Fans of Mahn Robert Ba Zan

ကရင်လက်နက်ကိုင် တပ်ပေါင်းစုံမှ ရဲဘော်များသို့ - အပိုင်း (၄)

(၃)။ ဥပါယဗျူဟာ (ဥပါယ်စစ်)
“တသွယ်မှာလည်း၊ ယုံရာလှည့်ပတ်၊ ယုံမှတ်စယောင်၊ ယုံအောင်နားသွင်း၊ ယုံခင်းသွယ်ဝယ်၊ ယုံစဖွယ်တိ၊ ဥပါယ်တမျဉ်၊ စဉ်းလဲယှဉ်လျက်၊ စီစဉ်လှည့်ဖြား၊ ပျက်မုသားဖြင့်၊ စကားယွင်းခွ၊ ရွက်ဆောင်-ကမူ၊ ဥပါယဗျူဟာ၊သမိုက်ရာ၏၊ တပ်တာကျယ်ဝင်း၊ မှတ်ပုံအင်းကို၊ ခင်းကျင်းပြလို၊ ပမာဆိုသော်၊ တိမ်ညိုတိမ်လိပ်၊ ကောင်းကင်ထိပ်ဝယ်၊ လင်းရိပ်ရောင်ထင်၊ ကြည့်လိုက်မြင်သည်၊ လတွင်ယုန်ရုပ်ကွင်းကွင်းတည်း” “မဟုတ်သော်လည်း၊ ဟုတ်စလိလိ၊ ယုံဘွယ်ရှိအောင်၊ သွယ်သွယ်ဝိုက်ဝိုက်၊ ရှေ့သိမ်းနောက်ဝိုက်၊ နာထိုက်နာဟန်၊ ချေငံသာယာစွာ၊ ပြေပြေပြစ်ပြစ်၊ မချစ်သော်လည်း အောင့်ခါနမ်းသကဲ့သို့၊ ဝေဝုစ်ပရိယာယ်ဥပါယ် တမျဉ်ယှဉ်သော အမူအရာဖြင့် ရန်ကိုအောင်မြင်စေသည်” အထက်ဖေါ်ပြပါ မိုင်းခိုင်းမြို့စားမင်း၏ အဖွင့်နှင့်ပင် အဓိပ္ပါယ်ရှင်းလင်းပြီး ဖြစ်ပါသည်။ မိမိအင်အားသေးငယ်သည်ဖြစ်၍ မိမိထက်အင်အားကြီးသော ရန်သူကို ဥပါယ်တမျဉ် လှည့်စားခြင်းဖြင့် မိမိလိုရာ အောင်မြင်နိုင်ပေသည်။

ဥပမာ စပိန်နိုင်ငံကို ကြည့်လျင် ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း ဝင်ရိုးတန်း နိုင်ငံများနှင့် မဟာမိတ်ပြုခဲ့သော်လည်း မိမိနိုင်ငံ စစ်ထဲမပါရအောင် ကြံဆောင်နိုင်ခဲ့သည်မှာ ဤစစ်မဟာဗျူဟာပင် ဖြစ်ပေသည်။ ထို့အတူ ယိုးဒယားနိုင်ငံသည်လည်း နယ်ချဲ့အင်္ဂလိပ်နှင့် ပြင်သစ်တို့ကြားတွင် မိမိနိုင်ငံ၏ လွတ်လပ်ရေး ရပ်တည်မှုအတွက် ဤစစ်မဟာဗျူဟာကိုပင် လက်တွေ့ကျင့်သုံး အောင်မြင်ခဲ့သည်ကို တွေ့နိုင်ပါသည်။ ပါကစ္စတန်နိုင်ငံသည် အမေရိကန်နိုင်ငံ၏ တာလီဘန်အဖွဲ့အား ထောက်ခံ အားပေးခဲ့စဉ်က ပါဝင်ကူညီခဲ့သလို ၉/၂၀၁၁ ကုန်သွယ်မှုအဆောက်အဦးကို တိုက်ခိုက်ခဲ့သဖြင့် တာလီဘန်နှင့် အိုစမာဘင်လာဒင်တို့အား အမေရိကန်နိုင်ငံက ချေမှုန်းခဲ့ရာတွင် ပါကစ္စတန်နိုင်ငံ၏ ကိုယ်ကျိုးစီးပွားအတွက် တက်တက်ကြွကြွ တာလီဘန်အား တိုက်ခိုက် ပေးခဲ့ပြန်သည်။ တဖန် ပါကစ္စတန်နိုင်ငံ၏ လုံခြုံရေးအတွက် အိုစမာဘင်လာဒင်အား အတွင်းစည်းထဲတွင် လျှို့ဝှက်စွာ ခိုလှုံခွင့် ပေးခဲ့ပါသည်။ ထိုဖြစ်စဉ်တွေကိုကြည့်လျှင် ပါကစ္စတန် နိုင်ငံသည် ရန်သူပြိုင်ဘက် နိုင်ငံများ ဖြစ်သည့် အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အား ယှဉ်ပြိုင်ရာမှာ အမေရိကန်နိုင်ငံကို ခုတုံးလုပ် အသုံးချသွားခြင်းဖြစ်သည်။

