည့် ကြားထဲက ဆောင်းပါးရှည်အား အချိန်ယူ ရေးသားပေးပို့တဲ့အတွက် စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုဒ်အဖွဲ့မှ အထူး ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါတယ်။ ဖထီး နေကောင်း ကျန်းမာစေဖို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။




Read more

ဗိုလ်မှူးချုပ်စောလဲပွဲ (နှုတ်ခမ်းမွှေး) သို့ မန်းရောဘတ် ဘဇန် ရဲ့အိတ်ဖွင့် ပေးစာ အမှတ် (၂)


ညီလေးစောလဲပွဲရေး...
အကိုကြီး သတိတယ စာရေးလိုက်တယ်။ ဒီစည်းလုံးခြင်းရဲ့ အင်အားဝက်ဆိုက်မှာ ညီလေးထံ ပထမအကြိမ်ရေးခဲ့တုန်းက ပြန်ပြောင်းပြောရရင် ရန်သူဟာ တိုးတက်သော ဒီမိုကရက်တစ် ကရင်ဗုဒ္ဓဘာသာ အစည်းအရုံး (DKBA)  အားဖျက်သိမ်း ပြီး (နယ်ခြားစောင့်တပ်) အတင်းအကြပ် ဖွဲ့ခိုင်းတာကို ညီလေးတို့က လက်မခံနိင်လို့ (လက်နက်ကိုင် တိုက်ပွဲ) သဏ္ဍာန်ကို ပြန်လည် ကူးပြောင်းချိန်က တကြိမ်ရေးခဲ့ဘူးတယ်။ ခုရန်သူက အငန်းမရ အပစ်အခတ် ရပ်စဲရေးကို ရေငတ်သလို ပွဲစားတွေ လွတ်ပြီးတောင်းပန်နေတာအား လူထုဆန္ဒ ခံယူပြီး လူထုရဲ့ သဘော တူညီချက်နဲ့ အပစ်အခတ် ရပ်စဲဘို့ ညီလေးတို့ လက်ခံလိုက်တဲ့ အတွက် ခုတကြိမ် စာရေးလိုက်ရခြင်း ဖြစ်တယ်ညီလေး။

Read more

DKBA တပ်မဟာ (၅) မှူး ဗိုလ်မှူးကြီး စောလားပွဲ (ဗိုလ်နှုတ်ခမ်းမွေး) သို့ မန်းရောဘတ် ဘဇန်၏ ပေးစာ


ညီလေး စောလားပွဲ ...
အစ်ကိုကြီး စာရေးလိုက်တယ်။ စာရေးဖို့ လိုအပ်လာပြီဖြစ်လို့ ရေးလိုက်ရခြင်းဖြစ်တယ်။ ရေဒီယိုသတင်း (E-mail) သတင်းတွေအရ ညီလေးဟာ နအဖ ဗမာဖက်ဆစ်တွေရဲ့ (နယ်ခြားစောင့်) တပ်ဖွဲ့စည်းရေးကို ခါးခါး သီးသီး ဆန့်ကျင်လိုက်တယ်လို့ သိရလို့ ညီလေးရဲ့ ရပ်တည်မှုဟာ လုပ်သင့်လုပ်ထိုက်တာကို လုပ်လိုက်တာ ဖြစ်တယ်လို့ အစ်ကိုကြီး ယူဆတယ်။ ဒီလုပ်ရပ်ဟာ ခေါင်းဆောင်ကြီး စောဘဦးကြီးရဲ့ “ကရင့်လက်နက် က ရင့်လက်ထဲမှာ ရှိရမယ်” ဆိုတဲ့ တလောကလုံးဆိုင်ရာ အမှန်တရားကို ဆုပ်ကိုင်ထားလိုက်တာဖြစ်တယ်။ က ရင်တွေရဲ့ သူရဲကောင်းစိတ်ဓာတ်ကို ဖော်ပြလိုက်တာဖြစ်တယ်။ ကရင်ဟာ အနိုင်ကျင့်၊ ဗိုလ်ကျ၊ မတရားမှု တွေကို ဘယ်တော့မှ လက်မမြောက်၊ ဒူးမထောက်၊ အနိုင်မခံ၊ အရှုံးမပေးဘူး၊ ဘယ်တော့မှ လက်နက်မချဘူး ... ဆိုတဲ့ သူရဲကောင်းဝါဒကို ဖော်ပြလိုက်တာဖြစ်တယ်။

Read more

မန်းရောဘတ် ဘဇန် မှ ဆရာတီးမသေ သို့


ဆရာ-
စာရေးလိုက်ပါတယ်။ ရေးဘို့ လိုအပ်လာပြီးဖြစ်လို့ပါ၊ မြန်မာ နဲ့ ကရင်
သတင်းမီဒီယာ-(Website နဲ့ Blog) တွေကနေ နိုဝင်ဘာလ(၃၀) ရက်နေ့က ဆရာ နဲ့ ဗိုလ်မှူးချုပ် စောထင်မောင်တို့ ဦးစီးတဲ့ (KNU-KNLA) အဖွဲ့က ရဲဘော် (၆)ယောက်ကို လူမဆန်စွာ ရက်ရက်စက်စက် ဒါးနဲ့ခုတ်သတ်၊ မီးရှို့ခံလိုက်ရတဲ့ သတင်းနဲ့ဓါတ်ပုံတွေ ဘတ်ရှု တွေ့မြင်လိုက်ရတဲ့အတွက် စိတ်မကောင်းခြင်းဖြစ်ရသလို ဒေါသလည်းထွက်ရပါတယ်။ ကျနော့ သွေးသားထဲက တူသားတွေ လူမဆန်စွာအသတ်ခံလိုက်ရတယ်လို့ခံစားရပါတယ်၊ ကျနော့လိုဘဲ ပြည်တွင်းနဲ့ နိုင်ငံတကာရောက် ကရင်တမျိုးသားလုံးလည်း ကြေကွဲစွာခံစားရသလို လူစိတ်ရှိ
တဲ့ လူပီသတဲ့ ဗမာညီကိုမောင်နှမများ နဲ့လူမျိုးစုံပြည်သူတွေလည်း ခံစားရမယ်
လို့ ယူဆပါတယ်။
Read more

ကြံ့ဖွံ့-သိန်းစိန် စစ်အုပ်စုနှင့် နိုင်ငံရေး စစ်ပွဲဆင်ရေးနှင့် ပတ်သက်၍ မန်းရောဘတ် ဘဇန်၏ အကြံပြုချက်၊



