Fans of Mahn Robert Ba Zan

ကရင်လက်နက်ကိုင် တပ်ပေါင်းစုံမှ ရဲဘော်များသို့ - အပိုင်း (၁၀)


ဒီအပတ် ဗမာ့စစ်ပညာထဲက ဗမာတပ်မတော်မှ ပေါ်လစီရေးဆွဲသူတွေ ကျင့်သုံးခဲ့တဲ့ စစ်နည်းဗျူဟာ (၂၉) ချက်ထဲက ကျန်တဲ့အပိုင်းတွေကို ဆက်လက်ဖေါ်ပြပါမယ်။ ရန်သူတွေ ဘာလုပ်တတ်သလဲ၊ ဘယ်လို လှည့်စားခဲ့သလဲ၊ ဘာတွေဆက်လုပ်နိုင်သလဲဆိုတာ သိရှိဖို့ ရန်သူထုတ် စာအုပ်စာတမ်းတွေ လေ့လာ သုံးသပ်နိုင်ဖို့လိုတယ်။ ကလောင်သွားဟာ ဓါးသွားထက် ထက်တာမို့ စာပေဗဟုသုတများကို ရဲဘော်တို့ ရှာဖွေချိန် မရတာကြောင့် စုစည်း ဖော်ပြပေးလိုက်ပါတယ်။ ရန်သူဟာ မိမိတို့ကို ဘယ်လိုဖြိုခွဲရမလဲ၊ ဘယ်လိုသတ်လျှိုရမလဲဆိုတာ အမြဲစဉ်းစားနေတယ်၊ ဒါကြောင့် သူတို့ လိုချင်တဲ့ဘောင်ထဲ သတ်ကွင်းထဲ မရောက်ဖို့နဲ့ မိမိတို့က လက်ဦးမှုရှိရှိ အလစ်အငိုက် ရရှိရန် လှုပ်ရှားနိုင်ဖို့ လေ့လာနိုင်ရန် ဖြစ်တယ်။



(၁၈)၊ မက္ကဗျူဟာ (ပင့်ကူစစ်)

အကွက်အကန့်၊ အတန့်တန့်လျှင်၊ ဆီးဟန့်ပိတ်ပင်၊ အတင်တင်တိ၊ ချည်မျှင်ရှုပ်ထွေး၊ ပင့်ကူမှေးသို့၊ စည်းဝေးပြဲ့ပြဲ့၊ ရွေ့ရွေ့ကဲ့လျက်၊ ပေါင်းဖွဲ့ထိုမျှ၊ တပ်ပုံချမူ၊ မက္ကဗျူဟာ (အတန့်တန့်၊ အကန့်အကွက်၊ အယှက်အတင်၊ ချည်မြှင်ရှုပ်ထွေး၊ ပင့်ကူမြှေးကဲ့သို့၊ စည်းဝေးပြဲ့ပြဲ့၊ တရွေ့ရွေ့ကဲ့ဝှက်ရုံးစု၍ တပ်ပုံပြုသည်)

အဓိပ္ပ္ပါယ်မှာ - ရန်သူသည် ပင့်ကူအိမ်တွင်မိသော ယင်ကောင်ကဲ့သို့ ပြန်လမ်းမရှိစေရန်၊ တပ်ချ ခင်းကျင်းထားသော စစ်မဟာဗျူဟာ ဖြစ်ပါသည်။ ခြေလှမ်းတိုင်း လှမ်းတိုင်း ရန်သူ့ သွေးမြေ ကျစေရမည် ဟူသော လက်သုံးစကားအတိုင်း စစ်ဖွဲ့စည်းမှု ပြုလုပ်ထားခြင်းပင် ဖြစ်ပါသည်။ သဘောမှာ ကွက်ပြည့်နှင်းသော သဘောပင် ဖြစ်ပါသည်။

(၂ဝ)။ စိရ ဗျူဟာ (ရေရှည်စစ်)

မြစ်သီတာသို့၊  ကုန်းမှာပိတ်ဆို့၊  အစို့စို့လျှင်၊  သူ့မြို့ပတ်လည်၊  သူ့ပြည်ရပ်ဝယ်၊ မြင့်ရှည်ကာလ၊ စောင့်နေကျမူ၊ စိရဗျူဟာ (သူ့မြို့ကို ကြည်း ရေ အထပ်ထပ်၊ ပတ်ပတ်ဝန်းရံ၊ စီမံခန့်ထား၊ အစားအစာ၏ လုံလောက်စွာဖြင့်၊ နှစ်ကာလရှည်၊ ကြံစည်တိုက်ခိုက်သည်)

(၂၁)။ ဟာသ ဗျူဟာ (စစ်ရွှင်)

တပ်တွင်ပါသား၊ များစွာဝန်းယှက်၊ တို့ရဲမက်ကို၊ စိတ်စက်ချမ်းသာ၊ ရွှင်လန်းစွာလျက်၊ ရိက္ခာဆန်ရေ၊ ဝပြောစေဟု၊ ရောက်လေသမျှ၊ ကံမစမူ၊ ဟာသဗျူဟာ၊ ရှုဘွယ်သာတိ (တပ်တွင်ပါသမျှ၊ သူရဲသူခက်၊ ရဲမက်ဗိုလ်ပါတို့၊ စိတ်နှလုံးရွှင်ပြုံး ချမ်းသာစွာရှိအောင်၊ ငါးပိ၊ ဆား၊ စပါးဆန်ရေ၊ ရွှေငွေမှစ၍ မစဖြန့်ဖြူးသည်)

အဓိပ္ပ္ပါယ်မှာ - စစ်သည်တို့အား စိတ်ဓါတ်မိမိဘက်က အမြဲတက်ကြွ၍ နေစေရန်နှင့် ရန်သူ့ဘက်က စိတ်ဓါတ် ကျဆင်းစေရန် ပွဲလမ်းသဘင် ဆင်ယင်ကျင်းပလျက် စစ်ရွှင်ကို အသုံးပြုရခြင်း ဖြစ်ပါသည်။

ဆောင်းပါးရှင်
မန်းရောဘတ် ဘဇန်


0 comments:

Post a Comment