Fans of Mahn Robert Ba Zan

ကရင်လက်နက်ကိုင် တပ်ပေါင်းစုံမှ ရဲဘော်များသို့ - အပိုင်း (၆)

(၅)။ သုဝ ဗျူဟာ (ကျေးသားစစ်)

“မြိုင်သာရိပ်ခို၊ ရွှေကျေးညိုတို့၊ လူလိုလျောက်ပတ်၊ သင်လျှင်တတ်၍၊ လူ့ဇာတ်ပျော်ရွှင်၊ အကျုံးဝင်သို့၊ ထိုတွင်ဖေါက်ပြန်၊ တဖက်ရန်ကို၊ ကျမ်းဂန်နှီးနွယ်၊ ပရိယာယ်ဖြင့်၊ လှယ်ပယ်ပြသ၊ စစ်ဆင်ကြသည်၊ (သုဝ ဗျူဟာ၊ ရှေးထုံးလာ၏” (တိရစ္ဆာန်ဖြစ်သော ကျေးသားကို စကားသင်၍ လူ့ဇာတ်ကို ဝင်စေသကဲ့သို့၊ ဝတ္တုကျမ်းဂန် သက်ကန်သက်သေ၊ ဥပဒေကျကျ ထုံးစံပြသဖြင့်၊ သူကစစ်သည် အတည်တည်ကို မြေလည်စေမှု ငြိမ်းအောင်ပြုသည်)



“သဘောအားဖြင့်ကား ကျေးသား(မဟောသဓာ၏ ကျေးသား)သည်စကားတတ်သဖြင့် လိုရာကို ပြီးအောင် ဆောင်ရွက်နိုင်သကဲ့သို့ သံတမန်တို့သည်လည်း စကားအရာ ကျွမ်းကျင်လိမ္မာသည်ဖြစ်၍ မိမိနိုင်ငံ၏ လိုရာကို အောင်မြင်အောင်ပြောဆိုစေနိုင်၍ သံတမန်နည်းဖြင့် အသုံးပြုသော စစ်မဟာဗျူဟာပင် ဖြစ်ပေသည်။ ယခုခေတ်တွင်လည်း သံတမန်တို့သည် အရေးပါသောအခန်းမှပင် ရှိနေသည်ကို တွေ့နိုင်ပါသည်။ (သံတမန်တို့၏ကျင့်ဝတ်များကို စစ်ဖြစ်ရခြင်း အကြောင်းရင်းများ အခန်းတွင် ဖေါ်ပြခဲ့ပြီး ဖြစ်ပါသည်”


(၆)။ မေဃ ဗျူဟာ (မိုးစစ်)
“အဝါဖိတ်စီး၊ ညီးရညီးတည့်၊ လောင်မီးတက်ပျံ၊ အရှိန်လျှံမျှ၊ အသံဖြိုးဖြိုး၊ ဆင့်ကတိုးလျှင်၊ မိုးကြိုးပြင်းဟုန်၊ သိမ့်သိမ့်တုန်၍၊ ပဇ္ဇုန်တုလွတ်၊ မိန်ညိုဝတ်လျက်၊ ခေါင်ထွတ်ခေါင်ချာ၊ ပြင်းအာဏာဖြင့်၊ တိမ်ဝါပတ်ကုံး၊ တမိုးလုံးကို၊ ပိတ်ဖုံးလှည့်ကာ၊ စုရုံးလာသို့၊ ညီညာယှက်တင်၊ ဗိုလ်ဝန်းကျင်နှင့်၊ မြေပြင်တင်းကျမ်း၊ ညိတ်ညိတ်မွမ်းအောင်၊ အားရမ်းရွှင်ပျ၊ တိုက်လံကြသည်၊ (မေဃ ဗျူဟာ) ထင်ရှားစွာ၏၊ သုံးဖြာရုံးစည်း၊ စစ်ဆင်နည်းတိ၊ ကမ္ပည်းသေချာ၊ ဤအရာကို၊ တပ်တာပုံစံ၊ ခင်းခင်းတည်း” “မိုးကြိုးလောင်မီး၊ ညီးညီးရောင်ရှိန်၊ တထိန်ထိန်လျှင်၊ ဝရဇိန်တက်ပျံ၊ အလျှ့ရိုးရဲ၊ လျှပ်ပန်း ကြဲလျက်၊ တခဲနက်သောအသံတို့ဖြင့်၊ ကောင်းကင်အလုံး၊ ပိတ်ဖုံးရီမှုန်၊ အမ္ဗုန္မရာ၊ မိုးကြိုးရွာ သကဲ့သို့၊ တညီတညာ၊ ဗိုလ်ပါဆင်မြင်း၊ တပ်တာကျင်းလျက်၊ ချင်းချင်းနင်းနင်း၊ မကြွင်းမကျန်၊ သူ၏ရန်ကို၊ တွန်းပယ်ဖျက် ဖြိုဖျက်အောင်မြင်သည်”