၁။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေးသည် မိမိတို့၏ အခြေခံယုံကြည်ချက်ဖြစ်သည်။ ရန်သူကရွှေ့လာသည့် နိုင်ငံရေး ကျားကွက်ထဲ အငန်းမရ တိုးမဝင်ဘဲ မိမိ၏မဟာ ဗျူဟာစီမံချက်အတိုင်း လှုပ်ရှားရမည်။

Read more

ကျနော် နှင့် ဝမ်းခါတိုက်ပွဲ

စာဖတ်ပရိတ်သတ်များခင်ဗျား
ပင်တိုင်ဆောင်းပါးရှင် ဖထီး မန်းရောဘတ် ဘဇန်က “ကျနော်နှင့် ဝမ်းခါတိုက်ပွဲ” ကိုယ်တွေ့ဖြစ်စဉ်အား “စည်းလုံးခြင်းရဲ့အင်အား” ဝက်ဘ်ဆိုဒ်သို့ ပေးပို့လာပါတယ်။ ဝမ်ခါ စခန်းကြီးဟာ (၁) မိုင်ပတ်လည်ခန့် ကျယ်ဝန်းပြီး သောင်ရင်းမြစ်က အိုမီဂါ ရှိတ် သဏ္ဍာန် စခန်းအား ပတ်လည် ခြုံငုံထားပါတယ်။ ဒါကြောင့် ရန်သူဟာ စခန်းရှေ့တည့်တည့်မှသာ တစ်ကြောင်းထိုး တိုက်ခိုက်ရတဲ့ နည်းဗျူဟာကိုသာ ကျင့်သုံးရတာမို့ တပ်မတော် သမိုင်းမှာ အကျအဆုံးအများဆုံး တိုက်ပွဲကြီးအဖြစ် စံချိန်တင်ခဲ့ပါတယ်။ တပ်ရင်းအလိုက် ဖွဲ့စည်းပုံပျက်ပြီး မကြာခဏ ရှေ့တန်းစစ်မျက်နှာမှာ တပ်လဲလှယ်မှု ပြုလုပ်ခဲ့ရပါတယ်။ ဝမ်ခါ စခန်းရဲ့ ရင်ဆိုင်ကုန်း စစ်မျက်နှာတွင် ခေါင်ကတုတ် Overhead (၇) လုံးမှ (၉) လုံး ထိ ရှိပြီး ခေါင်ကတုတ်တစ်ခုတိုင်း ကွန်ကရစ်ကိုင်ထားကာ ကျွန်းလုံးနှစ်ထပ် တင်ထားတာကြောင့် ခိုင်ခံ့လှပါတယ်။ စစ်မျက်နှာကို သတ်ကွင်း ပြုလုပ်ထားပြီး သတ်ကွင်းအကျယ်မှာ ကိုက် (၈၀၀) မှ ကိုက် (၁၀၀၀) ထိ ရှိပါတယ်။
Read more

ကျနော်နှင့် (ယွားဟေလူ) သို့မဟုတ် ပွိုင့် (၄၉၁) - အပိုင်း (၁၂)

အပိုင်း (၁၁) ကို ဒီနေရာမှာ နှိပ်ပြီး ပြန်လည်လေ့လာ ဖတ်ရှုနိုင်ပါတယ်။
တစ်နေ့ သတင်းဆိုး တစ်ပုဒ် ဝင်လာသည်။ “ပင်လယ်ပြင်မှ စက်လှေနှင့် ပြန်ဝင်လာသော တပ်ကြပ်ကြီး တင်ထွန်း အဖွဲ့အား ရန်သူမှ တန်ပြန် ခြုံခိုတိုက်ခိုက်သဖြင့် ၄င်းနှင့်အတူ ရဲဘော် (၃) ယောက် ကျဆုံးသွားကြောင်း” ၄င်းအလောင်းအား ကရင် ရွာ၌ မြုပ်သည်ကို ပသျူးရွာသားများက လာရောက် တူးဖေါ်ပြီး ၄င်းတို့ရွာ၌ ပြန်မြုပ်နှံသဖြင့် ကရင်နှင့် ပသျှူးရွာသားများ အကြား မပြေလည်မှု ရှိကြကြောင်း သိရသည်။ (လူထုထောက်ခံမှု အလွန်ရကြောင်း၊ စည်းရုံးရေးကောင်းကြောင်း) သိရ သည်။
Read more

ကျနော်နှင့် (ယွားဟေလူ) သို့မဟုတ် ပွိုင့် (၄၉၁) - အပိုင်း (၁၁)


 အပိုင်း (၁၀) ကို ဒီနေရာမှာ နှိပ်ပြီး ပြန်လည်လေ့လာ ဖတ်ရှုနိုင်ပါတယ်။
 တပ်ကြပ်ကြီး တင်ထွန်းနှင့် လှုပ်ရှားတပ်စိတ်သည် ကရင်ရွာ၊ ပသျူးရွာ၊ ဘိတ်ရွာများ၌ စည်းရုံးရေး ဆင်းနေကြသည်။ လူထု နှင့် လက်ပွန်းတတီး ရှိနေပြီဖြစ်သည်။ လူထု ထောက်ခံမှုကိုလည်း ရနေသည်။ နယ်မြေ အခြေအနေ၊ ရန်သူ့ အခြေအနေများ သတင်းပို့လျက် ရှိသည်။ တပ်ကြပ်ကြီး တင်ထွန်းသည် အသားဖြူဖြူ၊ ထောင်ထောင်မောင်းမောင်း နှင့် ရုပ်ရှင်မင်းသားလို လှပသူ ဖြစ်သည်။ ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင် ဖြစ်နေသည်။




Read more

ကျနော်နှင့် (ယွားဟေလူ) သို့မဟုတ် ပွိုင့် (၄၉၁) - အပိုင်း (၁၀)


