Fans of Mahn Robert Ba Zan

(KKO) နှင့် (DKBA) တို့မှပေးပို့သော ဝမ်းနည်းကြောင်းသဝဏ်လွှာ





Klo Htoo Baw Karen Organization
"We shall retain our arms" "Dignity, Value and Identity"
 






 arv(15)&uf/ 2012

ကလိုထူးဘောကရင်အစည်းအရုံး (KKO) နှင့် ဒီမိုကရေစီကျိုးပြုကရင့်တပ်မတော် (DKBA) တို့မှပေးပို့သော ဝမ်းနည်းကြောင်းသဝဏ်လွှာ။


သူရဲကောင်းကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) မှ (GSO-2) ဗိုလ်မှူးကြီး စောမိုးဖြူ ရုတ်တရက် ကွယ်လွန်သွားကြောင်း ကြားသိရသဖြင့် ဝမ်းနည်း၍ နမြောတသ ဖြစ်ရသလို
အပစ်အခတ်ရပ်စဲရေး   ဒုတိယအကြိမ်ကိုယ်စားလည်အဖွဲ့ဝင်တဉီး မိမိဌာနချုပ်သို့ပြန်ရောက်ပြီးမကြာမှီရုတ်
တရက်ကွယ်လွန်သွားကြောင်းသိရသဖြင့် များစွာအံ့သြ တုန်လှုပ်မိပါသည်။

ဗိုလ်မှူးကြီးစောမိုးဖြူသည် ကရင်အမျိုးသားလွတ်မြောက်ရေး၊ ကရင်ပြည်အကောင် အထည်ဖေါ်ရေးအတွက်   ကရင့်တော်လှန်ရေးအပေါ် သစ္စာရှိစွာဖြင့် ၄င်း၊ကရင်အမျိုးသားခေါင်းဆောင်ကြီး   စောဘ ဉီးကြီး၏ တော်လှန်သောသစ္စာတရား (၄)ပါး (ဝါ) မူ (၄)ချက်ကိုခိုင်မြဲစွာဆုတ်ကိုင်ရင်း လမ်းခုလတ်၌ ကွယ်လွန် သွားသဖြင့် ကရင်တမျိုးသားလုံးနှင့် ကရင်အမျိုးသားလွတ်မြောက်ရေး လက်နက်ကိုင် တပ်ပေါင်းစုံအတွက် ဆုံးရှုံးမှုကြီးတခုဖြစ်သည်။

မိမိတို့သည် ဗိုလ်မှူးကြီးစောမိုးဖြူ၏ ကရင်အမျိုးသားလွတ်မြောက်ရေး၊ ကရင်ပြည်အကောင်
အထည်ဖေါ်ရေးအတွက် ကရင့်တော်လှန်ရေးအပေါ်သစ္စာရှိစွာဖြင့်၎င်း၊ ကရင်အမျိုးသား   ခေါင်းဆောင်ကြီးစောဘဉီးကြီး၏တော်လှန်သောသစ္စာတရား (၄) ပါး (ဝါ) မူ (၄) ချက်ကိုခိုင်မြဲစွာဆုတ်ကိုင်၍ကရင်ပြည်နှင့် ကရင့်လွတ် လပ်ရေးရတဲ့အထိတိုက်ပွဲဝင်သကဲ့သို့ ကရင်တမျိုးသားလုံးနှင့်၎င်း၊ ဘဝတူတိုင်းရင်းသားလူမျိုးစုံများနှင့်၎င်း၊ဘဝ တူတပြည်လုံးရှိ အဖိနှိပ်ခံပြည်သူတရပ်လုံးနှင့် ခိုင်မာစွာလက်တွဲ၍ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်သည်။

စစ်အာဏာရှင်စနစ်အဆုံးသတ်ရေး၊ စစ်ဗိုလ်တမတ်သား ပါလီမန်အဆုံးသတ်ရေး၊ ၂၀ဝ၈ဖွဲ့စည်းပုံစည်း
မျည်းဉပဒေပါယ်ဖျက်ရေး တို့အတွက် ဆက်လက်တိုက်ပွဲဝင်သွားပြီး စစ်မှန်တဲ့ ဒီမိုကရက်တစ် ပြည်နယ်ပေါင်းစု ဖယ်ဒရယ်ပြည်ထောင်စုထူထောင်ရေးအတွက်ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ခိုင်မာစွာသစ္စာပြသည်။


ဗိုလ်မှူးကြီးစောမိုးဖြူ ကောင်းရာသူဂတိဘုံ၌ စံမြန်းနိုင်ပါစေ။

ဗဟိုအလုပ်အမှုဆောင်ကော်မီတီ
ကလိုထူးဘောကရင်အစည်းအရုံး (KKO)
စစ်ဉီးစီဌာနချုပ်၊
ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)

0 comments:

Post a Comment