Fans of Mahn Robert Ba Zan

ကရင်လက်နက်ကိုင် တပ်ပေါင်းစုံမှ ရဲဘော်များသို့ - အပိုင်း (၁၂)


(၂၅)။ သူရိယ ဗျူဟာ (နေမင်းစစ်)

မြင့်မိုရ်ခါးနှင့်၊ လမ်းဆိုင်သင့်သား၊ နေမင်းရောင်ချည်၊ ကျွန်းလေးမည်ကို၊ လှည့်လည်ဝင်းဝါ၊ အနှံ့ဖြာလျက်၊ ငယ်စွာသိခြင်း၊  ဝါးလုံးသွင်းသို့၊  ချင်းနင်းရှိန်ဝါ၊  မထွန်လာသို့၊ မသာခက်ခဲ၊ တပ်ကိုလွှဲ၍၊  စွမ်းရဲအန်ထောင်၊ နှံ့ပြားအောင်လျင်၊ ရွက်ဆောင်ပြင်းပြ၊ လိုက်လံ-ကမူ၊ သူရိယဗျူဟာ၊ မှည့်သညာဖြင့်၊ ဆရာမြတ်တို့၊ ခေါ်-ကမြို့၏၊ ဤသို့ထုံးတမ်း၊ ဗျူဟာကျမ်းကို၊ စွဲလမ်းစီရင်၊ မ-ကာတင်သည်၊ အောင်မြင်နေ-က ခက်ချင်းတည်း...

(နေမင်းသည် ကျွန်းကြီးလေးကျွန်း ကျွန်းငယ်နှစ်ထောင်တို့ကို အရောင်ဖြင့် ထွန်းလင်းနိုင်သော်လည်း ငယ်လှစွာသော ဝါးလုံးတွင်းတို့  အရောင်အဆင်း  မထွန်းလင်းနိုင်သကဲ့သို့ အရေးမသာ၍ အလုပ်အကြံခက်ခဲလျင် ခက်ခဲသောတပ်ကိုလွှဲ၍ သူရဲသူခက်တို့ရဲရင့်အောင် အနှံ့အပြား ရွက်ဆောင်ပြင်းပြ တိုက်ခိုက်ကြသည်)

အဓိပ္ပါယ်မှာ ရန်သူ၏ ပျော့ကွက် ဟာကွက်တို့ကို ပဌမတိုက်ခိုက်ပြီး ရန်သူအား အထီးကျန်စေပြီးမှ ခြေမှုန်းတိုက်ခိုက်သော မဟာဗျူဟာဖြစ်ပါသည်။



(၂၆)။ ဓညဗျူဟာ (လယ်ယာစစ်)

ရှေးဦးကောင်းလျင်၊ ယင်းတွင်သတ်မှတ်၊ ကောက်လတ်တသီး၊ ကောက်-ကီးတသင်း၊ လုပ်မည်ခင်းသော်၊ လယ်ကျင်းနိမ့်မြင့်၊ ပျိုးနုရင့်ကို၊  နှိုင်းချင့်မတူ၊ စိတ်စားယူ၍၊ တောင်သူစရိုက်၊ -ကဲစိုက်သို့၊ သိမ်းပိုက်မြော်မြင်၊ စစ်မှုတွင်လည်း၊ စစ်လျင်စစ်နှံ၊ စစ်ခံစစ်မ၊ စဉ်သင့်ချသည်၊ ဓညဗျူဟာ (တောင်သူ ယောက်ျားသည် ကောက်လျင် ကောက်လတ် ကောက်ကြီး၊ လယ်ကောလယ်ဝှမ်း၊ လယ်ချိုင့်များကို၊ ဆင်ခြင်၍ ပျိုးရင့်ပျုးနုအလျောက် ချင့်ချိန်စိုက်ပျိုးသကဲ့သို့ စစ်လက်၊ စစ်ရင်၊ စစ်နံ၊ စစ်ခံ၊ စစ်မ အနေအထား ကျကျ အစဉ်သင့်တပ်ချသည်) နှေးသင့်၊ လျင်သင့်၊ မနှေးမလျင် ပြုသင့်ခြင်း။ ထို့ကြောင့် စစ်ဟူသည် မည်သည့်အချိန်တွင် တိုက်ရမည်ကို မည်သည့်အခါတွင် မည်ကဲ့သို့ ပြုသင့်သည်ကို အောက်ပါအတိုင်း လာရှိသည်ကို တွေ့ရပါသည်။