 အပိုင်း (၉) ကိုဒီနေရာမှာ နှိပ်ပြီး ပြန်လည်လေ့လာ ဖတ်ရှုနိုင်ပါတယ်။

မိမိနှင့် တပ်ရင်းရုံးအဖွဲ့ နံနက်စာစားပြီး တောင်ခြေဆင်းသွားသည်။ ဘုန်းကြီးကို ခွင့်ပန်ပြီး ခြုံနွယ်ပေါင်းပင်များကို ရှင်းသည်။ ရေတွင်းထဲရှိ မျက်၊ ပေါင်းပင်များ ရှင်းပြီး ပြန်တူး ပေးသည်။ ရေကြည်ရေသန့်များ ထွက်လာသည်။ လူထု စည်းရုံးရေးလုပ်ငန်း အဆင့်(၁) ဖြစ်သည်။ အဆင့်(၂) အဖြစ် - ဘာလုပ်ရမည်ကိုစဉ်းစားသည်။ မိမိတပ်ရင်းဌာနချုပ် (ကီးဒို) ကုန်း၏ အရှေ့ဘက်ရှိ တောင်ယာများ၌ စပါးများ ရွှေဝါရောင်သန်းနေပြီး ရိတ်သိမ်းရန် အချိန်တန်နေပါပြီ။ တနေ့ နံနက်စာ စားပြီး မိမိချစ်ဇနီး အပါအဝင် ရဲဘော် တပ်စုတစ်စု ခေါ်၍ ကျေးရွာလူကြီးကိုခွင့်ပန်ပြီး တောင်ယာစပါးများကို ရိတ်ကြသည်။
Read more

ကျနော်နှင့် (ယွားဟေလူ) သို့မဟုတ် ပွိုင့် (၄၉၁) - အပိုင်း (၉)

ကျနော်နှင့် (ယွားဟေလူ) သို့မဟုတ် ပွိုင့် (၄၉၁) - အပိုင်း (၉)
 အပိုင်း (၈) ကို ဒီနေရာမှာ နှိပ်ပြီး ပြန်လည်လေ့လာ ဖတ်ရှုနိုင်ပါတယ်။

မိမိတို့၏ တောင်ဘက်၊ မြောက်ဘက်ရှိ ညီအစ်ကိုများနှင့် နားလည်မှုရရှိပြီးဖြစ်သဖြင့် (ယွားဟေလူ) စခန်းကို ခိုင်မာစွာ တည်ဆောက်ရန် စီမံရပြန်သည်။ တပ်ကြပ်ကြီးတင်ထွန်း (ကျဆုံး) ဦးစီး တပ်စိတ်တစ်စိတ်ကို နယ်မြေ ကျွမ်းကျင်ရန်နှင့် ကင်းရှည်ထိုးရန် (နာကဖရောင်) သို့ စေလွတ်လိုက်သည်။ ခံစစ်စခန်း ခိုင်မာစေရန် ပြင်ဆင်ရာတွင် (ကီးဒို) ကုန်းကို မိမိ ကြည့်ခဲ့ဘူးသော (ဗီယက်နမ်စစ်ပွဲ) အမေရိကန်ရုပ်ရှင် (Humberger Hill) ကားအတိုင်း စီမံသည်။

Read more

ကျနော်နှင့် (ယွားဟေလူ) သို့မဟုတ် ပွိုင့် (၄၉၁) - အပိုင်း (၈)


 အပိုင်း (၇) ကို ဒီနေရာမှာ နှိပ်ပြီး ပြန်လည်လေ့လာ ဖတ်ရှုနိုင်ပါတယ်။
ဆွန်ဇူး၏ (ဒဿန) ကို (Apply) လုပ်ရန်၊ အကောင်အထည်ဖေါ်ရန် တပ်မှူး ဗိုလ်မှူးကြီး စိုးစိုးထံ သတင်းပို့ပြီး ဗိုလ်သွေးအား တပ်မှူးထံ ခေါ်သွားသည်။ ဘတ်ငွေ ငါးသောင်း ထုတ်ပေးလိုက်သည်။ ဗိုလ်သွေး တစ်ဖွဲ့လုံး မိမိတို့တပ်ဖွဲ့နှင့် ပူးပေါင်းလိုက် သည်။ မိမိတို့၏ တောင်ဘက်ပိုင်း (နအဖ) တပ်မှလွဲ၍ ရန်သူမရှိတော့ပါ။ ဗိုလ်သွေးနှင့် တောင်ပိုင်း (ဒညတ) ပြဿနာ   ပြေလည်သွားပါပြီ။



Read more

ကျနော်နှင့် (ယွားဟေလူ) သို့မဟုတ် ပွိုင့် (၄၉၁) - အပိုင်း (၇)



 အပိုင်း (၆) ကို ဒီနေရာမှာ နှိပ်ပြီး ပြန်လည်လေ့လာ ဖတ်ရှုနိုင်ပါတယ်။
ရဲဘော်များ ကတုတ်ကျင်းဆောက်ရန် တောင်ထန်းပင်များ၊ ဖြောင့်တန်းသောသစ်လုံးများကို ခုတ်နေကြသည်။ (Overhead) လုပ်ရန် ဖြစ်သည်။ ဆေးဌာနတာဝန်ခံ (Uncle Gyi) ဆရာ ကလိုထူးတို့ အဖွဲ့လည်း ဆေးရုံဆောက်ပြီးသွားပြီ။




Read more

ကျနော်နှင့် (ယွားဟေလူ) သို့မဟုတ် ပွိုင့် (၄၉၁) - အပိုင်း (၆)


 အပိုင်း (၅) ကို ဒီနေရာမှာ နှိပ်ပြီး ပြန်လည်လေ့လာ ဖတ်ရှုနိုင်ပါတယ်။
စီမံချက်အဆင့် (၁) ဖြစ်သည့် (ကီးဒို) ခံစစ်ကုန်း ခိုင်မာရေးကို စတင်လုပ်ကိုင်ရန် တပ်မှူးများကို ခေါ်ယူလိုက်သည်။ (ကီးဒို) ခံစစ်ကုန်းထိပ်ရှိ ခြုံနွယ်၊ မြက်ပေါင်းများ၊ သစ်ပင် များကို စုပေါင်းရှင်းရန် ဗိုလ်တင့်လွင်နှင့်အဖွဲ့၊ ဝါးခုတ်ရန် ဗိုလ်နောင်နောင် နှင့်အဖွဲ့၊ အိမ်ဆောက်ဖို့ အိမ်တိုင်ခုတ်ရန် ဗိုလ်သောထူးအဖွဲ့၊ (ကီးဒို) ခံစစ်ကုန်းပတ်လည် ကတုတ် ကျင်းတူးးရန် ဗိုလ်ကော် လာနှင့်အဖွဲ့တို့ကို အသီးသီး တာဝန်ပေးအပ်လိုက်သည်။ (၇) ရက် တစ်ပါတ် အတွင်း အပြီးလုပ်ကိုင်ကြရမည်။ စီမံချက် အတိုင်း ရဲဘော်များ တက်ညီ လက်ညီ လုပ်ကိုင်နေကြပါသည်။
Read more

