Fans of Mahn Robert Ba Zan

ကနေဒါနိုင်ငံ။ တိုရန်တိုမြို့တွင် ကျင်းပသည့် (၈၈) မျိုးဆက်များညီလာခံတွင် တင်သွင်းမည့် မန်းရောဘတ် ဘဇန်. တင်ပြချက်

ကနေဒါနိုင်ငံ။ တိုရန်တိုမြို့တွင် ကျင်းပသည့် (၈၈) မျိုးဆက်များညီလာခံတွင် တင်သွင်းမည့် မန်းရောဘတ် ဘဇန်. တင်ပြချက်

ဇွန်လ(၂၈) ရက်။၂၀၁၃၊
ညီလာခံ တက်ရောက်လာကြတဲ့ ပြည်တွင်း။ ပြည်ပက ရှစ်လေးလုံး ရဲဘော်-ရဲမေများခင်ဗျား-
ဒီမိုကရေးစီတိုက်ပွဲဝင် သူရဲကောင်း ရဲဘော်-ရဲမေများခင်ဗျား-
ဒီညီလာခံကိုတက်ရောက်ဘို့ ဖိတ်ကြားတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ 

ကျနော့တင်ပြချက်ကို မဆက်မှီ ရဲဘော်များနဲ့ ကျနော့ကိုယ်ကျနော် မိတ်ဆက်လိုပါတယ်၊
(၈၈)အရေးတော်ပုံ စတင်ဖြစ်ပေါ်လာပြီးနောက်ပိုင်း ကရင်ပြည်နယ်ကို ရောက်ရှိလာတဲ့ (၈၈) သူရဲကောင်းတွေ အများစု ကျနော့ကိုသိကြပါတယ်၊ (၈၈)မျိုးဆက်တွေထက် (၂၆)နှစ်သက်တန်းရင့်တဲ့ (၇)ဇူလိုင် (၆၂)ခွပ်ဒေါင်းဖြစ်ပါတယ်၊ ကိုလိုနီကဋ္ဌန်ပညာရေးစနစ်ကို ဆန်ဏ္ဍကျင်ပြီး အမျိုးသားဒီမိုကရေစီ ပညာရေးစနစ်ကို ချီတက်တိုက်ပွဲဝင်ခဲ့တဲ့ လူမျိုးစုရဲဘော်တဦးဖြစ်ပါတယ်၊ ဒီတုန်းက ကျနော် ပါဝင်ဆင်နွဲခဲ့တဲ့ (သမဂ)စစ်ကြောင်းကြီးကတော့ (ရကသ)ခေါ် ရန်ကုန်ခရိုင် ကျောင်းသားများ(သမဂ) ဖြစ်ပါတယ်၊ ကျနော်တိုဏ္ဍစစ်ကြောင်းမှူးကြီးများကတော့ (ကိုဖိုးထင်။ ကိုဥာဏ်ဝင်း) တို့ဖြစ်ကြပါတယ်၊ ကျနော်ကတော့ ဗမာ့နိုင်ငံရေးစင်မြင့်ပေါ် တက်လှမ်းစ ရဲဘော်သစ်လေးဖြစ်ပြီး (အလုံ) တိုက်နယ်။ အတွင်းရေးမှူးတာဝန် ပေးအပ်ခြင်းခံရပါတယ်၊ ကျနော်ဟာ (ခွပ်ဒေါင်း)ဖြစ်တယ်၊ (၆၂)ခုနှစ်ခွပ်ဒေါင်းဖြစ်တယ်၊ ဝါရင့် (ခွပ်ဒေါင်း)ဖြစ်တယ်၊ (ခွပ်ဒေါင်း)အိုကြီးဖြစ်တယ်လို့ မိတ်ဆက်လိုက်ရပါတယ်၊ 