ဂယော ဒန္ဓေ ကြာလေတရိ၊ တရတိရေစ ဒန္ဓေ တြိ။

သုက္ခပဏ္ဍဝံ အက္ကမ၊ အတံ္ထ ဘိဇ္ဇတိ အတ္တနော၊

ယော ဒန္ဓေ ကြာလေဒန္ဓ တြိ တရတိရေစ တရတိ၊

ရတ္တိ သသီဝ ဝိရာဇ၊ တဿတ္ထော ပရိ ပူရေတိ။

ယော အကြင်သူသည် ဒန္ဓေ ကြာလေ အနှေးပြုအပ်သောအခါနှိုက်၊ တရတိ  အလျင်ပြုတတ်၏၊  တရတိရေစ အလျင်ပြုအပ်သော ကာလနှိုက်လည်း၊ ဒန္ဓ တြိ၊ အနှေးပြုတတ်၏ သော၊ ထိုသူသည် သုက္ခပဏ္ဍဝံ သစ်ရွက်ခြောက်ကို၊  အက္ကမ၊   ခြေဖြင့်နင်း၍၊   ဘိဇ္ဇတိ ဣဝ၊  ဖျက်ဆီးသကဲ့သို့၊ အတ္တနော၊ အတ္တနော၊ မိမိ၏၊ အတံ္ထ အတံ္ထ၊ အကျိုးစီးပွားကို၊ ဘိဇ္ဇတိ၊ ဖျက်ဆီးတတ်၏၊ ယော၊ အကြင်သူသည်၊  ဒန္ဓကြာလေ၊  နှေးကောင်းသောအခါနှိုက်၊  ဒန္ဓတြိ၊  နှေး၏၊ တရတိရေစ၊ လျင်အပ်သည့်နှိုက်လည်း၊ တရတိ၊  လျင်၏၊ တဿ၊ ထိုသူ၏၊ အတ္ထော၊  အကျိုးစီးပွားသည်၊  ရတ္တိ၊ ညဥ့်၌၊  ဝိရာဇံ၊ တင့်တယ်သော ၊ သသီဝ၊ လကဲ့သို့၊  ပရိပူရေတိ၊  ပြည့်ရာ၏။

စစ်မတက်အပ်သော အချိန်အခါ။ ထိုေ-ကာင့် သုဓနုဇာတ်တော်ကြီးတွင် စစ်မတက်အပ်သော အချိန်တို့ကို အောက်ပါအတိုင်း ပြဆိုခဲ့ခြင်း ဖြစ်ပေသည်။ ဤသည်တို့သည် သူ့ခေတ် သူ့အခါနှင့်အညီ မှားသည်ဟု မဆိုနိုင်ပေ။

(၁)။ ဘုရင်မင်းမြတ်၏ ဇာတာခွင်နှိုက် စန်းယှဉ်နက္ခတ် သက်ပြတ်ဂြိုဟ်စားတို့ အသွားမညီခြင်း။
(၂)။ စပါး ဆန်ရေတို့ ငတ်မွတ်ခေါင်းပါးသောအခါ ဖြစ်ခြင်း။
(၃)။ ကြယ်လ တာရာတို့ အသွားမမှန်သောအခါ ဖြစ်ခြင်း။
(၄)။ မင်းမှုထမ်းစစ်သည်သူရဲတို့ တိုက်အားမရှိသောအခါ ဖြစ်ခြင်း။
(၅)။ အထိအရဖြစ်သော သစ်ပင်မှစ၍ ဆင်၊မြင်း၊ ရထား၊ ဘုရားဂူကျောင်းတို့ပျက်စီးခြင်း။

ဝန်ဇင်းမင်းရာဇာ၏စကား။ ဓညဗျူဟာ နှင့်ပါတ်သက်၍ ပညာရှိ ဘိုးရာဇာဟု ထင်ရှားသော ဝန်ဇင်း မင်းရာဇာကလည်း အောက်ပါအတိုင်း ဆိုခဲ့ကြောင်း တွေ့ရှိရပါသည်။ စစ်တို့သဘောသည် အင်အားနည်းသည် အင်အားများသည်မဆိုသာ၊ ကာလဒေသကို ထောက်ရှု၍ လုပ်ကြံရမည်ကိုအခါ မဟုတ်သည်နှိုက်  ချီတော်မူသောကြောင့်သာ အရေးမလှရှိရပါသည်။  နွားခြေရာကို အမှီရ၍ နှံစုတ်ငှက်ငယ် စွန်ရဲကို နိုင်လေသကဲ့သို့ မွန်မင်းအရေးလှ ခွင့်ရလေသည်။ မင်းလက်ဝဲသုန္ဒစကား။ မင်းလက်ဝဲသုန္ဒရသည် အောက်ပါအတိုင်း ပြဆိုခဲ့ပေသေးသည်။ စိစိကြပ်ကြပ်၊ သူကရပ်၍၊ တို့တပ်မလုံ၊ မစုံမလင်၊ မပြီးခင်ကို၊ လွှားတင်သူ့လူ၊ လှက်လှာမြှူလည်း၊ တို့လူစုရုံး၊ အလုံးညီညာ ၊ ရဲဝံ့စွာဟု၊  တပ်တာဗိုလ်ခြေ၊ မလိုက်စေနှင့်၊ သူ့ဗိုလ်သူ့ပါ၊ သူတို့မှာလျှင်၊ ညီညာကမြစ်၊ လန်းရွှင်သစ်၍၊ သူ့စစ်မျက်နှာ၊ ခွင့်ရေးသာမူ၊ ဆိုင်ရာရပ်နေ၊ မတိုက်စေနှင့်၊ သူကမမျှော်၊ မထွက်ပေါ်မူ၊ တပ်တော်ရောက်ချိန်၊ စစ်တက်ရှိန်ဟု၊ တပ်ဣနြေ္ဒ၊---မပျက်စေနှင့်။

ဆောင်းပါးရှင်
မန်းရောဘတ် ဘဇန်

0 comments:

Post a Comment