ကျနော်နှင့် (ယွားဟေလူ) သို့မဟုတ် ပွိုင့် (၄၉၁) - အပိုင်း (၅)


အပိုင်း (၄) ကို ဒီနေရာမှာ နှိပ်ပြီး ပြန်လည်လေ့လာ ဖတ်ရှုနိုင်ပါတယ်။
မိမိစဉ်းစားမိသည်။ သမ္မာကျမ်းစာထဲမှ (Promise Land) သည် (ပျားရည်နှင့် နွားနို့) စီးဆင်းရာ အရပ်ဖြစ်သည်ဟု
ကြားဖူးသည်၊ ယခုရောက်ရာ အရပ်သည် သွားလာရန် ခက်ခဲသောတောင်ကုန်းနှင့် မိနစ် (၃ဝ) ခန့် ရေဆင်းခပ်၊ ရေဆင်းချိုးရမည့် နေရာ ဖြစ်သည်။ မတတ်နိုင်၊ အခက်အခဲဟူသမျှ ကျော်ဖြတ်နိုင်ရမည်၊ ရှေ့မှာရှိတဲ့ ဆူးညှောင့်ခလုတ် မှန်သမျှ ရှင်းထုတ်နိုင် ရမည်ဟု မိမိတို့ ထွက်မလာမှီ ဆုံးဖြတ်ထားပြီးလည်း ဖြစ်သည်။ နယ်မြေအခြေအနေ၊ ရန်သူ့အခြေအနေများကို လေ့လာ သိရှိပြီး (မိုးတောင်) သို့ ပြန်လာ သည်။ မိမိရဲဘော်များကို ပြန်ခေါ်ရန် စီစဉ်သည်။
Read more

ကျနော်နှင့် (ယွားဟေလူ) သို့မဟုတ် ပွိုင့် (၄၉၁) - အပိုင်း (၄)

အပိုင်း (၃) ကို ဒီနေရာမှာ နှိပ်ပြီး ပြန်လည်လေ့လာ ဖတ်ရှုနိုင်ပါတယ်။

(မိုးတောင်) ရောက်ပြီး တပ်တွေကို နေရာချသည်။ ထိုစဉ်က မြိတ် - ထားဝယ်ခရိုင်၌ တပ်ရင်း (၁ဝ) အဆင့်သာ ရှိသေး သည်၊ (မိုးတောင်) တွင် တပ်ခွဲတစ်ခွဲထားသည်။ (မိုးတောင်) တာဝန်ခံမှာ ဗိုလ်မှူးဟန်ကြည် ဖြစ်သည်။
မှတ်ချက်။
တပ်ရင်း(၁ဝ) မှ (NDF) အပါတ်စဉ် (၁) မိမိနှင့် ဗိုလ်သင်တန်း အတူတက်ရောက်ခဲ့သူများမှာ မိမိမှတ်မိသလောက်။ ဗိုလ် မူကယ်၊ ဗိုလ်ကောကရ၊ ဗိုလ်လွမ်းထူးမြတ်၊ ဗိုလ်ထွန်းထွန်း၊ ဗိုလ်တာအယ်မူး၊ ဗိုလ်အောင်နိုင် တို့ဖြစ်သည်။
Read more

ကျနော်နှင့် (ယွားဟေလူ) သို့မဟုတ် ပွိုင့် (၄၉၁) - အပိုင်း (၃)


အပိုင်း (၂) ကို ဒီနေရာမှာ နှိပ်ပြီး ပြန်လည်လေ့လာ ဖတ်ရှုနိုင်ပါတယ်။

နံနက် (၅) နာရီထိုးသည်နှင့် ကရင်အမျိုးသားအလံတော် အလေးပြုခြင်းနှင့် သစ္စာ လေးချက် ဆိုကြသည် -
- ငါတို့သည် အမျိုးသားလွတ်မြောက်ရေး အတွက် တိုက်ပွဲဝင်ပါမည်။
- ငါတို့သည် အမျိုးသား ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး အတွက်                 တိုက်ပွဲဝင်ပါမည်။
-ငါတို့သည် ကျဆုံးလေပြီးသော အာဇာနည်များ အပေါ် သစ္စာရှိပါမည်။ - ငါ့အား အထက်မှ ပေးအပ်သောတာဝန်နှင့် ဝတ္တရားများကို  ကျေပြွန်စွာ ထမ်းဆောင်ပါမည်။
ဟု သစ္စာပြုပါသည် ဟူသော သစ္စာပြုသံသည် (ဝေါ်လေ) တစ်ရွာလုံးကို လွှမ်းခြုံသွားပါတော့သည်။

Read more

ကျနော်နှင့် (ယွားဟေလူ) သို့မဟုတ် ပွိုင့် (၄၉၁) - အပိုင်း (၂)


 ကျနော်နှင့် (ယွားဟေလူ) သို့မဟုတ် ပွိုင့် (၄၉၁) - အပိုင်း (၂)


အပိုင်း (၁) ကို ဒီနေရာမှာ နှိပ်ပြီး ပြန်လည်လေ့လာ ဖတ်ရှုနိုင်ပါတယ်။

နောက်နေ့ (ဂျိုးတောင်) ရွာထဲသွားပြီး (ရွှေလှပိုင်) ဆိုသူနှင့် တွေ့သည်။ အလွန် ဖေါ်ရွေပါသည်။
သူ့ထံမှလည်း ရန်သူ့ သတင်း အတော်ရလိုက်သည်။ ကျနော်တို့ ထိုတဲ၌ နေစဉ်အတွင်း ရွာသားများလာကြသည်။ ချက်စားရန် ကြက်များ ယူလာ သည်။ သို့သော် စားဆီမရှိ၊ အုံးဆီနှင့် ချက်စားရသည်။ (စွန်ပဒတ်) သီး အမှည့်များ ယူလာသည်။ ပိန္နဲသီးနှင့် အတော့်ကို တူသည်၊ သို့သော် အရွယ်ငယ်သည်။ အလွန် ချိုမွှေးသည်။
Read more

ကျနော်နှင့် (ယွားဟေလူ) သို့မဟုတ် ပွိုင့် (၄၉၁) - အပိုင်း (၁)