(တပ်အင်အားကို သွန်၍သုံးစွဲရသော သဘောပင်ဖြစ်သည်။ ပြည်သူ့တရုပ်တပ်နီတော်သည် ဤစစ်နည်းဗျူဟာကို အများဆုံး အသုံးပြုခဲ့ပေသည်။ ကိုရီးယားစစ်ပွဲတွင် ဤသို့ပင်အသုံးပြု အောင်နိုင်ခဲ့ပေသည်။ ဗိုလ်ငုယင်ဂီယက်ဦးစီးသော ဗီယက်မင်း တပ်မတော်သည်လည်း ဒိန်ဘင်ဖူးတိုက်ပွဲ၌ ဤနည်းကို အသုံးပြုလျှက် အဆုံးအဖြတ်ပေး စစ်ပွဲကို အောင်မြင်ပြီး ဗီယက်နမ် ဒီမိုကရေက်တစ် သမ္မတနိုင်ငံ၏ လွတ်လပ်ရေးကို ဆွတ်ယူနိုင်ခဲ့ခြင်း ဖြစ်ပါသည်။ ဒုတိယ ကမ္ဘာစစ်အတွင်းက မဟာမိတ်တို့ ပြင်သစ်နော်မန်ဒီကမ်းခြေတက် စစ်ပွဲတွင် ကျင့်သုံးသွားသည် မှာလည်း ဤစစ်မဟာဗျူဟာ သဘောမျိုးပင် ဖြစ်ပါသည်)

(ရ)။ ပတ္တ ဗျူဟာ (သူလျှိုစစ်)

“ရိပ်ခြည်မထင်၊ မမြင်ရအောင်၊ လူသူ့ဘောင်ဝာ်၊ ရောယောင်ရောသင့်၊ ရောခွင့်ရောလို၊ ကပ်မြောင်ခို၍၊ သူလျှိုကင်းစမ်း၊ အရိပ်ဖမ်းလျက်၊ ကြောင်းလမ်းပြီးမှ၊ တိုက်ယူရမူ၊ (ပတ္တ ဗျူဟာ) ဤအရာလည်း၊ စစ်မှာစီရင်၊တပွဲဝင်၏” (ရိပ်ခြည်စန၊ မထင်ရအောင်၊ တို့ကသူလျှို၊ သူ့တပ်ခို၍၊ အတိုအရှည်၊ ကြံစည်သမျှ၊ သိပြီးမှလျှင်၊ လုံ့လကြိုးကုတ်၊ အားအန်ထုတ်၍၊ ပယ်နုတ်ရန်သူ၊ အောင်ရေးကို ယူရမည်) သိစေပြီးမှ တိုက်ရမည်ဖြစ်ပါသည်။

သို့ဖြစ်၍ ယခုခေတ် ထောက်လှမ်းရေး ပဥမံတပ်သားများစေလွတ်၍ ကျင့်ဆောင်ကြ သည်မှာလည်း ဤစစ်မဟာဗျူဟာ သဘောပင်ဖြစ်ပါသည်။ သတင်းစုံစွာရယူပြီးမှသာ စစ်ရေးငင်ကြရန် ဖြစ်ပါသည်။ အတတ်ပညာ နည်းပညာ သိပ္ပံပညာများ မည်မျှပင် တိုးတက်ထွန်းကားစေကာမူ လူလူချင်း ပူးသတ်ပါက မခံနိုင်သည့် ဖြစ်စဉ်များ ရှိခဲ့ပါသည်။ အမေရိကန်နိုင်ငံသည် တရုတ်နိုင်ငံထက် အစစအရာရာ သာလွန်နေသော်လည်း တရုတ်နွယ်ဖွား အမေရိကန်လူမျိုးတစ်ဦး၏ သစ္စာဖောက်မှုကြောင့် အမေရိကန်နိုင်ငံ၏ လျှို့ဝှက်ထားသော အိုင်တီနည်းပညာ အပါအ၀င် အဆင့်မြင့်နျူကလီးယား နည်းပညာရပ်များ ခိုးယူခြင်း ခံရကြောင်း တွေ့ရှိရပါသည်။

တောတွင်းတနေရာမှ ဖထီး မန်းရောဘတ် ဘဇန် လက်ညှိးထိုး ရှင်းပြနေပုံ

(၈)။ ဝိဒ္ဒဗျူဟာ (ဆင်ခြင်စစ်)
“ယင်းလျှင်ရန်သူ၊ ဖြစ်သည်ဟူ၍၊ တွေးယူမရှိ၊ ပကတိပင်၊ မသိလိုက်သာ၊ ရှိစဉ်ခါဝယ်၊ ထွေရာနှောက်ယှက်၊ ရုတ်တရက်လျှင်၊ အသက်ယွင်းယို ၊ ရှိစေလို၍၊ ဥရှိုတင်ကဲ၊ စဉ်းလဲစဉ်းစား၊ စစ်ဆင်ရာကို၊ စဉ်လာနည်းကျ၊ ဆိုပြသသည်၊ ဝိဒ္ဒဗျူဟာ၊ ဝါသနာကြောင့် ကိုယ်ပါစိတ်ရွှင်၊ တပွဲဝင်၏”