ဒီညီလာခံမှာ ရဲဘော်တွေနဲ့ အမြင်ခြင်း ဖလှယ်ပြီး တူညီတဲ့(ဘုံ)လုပ်ငန်းစဉ်များ ချမှတ်နိုင်ဘို့ ကျနော်နဲ့ ကျနော်တို့ (ကရင်ကွန်မြူနီတီ မီနီဆိုးတား) (KCM)ရဲ့ သဘောထားကို တင်ပြပါ့မယ်၊ စစ်အာဏာရှင်စနစ်အမြစ်တွယ်ပြီး စစ်ကဋ္ဌန်စနစ်ရှင်သန်နေတဲ့ ကျနော်တို့နိုင်ငံမှာ ငြိမ်းချမ်း သာယာဝပြောတဲ့ စစ်မှန်တဲ့ (ဒီမိုကရေစီ)နိုင်ငံတော်သစ်ကို ချီတက်မယ်ဆိုရင်-

၁၊ တနိုင်ငံလုံးအထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ပေးရမယ်၊
၂၊ တနိုင်ငံလုံး လုံးဝအပစ်အခတ် ရပ်စဲရမယ်၊
၃၊ ၂၀ဝ၈ (နာဂစ်) ဖွဲဏ္ဍစည်းပုံအခြေခံစည်းမျည်းဥပဒေ တစုံလုံးဖျက်သိမ်းပြီး အသစ်ထပ်မံ ရေးဆွဲရမယ်၊
၎၊ လွတ်လပ်ပြီး တရားမျှတတဲ့ နိုင်ငံတကာရွေးကောက်ပွဲကြီးကြပ်ရေးကော်မရှင် ရှေ့မှောက်မှာ ပြည်လုံးကျွတ် ရွေးကောက်ပွဲ ကျင်းပရမယ်၊
၅၊ ရွေးကောက်ခံ ပြည်သူဏ္ဍကိုယ်စာလည်များနဲ့ (လွှတ်တ်တော်)ခေါ်ယူရမယ်၊
၆၊ ထိုလွှတ်တော်မှ ဖွဲဏ္ဍစည်းပုံအခြေခံစည်းမျည်းဥပဒေသစ် ရေးဆွဲရမယ်၊