စာဖတ်ပရိတ်သတ်များခင်ဗျား
ဒီအပတ်မှာတော့ ပင်တိုင်ဆောင်း ပါးရှင် ဖထီး မန်းရောဘဇန် ဟာ
တနင်္သာရီတိုင်း မြိတ်ခရိုင်အတွင်းရှိ ယွားဟေလူ စခန်းထိုင် အတွေ့အကြုံများအား ဆောင်းပါးအဖြစ် ရေးသား ပေးပို့လာရာ စာဖတ်ပရိသတ်များအား တင်ပြပေးလိုက်ပါတယ်။









Read more

ခွေးအိပ်တောင် (ထွီဖါးဝီးကျိုး) (သို့မဟုတ်) “ပွိုင့် - ၄ဝ၄၄ တိုက်ပွဲ” - အပိုင်း (၇)

အပိုင်း (၆) ကို ဒီနေရာမှာ နှိပ်ပြီး ပြန်လည်လေ့လာ ဖတ်ရှုနိုင်ပါတယ်။

တစ်နေ့ မိမိစစ်ကြောင်းရှေ့သို့ ရန်သူထိုးလာသည်။ လက်နက်ကြီးမျိုးစုံ၊ လက်နက်ပေါင်းစုံ ပစ်ခတ်ပြီး ထိုးလာသည်။ ဗိုလ်မှူးထီးမှူးမှ ရဲဇာနည်အား လက်တွေ့ ပစ်ခိုင်းလိုက်သည်။ ခြုံတောထဲမှ တိုးဝင်လာသော ရန်သူကို ပစ်ထည့်လိုက် သည်။ “ဝုံး” ကနဲ အသံနှင့်အတူ တိုးလာသော ရန်သူ သုံးလေးယောက် လဲသွားသည်။ ရန်သူများ အော်ဆဲကြသည်။

“ငါ (-ိုး) မ ငပွေး၊ ဘာသေနတ်နဲ့ ပစ်မှန်းမသိဘူး” တဲ့။
Read more

ခွေးအိပ်တောင် (ထွီဖါးဝီးကျိုး) (သို့မဟုတ်) “ပွိုင့် - ၄ဝ၄၄ တိုက်ပွဲ” - အပိုင်း (၆)


အပိုင်း (၅) ကို ဒီနေရာမှာ နှိပ်ပြီး ပြန်လည်လေ့လာ ဖတ်ရှုနိုင်ပါတယ်။ တပေါင်းလပြည့်နေ့ ကျောင်းသားတပ်မတော်မှ ကျောင်းထိုင်ဆရာတော်    လာပါပြီ၊ အာရုံဆွမ်း၊ ဆွေ့မ်းများ ဘုန်းပေးပြီး မိမိကတုတ်ရှိရာ တောင်ပေါ်သို့ ဆရာတော် ကြွတော်မူသည်။ မိမိလည်း စကားပြောစက် လေးလုံး အဆင်သင့် စီစဉ်ထား ပေးသည်။ (၁၂) နာရီထိုးသည်နှင့် စကားပြောစက်မှ (သြကာသ၊ သြကာသ၊ ကာယကံ၊ ဝဇီကံ၊ မနောကံ) ဆိုသော သြဇာသံ အပြည့်ပါသည့် ဆရာတော်၏ အသံ ထွက်ပေါ်လို့ လာပါပြီ။ ဘယ်လောက်ကြာသွားသည်ကို မသိ။ နောက်ဆုံး မိမိ ကတုတ်ရှိ (.၅) စက်ကြီး ဆက်တိုက်ပစ်သံကြားမှ လှမ်းမေးလိုက်သည်။ “ဟေ့ဘာဖြစ်တာလဲ” ဟု မေးရာ “ဆရာတော်က (အောင်ပွဲ အထိမ်းအမှတ်) အဖြစ် ပစ်ခြင်းဖြစ်သည်” ဟု သတင်းပို့လေသည်။ ဘယ်လို အခြေအနေမှာဘဲဖြစ်ဖြစ် ဗုဒ္ဓဘာသာဝင် ရဲဘော်များအတွက် (ဘာသာရေးတန်းတူမှု) ကို အဆင်ပြေစွာ လုပ်ပေးနိုင်လိုက်သဖြင့် ကြည်နူးပျော်ရွှင်ခဲ့ရပြန်ပါသည်။
Read more

ခွေးအိပ်တောင် (ထွီဖါးဝီးကျိုး) (သို့မဟုတ်) “ပွိုင့် - ၄ဝ၄၄ တိုက်ပွဲ” - အပိုင်း(၅)


အပိုင်း (၄) ကို ဒီနေရာမှာ နှိပ်ပြီး ပြန်လည်လေ့လာ ဖတ်ရှုနိုင်ပါတယ်။
ဘာသာရေးတန်းတူမှု
ဘယ်လူ့အဖွဲ့အစည်းဘဲဖြစ်ဖြစ် (တန်းတူညီမျှမှု) (Equality) သည် မရှိမဖြစ် လိုအပ်ချက် ဖြစ်ပါသည်။ တန်းတူမှုရှိလျှင် ဘယ်အိမ်ထောင်၊ ဘယ်မိသားစု၊ ဘယ်လူမျိုး၊ ဘယ်တိုင်းပြည်မှ စစ်မက်ဖြစ်ပွားလာနိုင်ဘွယ် မရှိ၊ ပကတိ ငြိမ်းချမ်းမည် ဖြစ်ပါသည်။ ထို (Theory, Philosophy) ကို ဘာဘဲလုပ်လုပ် မိမိကိုင်စွဲထားပါသည်။ မိမိစစ်ကြောင်းတွင် ဘာသာစုံရှိကြ သည်။ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ အစ္စလမ်နှင့် (မိရိုးဖလာ) ဟူ၍ ရှိသည်။ ဘာသာရေးကို အသေးအဖွဲပြဿနာလို့ ယူဆ၍မရ၊ မိမိဘာသာကို ထိခိုက်လာပါက အသက်ပေး ခုခံကာကွယ်ကြမည် ဖြစ်သည်။ နိဗ္ဗာန်တို့၊ ကောင်းကင်နိုင်ငံတို့ ရောက်ခဲ့ဖူး သည့်သူ ရှိ မရှိကိုမူ မသိ။ သို့သော် ကရင့်တော်လှန်ရေး၏ လမ်းစဉ်၊ လုပ်ငန်းစဉ်၌ (လူတိုင်း မိမိယုံကြည်ကိုးကွယ်သည့် ဘာသာကို လွတ်လပ်စွာ ကိုးကွယ်ယုံကြည် လုပ်ဆောင်ခွင့်ရှိသည်၊ ဘာသာတိုင်း တန်းတူသည်၊ သို့သော် ဘာသာရေးကို ခုတုံးလုပ်ပြီး နိုင်ငံရေး အမြတ်မထုတ်ရ) ဟု ဖေါ်ပြထားသည့်အတိုင်း မိမိ စစ်ကြောင်းတွင် ဘာသာရေး တန်းတူမှုကို စတင် သုံးလိုက်သည်။
Read more