ယခုခေတ်တွင်လည်း အချို့နိုင်ငံများသည် ဝါဒချင်းမတူသော်လည်း မချစ်သော်လည်း အောင့်ကာနမ်း မဟာမိတ်ပြုလျက်ရှိသည်ကို အထင်အရှား တွေ့နိုင်ပါသည်။ ဤစစ်မဟာဗျူဟာသည် အမြင့်ဆုံး အာဏာပိုင်အဖွဲ့တွင် ကျင့်သုံးရန်သာမဟုတ်၊ အောက်ခြေရှိ တပ်များတွင်လည်း လက်တွေ့ ကျင့်သုံးရသဖြင့် စစ်နည်းဗျူဟာတရပ် အနေဖြင့်လည်း သတ်မှတ်နိုင်ပါသည်။ စစ်တို့၏ မဟာဗျူဟာ သဘောသည် မိမိတပ်တည်ရာ၊ အင်အား၊ မိမိ၏အစီအမံကို ရန်သူမှ မသိရှိမှသာလျှင် အောင်နိုင်မည်ဖြစ်ရာ (ဥပါယဗျူဟာ) သည် စစ်အောင်နိုင်ရေးအတွက် အဓိကအခန်းမှ ပါဝင်လျှက်ရှိပါသည်။ သို့ကြောင့်ပင် (ဝိဂ္ဂဟကဏ္ဍ) စစ်တိုက်ခန်းတွင်လည်း အောက်ပါအတိုင်း ပါရှိခဲ့ခြင်း ဖြစ်ပါသည်။

“ဟံသေဟိ သဟမောရာနံ၊

ဝိဂၢေဟတုလ် ဝိကၠေမ။

ဝိသာသ်ွ ဝိတာ ဟံသာ၊

ကာကေဟိ အရိမန္ဒိရေ။

“ဟံသေဟိ၊ရေနိုက်ကျက်စား ငှက်များသေဋ္ဌ်နင်း ဟင်္သာမင်းတို့နှင့်။ ဥဟ၊ တကွ။ မောရာနံ၊ ကုန်းကြည်းပျော်ပါး ငှက်များသေဋ္ဌ်နင်း ဥဒေါင်းမင်းတို့။ တုလျဝိက္ကမေ၊ စစ်သည်အင်အားလက်နက်များ နှင့် စွမ်းပကားသတ္တိ တူမျှခြင်းရှိကြသော။ ဝိဂ္ဂဟေ၊ အန်တုဘက်ပြိုင် ရင်ဆိုင်တိုက်ခိုက်ကြရာနှိုက်။ ကာကေဟိ၊ မာယာဥာဏ်လောင်း ကျီးအပေါင်းတို့သည်။ အရိမန္ဒိရေ၊ ရန်သူတို့၏နေရာ ဂေဟာစခန်းနှိုက်။ ဌတွာ၊ တည်၍။ ဝိသာသျ၊ မိတ်ရင်းပမာ၊ သေချာပေါင်းသင်း အယုံသွင်းပြီး။ ဟံသာ၊ အကဲမသိ၊ အရိပ်မိသဖြင့် သတိကင်းစွာ ရွှေဟင်္သာတို့ကို။ ၀ါတာ၊ ညစ်ညဏ်စုပေါင်း မာယာလောင်းလျက် ဖြားယောင်းလှည့်ပတ်ခဲ့ဘူးလေပြီး” ဤကဲ့သို့ လှည့်စားမှုဖြင့် ရာဇာဓိရာဇ်နှင့် မင်းရဲကျော်စွာစစ်ပွဲတွင် သူရဲကောင်း “အဲမွန်တရာ”သည် မိမိတို့တပ်သားကိုပင်ခုတ်သတ်လျှက် မင်းရဲကျော်စွာကို အယုံသွင်း၍ လှည့်ပတ်အောင်မြင်ခဲ့ကြောင်း တွေ့နိုင်ပါသည်။ ၄င်းပြင် ပုဂံခေတ်ကလည်း ငရမာန်ကန်းသည် အောင်မြေကို သိသည်ဖြစ်ပြီး အသုံးချကာ လည့်စားမှုယူလျက် ဆောင်ရွက်အောင်မြင်ခဲ့ကြောင်းကို တွင်းသင်းမြန်မာရာဇဝင်သစ် စာမျက်နှာ (၉၈၊၉၉)တွင် အောက်ပါအတိုင်းလာရှိပါသည်။

“ငရမာန်စစ်ချီလာကြောင်းကိုကြားလျှင်၊ ကျန်စစ်သားအား စားမြဲသော ကျေးရွာစည်းစိမ်ကို နင်း၍၊ ကျန်စစ်သားတပ်ဖျား၊ စောလူးမင်း တပ်မပြု၍ချိလေ၏ ကျန်စစ်သားလည်း စစ်ခင်းကောင်းရာမှာမှ တိုက်မည်၊ ဆန်လှာစေ ဟုတပ်ချ၍နေ၏။ ကျန်စစ်သားသည် စစ်ရေး၌ ကျွမ်းကျင်လှသည်။ ခက်ခဲရာမှ ခံမှသင့်မည်ဟု ပြည်တော်သာကျွန်း ရွှံ့စေးထူထပ်ရာတွင် ဆင်ရုပ်ပြုပြီးသော် ပေါင်းဝန်းကြိုးကဆင်၍ ညလရောင်ဝိုးဝါးတွင် စစ်ရေးငင်လှာသည်ကို မင်းစောလူးကား ကျန်စစ်သားစကားကို မနာယူဘဲ စစ်အဂါင်္ကျင်းပပြီးလျှင် သမြင်စွာဆင်တော်ကိုစီး၍ အပြင်းတိုက်လေသည်။ ဆင်တော် ရွှံ့စေးထူထပ်သည်နှင့် စစ်ကြီးပျက်လေသည်”

ဆောင်းပါးရှင် - မန်းရောဘတ် ဘဇန်

0 comments:

Post a Comment