ဖွဲ့စည်းပုံအခြေခံစည်းမျည်းဉပဒေသစ်တွင်-

၁။ ဒီမိုကရေစီစံချိန်စံညွန်းများနှင့်အညီ လွှတ်တော်တွင် ပြည်သူလူထုက ရွေးကောက်ထားသည့် လွှတ်တော်အမတ် များဖြင့်သာ လွှတ်တော်ကို ဖွဲ့စည်းရမည်။
၂။ နိုင်ငံတော် လုံခြုံရေးနှင့်ကာကွယ်ရေးအတွက် ပြည်နယ်ပေါင်းစု ဖယ်ဒရယ်ပြည်ထောင်စု တပ်မတော်တရပ် ဖွဲ့စည်း ရမည်။ ထိုတပ်မတော်သည် ပြည်နယ်အစိုးရမှ အချိုးကျစေလွတ်သော ပြည်နယ်တပ်မတော်များဖြင့် ဖွဲ့စည်းပြီး ပြည်နယ်ပေါင်းစု ဖယ်ဒရယ်ပြည်ထောင်စုအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာနအောက်တွင် ထားရှိရမည်။
၃။ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌန်းခွင့်ကိုအခြေခံသည့် ပြည်နယ်ပေါင်းစု ဖယ်ဒရယ်ပြည်ထောင်စုအစိုးရမျိုး ဖွဲ့စည်း ရမည်။
၎။ သက်ဆိုင်ရာပြည်နယ်(သမ္မတ) သို့မဟုတ် (ဝန်ကြီးချုပ်)အား သက်ဆိုင်ရာပြည်နယ် လွှတ်တော်ကိုယ်စားလည် များဖြင့် ဖွဲ့စည်းထားသောပြည်နယ်အစိုးရမှ စိတ်ကြိုက်ရွေးသော(သမ္မတ)နှင့် (ဝန်ကြီးချုပ်)သာဖြစ်ရမည်။
၅။ သက်ဆိုင်ရာ ပြည်နယ်ပေါင်းစု ဖယ်ဒရယ်ပြည်ထောင်စုဝင် ပြည်နယ်များတွင် ဉပဒေပြုခွင့်၊ အုပ်ချုပ်ခွင့်နှင့် တရား စီရင်ပိုင်ခွင့် ရှိရမည်။
၆။ သက်ဆိုင်ရာ ပြည်နယ်များမှ ထွက်ရှိသောမြေပေါ်၊ မြေအောက်၊ ရေအောက် သယံဇာတ၊ ရတနာပစ္စည်းများကို သက်ဆိုင်ရာပြည်နယ်များမှ အပြည့်အဝ၊ အလုံအလောက်သုံးစွဲခွင့် ရှိရမည်။
ရ။ သက်ဆိုင်ရာပြည်နယ်များသည် မိမိအမျိုးသားဆိုင်ရာ စာပေ၊ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ထုံးတမ်းများကို လွတ် လပ်စွာ သင်ကြားကျင့်သုံးခွင့် ရှိရမည်။
ဂ။ သက်ဆိုင်ရာပြည်နယ်များသည် နိုင်ငံရေး၊ စီးပွားရေးများကို လွတ်လပ်စွာလုပ်ပိုင်ခွင့် ရှိရမည်။
ပြည်နယ်ပေါင်းစု ဖယ်ဒရယ် ပြည်ထောင်စုတဝန်း၌-
၁။ ဒီမိုကရေစီအပြည့်အဝ ရှိရမည်။ လူ့အခွင့်အရေး အပြည့်အဝ ရှိရမည်။
၂။ တရားဉပဒေစိုးမိုးမှု အပြည့်အဝ ရှိရမည်။
၃။ တရားလက်လွတ်ထုတ်ပြန်ထားသော အမိန့်အားလုံး ဖျက်သိမ်းပြစ်ရမည်။
၎။ ကျောင်းသားသမဂ္ဂများ၊ အလုပ်သမား၊ လယ်သမား၊ လူထုလူတန်းစားအသီးသီး၏ အသင်းအဖွဲ့များ လွတ်လပ် စွာ ဖွဲ့စည်းခွင့် ရှိရမည်။
၅။ လယ်သမားများထံမှ အဓမ္မသိမ်းထားသော လယ်၊ ယာ၊ ခြံ၊ မြေများ အမြန်ဆုံးပိုင်ရှင်များထံ ပြန်ပေးရမည်။
၆။ စစ်အုပ်စုအဆက်ဆက်မှ မတရားအဓမ္မ ရယူ၊ ခိုးဝှက်၊ တိုက်ယူထားသော ပြည်သူ့ဘဏ္ဍာများအား လူမျိုးစုံပြည် သူများကို ရှင်းလင်းတင်ပြပြီး ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းပိုက်ရမည်။
ရ။ သက်ရှိနှင့် သေဆုံးသွားသူ စစ်ဗိုလ်ချုပ်များ၏ အရပ်ရပ်ငွေစာရင်းရှင်းတမ်းများကို လူမျိုးစုံ ပြည်သူလူထုကို တင်ပြ ပေးရမည်။
၈။ မဆလ၊ နဝတ၊ နအဖ နှင့် စစ်အုပ်ချုပ်ရေးကာလအဆက်ဆက် ကျူးလွန်ခဲ့သော ရာဇဝတ်မှုများကို ဖေါ်ထုတ် အပစ်ပေး၊ အရေးယူသွားရမည်။

ပြည်တွင်း-ပြည်ပရှိ ရှစ်လေးလုံးရဲဘော်-ရဲမေများခင်ဗျား-
ဒီမိုကရေစိတိုက်ပွဲဝင် သူရဲကောင်းရဲဘော်-ရဲမေများခင်ဗျား-
ကျနော်တို့ဖြစ်ချင်တာတွေ၊ လုပ်ချင်တာတွေ တသီကြီး တင်ပြသွားပြီး ဖြစ်ပါတယ်။