ခွေးအိပ်တောင် (ထွီဖါးဝီးကျိုး) (သို့မဟုတ်) “ပွိုင့် - ၄ဝ၄၄ တိုက်ပွဲ” - အပိုင်း(၄)


အပိုင်း (၃) ကို ဒီနေရာမှာ နှိပ်ပြီး ပြန်လည်လေ့လာ ဖတ်ရှုနိုင်ပါတယ်။

တစ်နေ့ မိမိစစ်ကြောင်းရှိ ကျောင်းသားတပ်မတော်မှ တပ်စုမှူး ကိုလူပုမှာ လက်တွင် ဒဏ်ရာရကာ မိမိစစ်ကြောင်းရုံးသို့ ရောက်လာသည်။ (ထူးဝါးလူ) ဆေးရုံသို့ ပို့ရန် (မယ်ပ) ကို စုန်ဆင်းသွားသော စက်လှေအား စောင့်ရာ ပြန်တက်လာသည်။ ခေါ်သည်၊ မဆိုက်၊ မကြားလို့ ထင်သည်။ မိမိတို့ကို လှည့်ကြည့်သွားသည်။ ထို့ကြောင့် လိုအပ်နေပြီဖြစ်၍ ၄င်း၏ ခေါင်းပေါ် (AK) နှင့် လေး၊ ငါး၊ ဆယ်ချက် ကျော်ကာ ပစ်ထည့်လိုက်သည်။ သို့မှ စက်လှေ လာဆိုက်သည်။
Read more

ခွေးအိပ်တောင် (ထွီဖါးဝီးကျိုး) (သို့မဟုတ်) ပွိုင့် - ၄ဝ၄၄ တိုက်ပွဲ - အပိုင်း (၃)


 

 ခွေးအိပ်တောင် (ထွီဖါးဝီးကျိုး) (သို့မဟုတ်) ပွိုင့် - ၄ဝ၄၄ တိုက်ပွဲ
- အပိုင်း (၃)


အပိုင်း (၂) ကို ဒီနေရာမှာ နှိပ်ပြီး ပြန်လည်လေ့လာ ဖတ်ရှုနိုင်ပါတယ်။
စစ်တောင်ပံ နှစ်ခုဖြစ်သော (နော်တ) နှင့် (မယ်ပ) တို့၌ တပ်ရင်း၊ တပ်ဖွဲ့၊ စစ်ကြောင်း အသီးသီးတို့ နေရာယူ ထားကြပြီး ဖြစ်သည်။
မိမိတို့စစ်ကြောင်းလည်း အစီအစဉ်အတိုင်း စစ်ကြောင်းကြီး ချီတက်ပါပြီ။ ဒီဇယ်စက်လှေကြီး (၄) စီးနှင့် စစ်သည်၊ ဝန်ထမ်းများ၊ ရိက္ခာ၊ အရံကျည်များကို တင်ဆောင်လျှက် ချီတက်သွားကြပြီး မြစ်ဆုံကို ကျော်လာစဉ် သံလွင်မြစ်အတိုင်း စုန်ဆင်းလာရာ (မယ်လဲ့ထာ) (ကေး) အရောက် ရန်သူမှ (၁၂ဝ) မမ စိန်ပြောင်းကြီးနဲ့ (ရ၅) မမ နောက်ပွင့် လက်နက်ကြီး တို့ဖြင့် ဆီးကြိုနှုတ်ဆက်ကာ လှမ်းပစ် ပါတော့သည်။
Read more

ခွေးအိပ်တောင် (ထွီဖါးဝီးကျိုး) (သို့မဟုတ်) ပွိုင့် ၄ဝ၄၄ - တိုက်ပွဲ - အပိုင်း(၂)


ခွေးအိပ်တောင် (ထွီဖါးဝီးကျိုး) (သို့မဟုတ်) ပွိုင့် ၄ဝ၄၄ - တိုက်ပွဲ - အပိုင်း(၂) 

အပိုင်း (၁) ကို ဒီနေရာမှာ နှိပ်ပြီး ပြန်လည်လေ့လာ ဖတ်ရှုနိုင်ပါတယ်။

နောက်နေ့ ဗိုလ်ချုပ်မောင်မောင် (ကွယ်လွန်) မှ “ကျောင်းသားတပ်ဖွဲ့ ရာက်ပြီ လိုအပ်ချက်များ လာရောက်စီစဉ်ရန်” အကြောင်းကြားလာသဖြင့် မိမိသွားတွေ့သည်။ ကျောင်းသား တပ်မတော်မှ ရဲဘော်များက ပွဲကြီးပွဲကောင်းဆင်နွှဲရတော့မည် ဖြစ်သဖြင့် စိတ်ဓါတ် တက်ကြွနေကြသည်။


Read more

ခွေးအိပ်တောင် (ထွီဖါးဝီးကျိုး) (သို့မဟုတ်) ပွိုင့် - ၄ဝ၄၄ တိုက်ပွဲ - အပိုင်း(၁)


“တိုင်းပြည်မဲ့နေတဲ့လူမျိုးဟာ ကျွန်ဘဲ”
(ဥက္ကဌကြီး စောဘဦးကြီး)

စာဖတ်ပရိသတ်များ ခင်ဗျား
 ကျွန်တော်တို့ရဲ့ “စည်းလုံးခြင်းရဲ့ အင်အားသို့” အကြံဥာဏ်များ၊ အားပေးလမ်းညွှန်မှုများ၊ ဆောင်းပါးများ ဆက်သွယ်ပေးပို့ နေကြတဲ့ ပရိသတ်များ အားလုံးကို နှစ်သစ်ကူးမှာ ကျန်းမာချမ်းသာစွာဖြင့် ရည်မှန်းချက်ပန်းတိုင်များဆီသို့ စိတ်သစ် လူသစ်နဲ့ ရောက်ရှိနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သအပ်ပါတယ် ခင်ဗျား။ ဒီနေ့မှာ ပင်တိုင် ဆောင်းပါးရှင် ဖထီး မန်းရောဘတ် ဘဇန်ရဲ့ ဆောင်းပါးရှည် အသစ်တစ်ပုဒ်ကို စတင် တင်ပြပေးလိုက်ပါတယ်။