(ဤသည် ရန်သူဟုအတတ်မသိ၊ ထက်ဝိုးဝါး ယုံမှားသင်္ကာ ရှိစဉ်ခါဝယ်၊စဉ်းစားစဉ်းလဲ နှိက်နဲဗဝဘန် တပါးရန်ကို ဥာဏ်ဖြင့်ဆင်ခြင်၍ စစ်ဆင်သည်)
အဓိပ္ပာယ်မှာ- ရန်သူ မိတ်ဆွေဟုအတတ်မပြောနိုင်သောအခါ သတိမလစ်ဟင်းစေဘဲ ဥာဏ်ဖြင့် ဆင်ခြင်စဉ်းစားပြီး ဆောင်ရွက်သော စစ်မဟာဗျူဟာပင် ဖြစ်သည်။ တနည်းအားဖြင့် စစ်ပညာရပ်များကို ကျနသေချာစွာ တတ်ကျွမ်းသူများသာလျှင် ဆောင်ရွက်နိုင်လေ့ရှိပါသည်။ မဂဒူသည် မုတ္တမမြို့စား အလိမ္မာကိုရန်သူ မိတ်ဆွေအတတ် မသိနိုင်သော်လည်းမိမိဘက်က သတိရှိ၍ ကြိုတင်သတင်းထောက်လှမ်း၍ မရသောအခါတွင်လည်း မည်ကဲ့သို့ သူလုပ်နိုင်သည်ကို ကြိုတင်ပြင်ဆင်၍ ဆောင်ရွက်ရပေမည်။

(စုံစမ်းဆင်ခြင်ပြီးမှ ပြုအပ်ခြင်း)။ စစ်တိုက်ရာတွင် စစ်ရေးသုံးသပ်ခြင်းသည် ဝိဒ္ဒဗျူဟာ ၏ သဘောပင် ဖြစ်သည်။ ကဏှဒီပါယန ဇာတ်တော်လည်း အောက်ပါအတိုင်းလာရှိပါသည်။

“နိသမ္မရာဇာကရိယာ၊ အနိသမ္မဒိ သမ္ပတိ၊ နိသမ္မ၊ ကာရီနောရာဇာ၊ ယသောကိတိÌဝဍ္ဎတိ”

“ဒိသမ္ပတိ၊ ၊ အရပ်မျက်နှာတို့၏ ဤရှင်ဖြစ်သော၊ ရာဇာမင်းသည်၊ နိသမ္မ၊ စုံစမ်းဆင်ခြင်၍၊ ကရိ
ယာ၊ ပြုရာ၏၊ အနိသမ္မ၊ မစုံစမ်း မဆင်ခြင်မူ၍၊ နကရိယာ၊ မပြုရာ၊ နိသမ္မကာ ရီနော၊ စုံစမ်းဆင်ခြင်မူ၍၊ ပြုလေ့ရှိသော၊ ရာဇာမင်းသည်၊ ယသောဝ၊ အခြေံအရံလည်းကောင်း၊ ကိတိ၊ အကျော် အစောလည်းကောင်း၊ ဝဍ္ဎတ၊ ပြန့်ပွား၏။ စစ်သဘောသည် သတိအမြဲရှိအပ်ပေသည်။ စစ်၏သဘောမှာ နိုင်လိုက်ပြီးဟု ပေါ့ပေါ့တန်တန် မနေရာ၊ နောက်ဆုံး အာရပ် အစ္စရေးစစ်ပွဲတွင် အစ္စရေးတို့ အားလပ်ရက်တွင် ပေါ့ပေါ့နေခဲ့၍ စစ်ဦးရှုံးခဲ့သည်ကို တွေ့နိုင်ပါသည်။ မြန်မာ့သမိုင်းတွင်လည်း ဘုရင်မင်းခေါင်သည် မင်းရဲကျော်စွာ၏ သင်္ချိုင်းရာကို ကြည့်မည်လာရာ ဒလမြို့စောင့် ဗညားရံ၊ ဗညား ဒလတို့လည်း အမှတ်မဲ့နေကြသည်။လှေခတ်သံကြားသော်လည်းပုသိမ် သားတို့လာသည်ဟု အမှတ်မပြုကြ။ သို့ဖြင့်ဘုရင်မင်းခေါင်ရောက်၍ဗညားရံ၊ ဗညားဒလတို့လက်လွတ် ထွက်ပြေးရသော ထုံးကို ထောက်ရာသည်

ဆောင်းပါးရှင် - မန်းရောဘတ် ဘဇန်

0 comments:

Post a Comment