ဒီနေ့ လက်ရှိ ကြံ့ဖွပ်-သိန်းစိန် စစ်အုပ်စုဟာ အင်မတန် ပါးနပ်၊ လိမ်မာ၊ ရက်စက်တဲ့ ဒီမိုကရေစီရောင်ပြ၊ လူသေအပုတ်ကောင်ကို သေနပ်ခါး လိမ်းပေးတဲ့ စစ်အုပ်စုဖြစ်တယ်ဆိုတာ ရဲဘော်-ရဲမေတိုင်း သိကြတယ်။ ကြံ့ဖွပ်-သိန်းစိန်စစ်အုပ်စုဟာ လူမျိုးစုံပြည်သူ တရပ်လုံးကို လိမ်ညာ လှည့်ပတ်နေသလို ကြည်း၊ ရေ၊ လေ၊ ပြည်သူ့ရဲတပ်ဖွဲ့တွေက အဆင့်ဆင့်ဆိုင်ရာ အရာရှိ ၊အရာခံ၊ အကြပ်၊ စစ်သည်တွေကို လိမ်နေတယ်၊ လှည့်ပတ်နေတယ်။ စစ်သည်တွေကို အသုံးချပြီး စစ်အာဏာရှင်စနစ်ကို ကာကွယ်နေတယ်။ ဆယ်စုနှစ်များစွာ က ခိုးဝှက်လုယက်ထားတဲ့ ဒေါ်လာသန်းထောင်ပေါင်း များစွာတန်တဲ့ ပြည်သူ့ရတနာတွေကို ရာသက်ပန် စားသုံးနိုင်ဘို့ သိန်းစိန်နဲ့ မိုက်ဖေါ်ဆိုးဘက် တသိုက်ကို (စစ်တပ်၊ လွှတ်တော်နဲ့ အစိုးရ)ဆိုတဲ့ ဒေါင့်သုံးတိုင်နဲ့ တိုင်ထူထားတယ်၊ လူမျိုးစုံပြည် သူတွေကို ရာသက်ပန် ကျွန်ပြုနိုင်ဘို့ ပြည်တွင်း-ပြည်ပက နိုင်ငံတော်သစ္စာဖေါက်တွေနဲ့ ဟန်ချက်ညီ လုပ်ဆောင်နေကြတယ်။

ဒီလိုအခြေအနေမှာ ကျနော်တို့-
လူမျိုးစုံ ပြည်သူများအတွင်းရှိ ကျောင်းသား၊ လူငယ်၊ အမျိုးသမီး၊ လယ်သမား၊ အလုပ်သမား၊ ဘာသာစုံ ရဟန်း သံဃာတော်များ၊ အဖိနှိပ်ခံ ကြည်း၊ ရေ၊ လေ၊ ပြည်သူ့ရဲ တပ်ဖွဲ့ဝင်များ၊ လူထုလူတန်းစား အလွှာအသီးသီးပါဝင်တဲ့ (လူမျိုးစုံ ပြည်သူ့တပ်ပေါင်းစု)ကြီးကို အမြန်ဆုံးဖွဲ့စည်းပြီး တိုက်ပွဲပုံစံမျိုးစုံ ဆင်နွဲသွားကြမယ်---လို့ တင်ပြပါတယ်။

ရှစ်လေးလုံး ရဲဘော် -ရဲမေအပေါင်းနဲ့ ဒီမိုကရေစီတိုက်ပွဲဝင် သူရဲကောင်းအပေါင်း ကျမ္မာကြပြီး မပြီးဆုံးသေးတဲ့ အမျိုးသားလွတ်မြောက်ရေးနဲ့ ဒီမိုကရေစီရေးတိုက်ပွဲကို ဆုံးခန်းတိုင်ဆင်နွဲနိုင်ကြပါစေလို့--ဆုတောင်းလိုက်ပါတယ်။ ကျေးဇူး တင်ပါတယ်ခင်ဗျား--


499 Wacouta St, Saint Paul, MN – 55101, Phone. (651) 500-2102, Email : <sawkcm@yahoo.com>

0 comments:

Post a Comment