Read more

ကိုးဒီသွေး ၏ မေးမြန်းချက် (ရုပ်သံ)


၁၇-၀၃-၂၀၁၁ နေ့မှာ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ဖူးကီးဒိုနဲ့ တွေ့ဆုံမေးမြန်းထားတဲ့ ရုပ်သံပဲ ဖြစ်ပါတယ်။

Read more

ဖါးကပ်တိုက်ပွဲ - အပိုင်း (၃)


ရန်သူကို ဆေးကုပေးရန် လိုအပ်နေပြီဖြစ်၍ ရဲဘော်နှစ်ဦးအား ရွာတွင်းသို့ခေါ်သွားရန် ညွန်ကြားလိုက်သည်။ “ဒီရန်သူကို ရွာထဲခေါ်သွား၊ ဆေးမှူး ဆရာသာလေးဒေး ကျွန်တော်နဲ့လိုက်ခဲ့”----ရန် ပြောပြောဆိုဆို ရွာထဲသို့ ခေါ်သွားတော့သည်။ ဒဏ်ရာရ ရန်သူသည် သွေးထွက်များလို့ထင်သည် မျက်နှာဖြူဖတ် ဖြူယော်နှင့် အားငယ်နေသည့် အသွင်ပေါက်နေသည်။


Read more

ဖါးကပ်တိုက်ပွဲ - အပိုင်း (၂)


စစ်ကြောင်းမှူး ဗိုလ်မှူးဂျော်နီသည် (ကစို) ရောက်ပြီး အငြိမ့်ငှားသည်။ ထိုအငြိမ့်အဖွဲ့ကို (ဖါးကပ်) သို့ခေါ်ခဲ့ကာ ရန်သူကို (ဖါးကပ်) သို့မြူဆွယ်၍ ကျုံးသွင်းရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ မိမိတို့စစ်ကြောင်းသည် စစ်ဆင်ရေး စီမံချက်အတိုင်း (ညာမရော) မှတဆင့် (ဖါးကပ်)သို့ ည (၉)နာရီတွင် ရောက်ရှိသွား တော့သည်။





Read more

ဖါးကပ်တိုက်ပွဲ - အပိုင်း (၁)


(ဖါးကပ်)တိုက်ပွဲကိုမဖေါ်ပြမှီ စစ်နှင့်ပါတ်သက်သည့် စစ်သဘောထား တချို့ကို ကျွန်တော် မန်းရောဘတ်ဘဇန် အနေဖြင့် ဦးစွာ တင်ပြလိုပါသည် -

(The purpose of the revolutionary war is peace) “တော်လှန်ရေး စစ်ပွဲ၏ ရည်ရွယ်ချက်မှာ ငြိမ်းချမ်းရေး ဖြစ်သည်”။ ကျွန်ုပ်တို့ စစ်တိုက်နေခြင်းသည် တပါးသူကို ကျွန်ပြု၊ အနိုင်ကျင့်၊ စော်ကားရန် မဟုတ်၊ (တိုင်းရင်းသား) အမျိုးသား တန်းတူအခွင့်အရေး ရရှိရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေး အတွက် ကျူးကျော်လာမှုကို ခုခံသည့် တရားသော စစ်ပွဲကို တိုက်နေခြင်းသာ ဖြစ်သည်။

Read more

ကျွန်တော်နှင့် ဖလူးတိုက်ပွဲ - အပိုင်း (၅)


စာဖတ်ပရိတ်သတ်များခင်ဗျား

ဒီအပတ်မှာတော့ ဖလူး ခံစစ်ကုန်းတွင် နေရာယူထားတဲ့ ဖထီး မန်းရောဘဇန် တပ်ဖွဲ့တွေဟာ ရန်သူအား ကျားကုတ် ကျားခဲ ပြင်းပြင်းထန်ထန် တိုက်ပွဲဝင် ခဲ့ပုံတွေ၊ အထူးသဖြင့် ဖထီးဟာ ရန်သူရဲ့ လက်နက်ကြီး ဗုံးစ ထိမှန် ဒဏ်ရာရနေစဉ် ကာလ အတွင်းမှာတောင် ဇွဲမလျှော့ဘဲ ၈၁ မမ စိန်ပြောင်း လက်နက်ကြီး နှစ်လက်အား ဗုံးသီးများ စုပြုံထည့်ပြီး ရဲရဲတောက် တိုက်ခိုက်ခဲ့ပုံတွေကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။



Read more

ကျွန်တော်နှင့် ဖလူးတိုက်ပွဲ - (အပိုင်း ၄)

စာဖတ်ပရိတ်သတ်များခင်ဗျား

ဒီအပတ်မှာတော့ ဖလူး ခံစစ်ကုန်း
ခံစစ်ပြင်ဆင်နေစဉ် အတောအတွင်း ရန်သူမှ သွေးထိုးစမ်း တိုက်ခိုက်ပေမဲ့ တပ်လှန်ကျသွားပုံတွေ၊ ဖထီး မန်းရောဘဇန်ဟာ ရဲဘော် ရဲဘက်တွေအား သားသမီးရင်းခြာ မိဘ တစ်ဦးသဖွယ် ဆက်ဆံတာကြောင့် ရဲဘော်တွေဟာ ဖထီးရဲ့ ဆိုဆုံးမမှုကို တသွေမတိမ်း ကျေနပ်စွာ ခံယူခဲ့ပုံတွေ၊ ပြည်သူလူထုကို ဖထီးတို့က ပြည်သူ့အကျိုးပြု လုပ်ငန်းများ လုပ်ကိုင်ပေးတာကြောင့် ပြည်သူလူထုရဲ့ မေတ္တာကို နွေးထွေး လုံခြုံစွာ ရရှိခဲ့ပြီး ဝေါလေ ဆေးရုံတွင် တက်နေသော စစ်သည်များအား စားသောက်ဖွယ်ရာများ လာရောက်ပေးခဲ့ပုံတွေကို ကြည်နူးဖွယ်ရာ ကျွန်တော် ကိုဖိုးတရုတ်က ခံစားမိရင်း တင်ပြပေးလိုက်ရပါတယ်။

Read more

ကျွန်တော်နှင့် ဖလူးတိုက်ပွဲ - (အပိုင်း ၃)


စာဖတ် ပရိတ်သတ်များ ခင်ဗျား 


ဒီအပတ်မှာတော့ ဖထီးတို့ဟာ ဖလူး ခံစစ်စခန်းကြီးသို့ စတင် ရောက်ရှိ နေရာယူခဲ့ပုံ၊ ရန်သူမှ လက်နက်ကြီး အင်အားသုံး၍ ပြင်းထန်စွာ တိုက်ခိုက်ခံရပုံ၊ ဖထီးနှင့် ရဲဘော်များက စနစ်တကျ ခုခံတိုက်ခိုက်ခဲ့ပုံ၊ အထူး သဖြင့် ဖထီးရဲ့ မိတ်ဆွေများဖြစ်ကြတဲ့ ဂျပန်လူမျိုး Mr.Nishikawa နှင့် Mr.Lwai တို့က ဖထီးတို့နဲ့အတူ ရဲဝံ့ပြောင်မြောက်စွာ တိုက်ခိုက်ခဲ့ပုံတွေကို သိရတော့ ကျွန်တော် ကိုဖိုးတရုတ် အနေနဲ့ ဂျပန်ပြည်သူများ သိစေဖို့ ဖထီးတို့ရဲ့ ဆန္ဒအတိုင်း ယခုလို ကျွန်တော့် ၀က်ဘ်ဆိုက်ဒ်မှာ တစိတ်တဒေသ ဖော်ပြခွင့် ရတဲ့အတွက် စိတ်ကျေနပ်မှု ရရှိခဲ့ပါတော့တယ် ….

Read more

ကျွန်တော်နှင့် ဖလူးတိုက်ပွဲ - (အပိုင်း ၂)


စာဖတ်ပရိသတ်များခင်ဗျား၊

ဒီအပတ်မှာတော့ ဖထီး မန်းရော ဘဇန်ရဲ့ ဖလူးတိုက်ပွဲ အပိုင်း (၂) မှာ (ABSDF) ကျောင်းသားများကို သေဘောဘိုး စခန်းတွင် မွေးဖွားလေ့ ကျင့်ပေးခဲ့ပုံ၊ ဗမာ ကရင် မခွဲခြား ဘဲ လူမျိုးပေါင်းစုံ တိုင်းရင်းသား ညီအစ်ကို မောင်နှမများ သဖွယ် စည်းလုံးညီညွတ်စွာဆက်ဆံခဲ့ရာမှာ
ပြည်တွင်းကို ပြန်ဝင်မယ့် ကျောင်းသားများက ဖထီးအား ကန်တော့ခဲ့တဲ့ စာသားကို ဖတ်မိရတဲ့ ကျွန်တော် ကိုဖိုးတရုတ်မှာတော့ တော်လှန်ရေးအတွက် ၀မ်းနည်းဝမ်းသာ ဖြစ်မိရပါတယ်။ ဒါ့အပြင် ဂျပန် လူမျိုးနှစ်ဦးက အစားဆင်းရဲ၊ အနေဆင်းရဲ ကြမ်းတမ်းလှတဲ့ တော်လှန်ရေးဘ၀ကို ဖြတ်သန်းနေပုံတွေကို ဖတ်ရတော့ ကျွန်တော်တို့ရဲ့ တပ်မတော် ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို တမ်းတ သတိရမိပါတော့တယ် ….

Read more

ကျွန်တော်နှင့် ဖလူးတိုက်ပွဲ - (အပိုင်း ၁)


စာဖတ်ပရိသတ်များခင်ဗျား

ပင်တိုင်ဆောင်းပါးရှင် ဖထီး မန်းရော ဘဇန်က သူဖြတ်သန်း တွေ့ကြုံခဲ့ရတဲ့ ဖလူးတိုက်ပွဲ အကြောင်းကို “စည်းလုံးခြင်းရဲ့ အင်အား” ၀က်ဘ်ဆိုဒ်သို့ ပေးပို့လာပါတယ်။ ဒီဆောင်းပါးကို ဖတ်ရူကြည့်ရင် ဖထီး မန်းရောဘဇန်ဟာ စစ်ခေါင်းဆောင် တစ်ဦးရဲ့ကောင်းမွန်သော အမူအကျင့်များ ဖြစ်တဲ့ Follow me (ငါ့နောက်လိုက်ခဲ့) ပေါ်လစီအတိုင်း ရဲဝံ့စွာ တိုက်ပွဲမှာ ရှေ့တန်းမှ ဦးဆောင်နိုင်ခဲ့သူဖြစ်ကြောင်း၊ လက်တစ်ဖက်လုံး ဒဏ်ရာရ နေချိန်မှာတောင် အပြုံးမပျက်ဘဲ ၈၁ မမ စိန်ပြောင်းကြီးကို ဗုံးထည့် ပစ်ပြနိုင်သူဖြစ်ကြောင်း၊ ရဲဘော် ရဲဘက်များကိုလည်း သွေးထဲက ဖြစ်လာတဲ့သားလို သဘောထားတာကြောင့် ချစ်ကြောက်ရိုသေမှု ရရှိခဲ့သူ ဖြစ်ကြောင်း သိရှိရမှာ ဖြစ်ပါတယ်။ ဒ့ါအပြင် ဖထီးရဲ့ စည်းလုံးခြင်းရဲ့ အင်အား မည်မျှကောင်းသည်ကို သက်သေပြရရင် နိုင်ငံတကာ စံအရ စစ်ရေးစစ်ရာမှာ ထိပ်တန်းက ပါဝင်တဲ့ ဂျပန်လူမျိုး (၂) ဦးကို စည်းရုံးနိုင်ခဲ့ပြီး သင်တန်းအတူပြ၊ တိုက်ပွဲအတူဝင် ပါဝင်ခဲ့တာကို အံ့သြဖွယ်ရာ တွေ့ရှိရပါတယ်။ ဒါကြောင့် ကျွန်တော်ကိုဖိုးတရုတ် အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းခေတ်က ဂျပန်တွေကို ခေါ်ယူပြီး နယ်ချဲ့ကို တွန်းလှန်ခဲ့တာကို ပြန်ပြောင်း သတိရမိပါသေးတယ်။ ယခုလို ပေးပို့လာတဲ့ ဖထီး မန်းရောဘဇန်အား ကျွန်တော် ကိုဖိုးတရုတ်က အထူး ကျေးဇူးတင်ရှိပါကြောင်းနဲ့ စည်းလုံးခြင်းရဲ့ အင်အား ၀က်ဘ်ဆိုဒ်မှ ဂုဏ်ပြု မှတ်တမ်းတင် ဖေါ်ပြအပ်ပါတယ် ခင်ဗျား။

Read more